Local News

တစ်ယောက်ကိုတစ်ယောက် မစွန့်လွတ်ရက်နိုင်အောင်ချစ်ကြတဲ့ မျက်မမြင်အဘိုး နဲ့ မသန်စွမ်းအဘွားအိုရဲ့အဖြစ်

တစ်ယောက်ကိုတစ်ယောက် မစွန့်လွတ်ရက်နိုင်အောင်ချစ်ကြတဲ့ မျက်မမြင်အဘိုး နဲ့ မသန်စွမ်းအဘွားအိုရဲ့အဖြစ်

လက်ထပ်တဲ့အချိန်မှာ တစ်သက်လုံးမခွဲတမ်း ၊သစ္စာမဖောက်တမ်း ချစ်ကြမယ်ဆိုတဲ့ ကတိမျိုးကအလွယ်တကူထားရှိခဲ့တာမဟုတ်မှန်း ဒီစုံတွဲက သက်သေပြလိုက်တာပါပဲ ။ တရုတ်နိုင်ငံမှာနေထိုင်တဲ့ မျက်မမြင်အဘိုး နဲ့ မသန်စွမ်းအဘွားတို့မှာ ဘဝကိုအရှုံးမပေးဘဲ ၊ အခက်အခဲတွေကြားထဲက ကြိုးစားပြီးရှင်သန်နေကြတာပါ ။ Cao အမည်ရှိတဲ့အမျိုးသားဟာ 1988 ခုနှစ်ကစပြီး မျက်စိအမြင်ကွယ်သွားခဲ့တာပါ ။

ဇနီးဖြစ်သူ Xu ကတော့ မတော်တဆမှုတစ်ခုကြောင့်လမ်းမလျှောက်နိုင်တော့ပါဘူး ။ဒါကြောင့် Cao ဟာ သွားတဲ့နေရာတိုင်းဇနီးဖြစ်သူကို ခြင်းတောင်ထဲထည့်သယ်ပြီး နေရာတိုင်းခေါ်သွားလေ့ရှိပါတယ် ။

တစ်ဖက်မှာတော့ Xu ဟာလည်း ခင်ပွန်းအတွက် လမ်းညွန်ဖြစ်ပေခဲ့ပါတယ် ။ ခင်ပွန်းဖြစ်သူ အခက်အခဲမရှိဘဲ လမ်းလျှောက်နိုင်အောင် ၊လဲမကျနိုင်အောင် လည်း Xu ဟာ တတ်စွမ်းသလောက်ကြိုးစားပေးနေလျက်ရှိပါတယ် ။ ဒါကြောင့် တစ်ယောက်အတွက် တစ်ယောက်အမြဲရှိပေးနေကြတဲ့ စုံတွဲလို့ပြောရမှာပါပဲ ။

Zawgyi




crd