ဗဟုသုတ

“ရက်ပိုင်းအတွင်း အလိမ်ခံရပြီး မွဲပြာကျသွားနိုင်တဲ့ လူလိမ်အပလီကေးရှင်းများ”

လူလိမ်အပလီကေးရှင်းများကိုရှောင်ကြပါ။ အားလုံးကိုအသိပေးကြပါ။

ရက်ပိုင်းအတွင်းအလိမ်ခံရပြီးမွဲပြာကျသွားသူတွေမနည်းပါ။ တ…ရုတ်ပြည်ကလာတဲ့လူလိမ်ဂိုဏ်းကြီးတွေရဲ့လက်ချက်ပါ။

အခုတလောစင်ကာပူမှာရော မလေးရှားမှာပါ လူလိမ်အပလီကေးရှင်းတွေတွေ့ရပါတယ်။

ဒီအပလီကေးရှင်းတွေရဲ့ လိမ်ပုံကဒီလိုပါ။

အရင်ဆုံးအပလီကေးရှင်းကိုဒေါင်းပြီး သူတို့ဂရုကို ဝင်ရပါတယ်။ သူတို့ညွှန်တဲ့ဘောလုံးပွဲပွဲစဉ်တွေဝင်ပြီး ဂိုးအရေအတွက်ကို သူတို့အပလီကေးရှင်းမှာသွားကလစ်နှိပ်ရပါတယ်။

အဲ့လိုလုပ်ရင် ကော်မရှင်ကြေး % ငွေတစ်ခုရပါတယ်။ အစပိုင်းအပလီကေးရှင်းတစ်ခုက ကော်မရှင်ကြေး 2 % ပေးပါတယ်။

အဲ့ဒီမှာ တရုတ်ယွမ်ငွေ ၁၀၀၀ ကနေစပြီးငွေသွင်းခိုင်းပါတယ်။ငွေသွင်းတာများရင် ကော်မရှင်ကြေး % ရတာပိုများပါတယ်။

ဂိုဏ်းအကြီးစားအနေနဲ့မြန်မာစကားတတ်သူကိုပါ ဂရုထဲမှာထည့်ထားပြီး အယုံသွင်းပြီးလိမ်တာပါ။

နောက်ဆုံးငွေလည်းထုတ်မရ၊ အပလီကေးရှင်းလည်းဝင်မရ၊ အရင်ရက်ကခေါ်လို့ရတဲ့ဖုန်းနံပါတ်တွေခေါ်ကြည့်ရင်လည်း ခေါ်မရဖြစ်ကုန်ပါတယ်။

ဒီအကြောင်းကိုသတင်းစာမှာဖတ်ရတဲ့အပြင် ဒီနေ့ကျနော့်ကို ကိုယ်တိုင်ခံခဲ့ရသူမြန်မာတစ်ယောက်က သူများတွေမခံရအောင်ရေးပေးဖို့ စေတနာနဲ့ပြောလာပါတယ်။

အခုဘောလုံးပွဲအပလီကေးရှင်းတွေက အစပိုင်းမှာမျိုးစုံအယုံသွင်းပါတယ်။ ကော်မရှင်ကြေးတစ်ခုစရတော့ ဟုတ်ပြီဆိုပြီး ကိုယ်ရော၊ ကိုယ့်မိန်းမရော၊ မြန်မာပြည်ကမိသားစုကိုရော ဝင်ခိုင်းပါတော့တယ်။

အားလုံးကော်မရှင်ကြေးရလိုက်ငွေသွင်းလိုက်၊ ကော်မရှင်ကြေးရလိုက် လောဘထပ်တက်လာပြီးငွေထပ်သွင်းလိုက်နဲ့ #ပင်ပင်ပန်းပန်းရှာပြီးမစားရက်မသောက်ရက်စုထားတဲ့ စုငွေတွေပါပါကုန်တာပါ။

လေးရှား၊ စင်ကာပူ၊ ထိုင်းစတဲ့နိုင်ငံတွေက မြန်မာလုပ်သားတွေ #ဒီလိုခံရတာမနည်းပါ။ လူထောင်ပေါင်းများစွာပါ။

အိမ်ကိုပြန်မပြောရဲတဲ့သူတွေ၊ ရှက်လို့ထုတ်မပြောသူတွေလည်းမနည်းပါ။

မပေါ့ကြပါနဲ့။ အခုမြန်မာတွေအလိမ်ခံထားရတဲ့ပမာဏတင်သိန်းသောင်းချီပါတယ်။

ကြိုတင်ရှောင်ရှားနိုင်ရန်သတိပေးကြပါ။

Richard Myo Thant