ဗဟုသုတ

“ပန်းကန်ပြားပျံတွေ ၊ ဂြိုလ်သားတွေနဲ့ ပတ်သတ်နေတဲ့ အမေရိကန်ပြည် နီဗားဒါးကန္တာရအတွင်းမှ Area 51 အကြောင်း “

အမေရိကန်ပြည်ထောင်စုအနောက်တောင်ဘက်မှာရှိတဲ့ရော့ချ်ဝဲမြို့လေးဟာတိတ်ဆိတ်ငြိမ်သက်ပြီးတချိန်ကလေတပ်အခြေစိုက်စခန်းမြို့လေးအဖြစ်လူသိများပါတယ်။

ဒါပေမယ့်၁၉၄၇ခုနှစ်အရောက်မှာမြို့ခံမွေးမြူရေးသမားတယောက်ကသူ့ခြံထဲအာကာသယာဥ်တစီးပျက်ကျခဲ့တယ်လို့သတင်းပို့ရာကနေကမ္ဘာကျော်မြို့လေးတမြို့ဖြစ်လာရပါတော့တယ်။ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက်အမေရိကန်စစ်တပ်ကဒီသတင်းဟုပ်မှန်ကြောင်းနဲ့အမျိုးအမည်မသိယာဥ်တစ်စီး ဖြစ်ကြောင်းအတည်ပြုပြောကြားပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့်နောက်တနေ့မှာတော့သူတို့ရှာဖွေတွေ့ရှိတာ ရာသီဥုတုတိုင်းတာရေးဘောလုံးတလုံးသာဖြစ်ကြောင်းပြနိပြောင်းပြောဆိုခဲ့ပါတယ်။သို့သော်လည်းမြို့ခံထုတ်သတင်းစာကနေ ဒီသတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်ပြီးတကမ္ဘာလုံးကိုရိုက်ခတ်ခဲ့ပါတယ်။ရော့ချ်ဝဲမြို့နာမည်နဲ့တွဲပီးပြင်ပကမ္ဘာမှဂြိုဟ်သားယာဥ်ဖြစ်ရပ်ဆန်းဟာယဥ်ကျေးမှုသင်္ကေတစကားလုံးတခုလိုပဲတကမ္ဘာလုံးမှလူသားများအားတွဲမှတ်မိစေပါတယ်။

ဒီသတင်းဟာမှန်ခဲ့တာဖြစ်လို့အမေရိကန်အစိုးရအနေနဲ့ အသေးစိတ်အတည်ပြုချက်ပေးရန် တောင်းဆိုခဲ့ပေမယ့်အပေါ်မှာပြောခဲ့သလိုဖြေရှင်းခြင်းမပြုသည့်အပြင်အမျိုးသားလုံခြုံရေးအက်ဥပဒေထုတ်ပြန်ပြီးပိတ်ပင်တားဆီးခဲ့ပါတယ်။အတည်ပြုမရတဲ့သတင်းတွေအရဂြိုဟ်သားတွေတောင်အရှင်ဖမ်း​ဆီးမိတယ်လို့ဆိုကြပါတယ်။

နောက်ပိုင်းအမေရိကန်ရဲ့အာကာသနည်းပညာနဲ့တကွအခြားနည်းပညာတွေပါအံ့မခန်းတိုးတက်လာတာတွေ့ရပါတယ်။ဧရိယာ၅၁လိုလျှို့ဝှက်စမ်းသပ်စခန်းတွေလည်းအသီးသီးပေါ်ပေါက်ခဲ့ပါတယ်။ရုရှားတွေမှာလည်း ဧရိယာ ၅၁ လို လျှို့ဝှက်စမ်းသပ်စခန်းတွေဆိုက်ဘေးရီးယားနယ်မှာတည်ဆောက်ကြတယ်လို့ယူဆထားကြပါတယ်။

ရုရှားတွေလပေါ်ကိုပစ်လွှတ်ခဲ့တဲ့ Lunar အာကာသယာဥ်တွေဟာ ဒီနေ့ထိကမ္ဘာပေါ်မှာ.အကြိမ်ကြိမ်စမ်းသပ်နေဆဲစက်ရုပ်နည်းပညာဖြစ်နေတာသိပ်အံ့သြဖို့ကောင်းပါတယ်။အဲဒါ ၁၉၆၀ခုနှစ်တွေမှာပါ။

သက္ကရာဇ် ၂၀၁၄ ခုနှစ်မှာ ပန်းကန်ပြားပျံ ပျက်ကျခဲ့တဲ့နေရာတဝိုက်ကနေ လူတယောက်က အံ့သြစရာကောင်းတဲ့ကျောက်တုံးလေးတလုံးကောက်ရခဲ့ပြီးဒီကျောက်တုံးလေးကိုအမျိုးမျိုးစမ်းသပ်တဲ့အခါမိမိတို့ကမ္ဘာမှာမရှိတဲ့ကျောက်တုံးအမျိုးအစားဖြစ်နေသလို ကမ္ဘာအနှံ့မှာရှိနေတဲ့ Crop Circle ပုံစံနဲ့လည်းလုံးဝတူညီနေတာတွေ့ရပါတယ်။

