Local News

ပစ္စည်းတန်ဆာခထပ်ပေးရမှာစိုးရိမ်သောကြောင့် ဘောင်းဘီရှစ်ထည်နှင့်အတူ အင်္ကျီဆယ်ထည်ကို တစ်ခါတည်းဝတ်ဆင်ပြီး လေယာဉ်စီးဖို့ကြိုးစားခဲ့သည့်ကောင်လေး အဖမ်းခံခဲ့ရ

ခရီးသွားရာတွင် ပစ္စည်းတန်ဆာခထပ်ပေးရမှာစိုးရိမ်သောကြောင့် ဘောင်းဘီရှစ်ထည်နှင့်အတူ အင်္ကျီဆယ်ထည်ကို တစ်ခါတည်းဝတ်ဆင်ပြီး လေယာဉ်စီးဖို့ကြိုးစားခဲ့သည့်ကောင်လေး အဖမ်းခံခဲ့ရ

ခရီးတစ်ခုသွားရပြီဆိုပါက ပစ္စည်းများကို သယ်ယူသွားခဲ့ရပါက တန်ဆာခများစွာ ကုန်ကျနေခဲ့ရတာဖြစ်ပါတယ်။ ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ Ryan Hawney Williamsဆိုသည့် လူငယ်လေးတစ်ဦး၏ ပစ္စည်းတန်ဆာခ ထပ်မပေးရစေရန်အတွက် ကြိုးစားခဲ့ပုံဟာ အနည်းငယ်တော့ ရယ်စရာကောင်းနေခဲ့ပါတယ်။

ကောင်လေးဟာ အိုက်စလန်မှ အင်္ဂလန်နိုင်ငံသို့ ပြန်ရန်အတွက် လေယာဥ်လက်မှတ်ဖြတ်ခဲ့ပြီးနောက်တွင် တန်ဆာခအတွက် ငွေကြေးထပ်မံပေးဆောင်ရမှာ ကြောက်နေခဲ့ပါတယ်။ထို့ကြောင့် ကောင်လေးဟာ ဘောင်းဘီရှစ်ထည်နှင့် အင်္ကျီဆယ်ထည်တိတိကို ဝတ်ဆင်ပြီး လေယာဥ်ပေါ်တက်ဖို့ကြိုးစားခဲ့သည်။

ထိုအခါ လေယာဥ်ကွင်းလုံခြုံရေးများက ကောင်လေးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ကောင်လေးကတော့ သူ့မှာအပြစ်မရှိဘဲ အဖမ်းခံရသည်ဟု ဆိုနေခဲ့တာဖြစ်ပါတယ်။

Zawgyi





crd