ဗဟုသုတ

“ရေချိူးခန်းသုံး လျှပ်စစ်အပူပေး ရေနွေးအိုး ဓါတ်လိုက်ရခြင်း အကြောင်း”

သတိထားဆင်ခြင်စရာပါ.. အိမ်က ရေချိူးခန်းသုံး ရေပူစက်က ဓာတ်လိုက်နေပါသည်။ နှစ်ယောက်ဓာတ်လိုက်အပြီး အပြင်ဆရာ ခေါ်ရပါတော့သည်။

ရေနွေးအိုးထဲက ရေတွေမှတဆင့် ပိုက်ကထွက်လာသော ရေမှသည် ချိုးရေကန်ထဲအထိဓာတ်လိုက်ပါသည်။ အိုးအတွင်း အပူပေးသည့်ကွိုင်မှာ ရေဂျိုးစွဲ၍ ပေါက်နေပါပြီ။

၁၂ နှစ်ကြာသုံးခဲ့ပြီး အခုမှတခါ ပြင်ရခြင်းဖြစ်ပြီး အိုးဖင်ရှိအပေါက်မှတဆင့် ကွိုင်ကို ဖြုတ်ရပါသည်။ အိုးတွင်းမှ ထုံးဂျိုးများ အနည်များမှာ မြင်မကောင်းအောင် ထွက်ကျလာပါတော့သည်။ ကလေးလက်သီးဆုပ်လောက် ထုံးခဲက ၄ ခုလောက် ပါပါသည်။ ကျနော်တို့ မန္တလေးမှာ အများသုံးကြတဲ့ ရေပေးရေးက ရေများမှာ ထုံးဓာတ်များပါသည်။ ရေနွေးတည်သည့် ရေနွေးအိုးများ ထုံးဂျိူးတွေထူနေတာ မြင်ဘူးကြပါလိမ့်မည်။

ရေချိုးရင်း ဓာတ်လိုက်သေကြသူများသတင်းလဲ ဖတ်ဖူးကြပါလိမ့်မည်။ မန္တလေးက ရေပူစက်သုံးကြသူများ သတိထားဆင်ခြင်နိုင်ကြရန် တင်ပြလိုက်ရပါသည်။ (Moun Kyee)

storage water heater လျှပ်စစ်အပူပေးရေနွေးအိုး အကြောင်းသိကောင်းစရာ..

ရေနွေးအိုးထဲမှာ လျပ်စစ်ဓါတ်စီးတော့ electrolysis အသေးစားလေးဖြစ်ပေါ်ပါတယ်။ heater coil က cathode ဖြစ်သွားပြီး ဆရခဲချောင်းက anode ဖြစ်သွားပါတယ်။ sacrificial anode ကို စတေးခံ လျှပ်ကူးကြောင်းလို့ အမည်ပေးထားပါတယ်။

ရေအမျိုးအစားက ရေသွက်ဖြစ်လျှင် ဓါတ်ပြိုကွဲမှုနည်းပါးပြီး ကြာကြာခံပါသည်။ ရေစေး hard water ဖြစ်နေလျှင် ယခုကဲ့သို့ ထုံးဓါတ်သံဓာတ်များစွာပါလျှင် ဓါတ်ပြိုကွဲမှု မြောက်များစွာဖြစ်လာပြီး အဆိုပါထုံးသံစသည့်သတ္တုများက sacrifical anode တွင် လာစုပါတော့သည်။ anode ချောင်းမှာလည်း တဖြည်းဖြည်းစားသွားပီး တိုသွားပါလိမ့်မည်။

နောက်ဆုံးတွင် ရေနွေးအိုး၏ အခွံ body နှင့် heater ချောင်းတိုသည့် anode နှင့် cathode ဖြစ်လာပြီးလျှပ်ကာ insulator များပါ ပေါက်လာရင် လျှပ်စစ်ဓါတ်လိုက်ပါလိမ့်မည်။ ၄ နှစ်တခါလောက် စစ်ဆေးပြီး အဆိုပါ anode ချောင်းကို လဲပေးသင့်ပါက လဲပေးလိုက်ပါလျှင် ဓါတ်မလိုက်နိုင်တော့ပါ။

ရေနွေးအိုးထုတ်လုပ်သည့် Ariston showroom များတွင်စုံစမ်းဝယ်ယူနိုင်ပါသည်။ (Hlaing Bwa)