ဒီကျောက်တုံးလေးကိုတော့ Roswell Rock လို့လူသိများကြပါတယ်။ယနေ့အထိလျှို့ဝှက်စွာတည်ရှိနေပြီးသတင်းသမားများလည်းစောင့်ကြည့်လျှက်ရှိတဲ့Area 51 အကြောင်းကျတော်သိမိသလောက် အနည်းငယ်ပြောပြချင်ပါတယ်.။

Area 51 ဟာအမေရိကန်ပြည်ထောင်စု Las Vegas မြို့နဲ့ ၈၃ မိုင်အကွာ နီဗားဒါးပြည်နယ် တောင်ဘက်GroomLakeရေအိုင်ကမ်းစပ်မှာမေးတင်တည်ရှိပါတယ်အမေရိကန်လေတပ်အခြေစိုက်စခန်းတခုအဖြစ်ထင်ရှားပြီးလုံခြုံရေးထူထပ်စွာချထားတဲ့လုံးဝတားမြစ်ကန့်သတ်နယ်မြေဖြစ်ပြီးခွင့်မရှိဝင်ရောက်လာသူအားလုံးကိုအစစ်အဆေးမရှိပစ်သတ်ပိုင်ခွင့်ရှိပါတယ်။

အမေရိကန်အစိုးရလွှတ်တော်နှစ်ရပ်ရဲ့ အမတ်များပင်ဘာတွေစမ်းသပ်လို့ဘာတွေလုပ်မှန်းပင်သေသေချာချာမသိကြဘူးလို့သတင်းသမားများကပြောပါတယ်။တနိုင်ငံလုံးထိပ်ပိုင်းအစိုးရအဖွဲ့ဝင် အယောက်၂၀လောက်သာဘာတွေလုပ်နေမှန်းသိရှိကြပြီး အမေရိကန်အမေရိကန်ထောက်လှမ်းရေး NSA ကတိုက်ရိုက်ထိန်းချုပ်ချုပ်ကိုင်ထားပါတယ်။

စစ်ရေးစစ်ရာလျှို့ဝှက်ချက်စရွက်စာတမ်းတွေ သိမ်းဆည်းထးရှိသလိုအဆင့်မြင့်လေယာဥ်တွေစမ်းသပ်ပျံသန်းရာ နေရာလည်းဖြစ်ပါတယ်။Area 51 အမည်ကိုအဏုမြူအေဂျင်စီကော်မရှင်ကပေးထားတာဖြစ်ပါတယ်စစ်အေးကာလအတွင်းကနာမည်ကြီးသူလျှိုစပိုင်လေယာဥ်ဖြစ်တဲ့ Lockheed U-2 dragon,lady လေယာဥ်ပျံတွေထုတ်လုပ်ခဲ့တဲ့ U2 ပရိုဂရမ်တွေကနေယနေ့ကိုယ်ပျောက်လေယာဥ်တွေအားလုံးကို ဒီနေရာမှာစမ်းသပ်ပျံသန်းခဲ့ပါတယ်။

Area 51 ရဲ့အမှတ် 5511 လေတပ်ဖွဲ့ဟာထူးခြားပြီးလူတွေတွေးတောဖို့မဖြစ်နိုင်တဲ့ ယာဥ်ဆန်းတွေကိုမောင်းနှင်စမ်းသပ်ခဲ့ပါတယ်။Area51ကနေပေါက်ကြားထွက်လာတဲ့ဓာတ်ပုံတွေနဲ့သတင်းတွေကိုအမေရိကနိအစိုးရကငြင်းဆိုထားပေမယ့်၂၀၁၃ မှာတော့ နာဆာကရှိတယ်ဆိုတာကိုအတည်ပြုပြောကြားဝန်ခံခဲ့ပါတယ်။နောက်ဆုံးဖုံးကွယ်ထားလို့မရတဲ့ခေတ်ရောက်လာတာကြောင့်အမေရိကန်NASAကဝန်ခံခဲ့ပေမယ့်ဘာတွေစမ်းသပ်ခဲ့တယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာတော့ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပါဘူး။

ဒီနေ့အချိန်အထိarea51ဟာလည်းနီဗားဒါးသဲကန္တာရရဲ့ပူပြင်းတဲ့နေရောင်အောက်မှာပဟေဠိဆန်သောအဖြစ်အပျက်များနဲ့ဖုံးကွယ်ထားမှုများရှိနေပါသေးကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။

Aung Kxaing Zaw

Ref_Myanmar Military Observers