Cele News

မင်္ဂလာဦးအလှူအနေနဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ ကလေးတွေအတွက် လိုအပ်တာတွေ သွားရောက်လှူဒါန်းခဲ့တဲ့ Apple

ပရိသတ်ကြီးရေ Apple ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ Apple ကတော့ မကြာသေးမီအချိန်က သူ့ရဲ့ ချစ်သူလေးနဲ့ ရွှေလက်တွဲကာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရှင်ဘဝကို တည်ဆောက်ထားခဲ့ပါတယ်။

နေနဲ့လ ရွှေနဲ့ မြလို လိုက်ဖက်ညီလွန်းလှတဲ့ Apple တို့ စုံတွဲလေးက ပရိသတ်တွေရဲ့ စုံတွဲလိုက်ချစ်ခင်မှုကို ရရှိပိုင်ဆိုင်ထားခဲ့ပါသေးတယ်။ ဒီနေ့ ဇန်နဝါရီလ (၂၂)ရက်နေ့မှာတော့ Apple တို့ စုံတွဲလေးက သူတို့ရဲ့ မင်္ဂလာဦးအလှူအနေနဲ့ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများ ဂေဟာမှာအလှူသွားရောက်ပြုလုပ်ခဲ့ပါတယ်၊

ပရိသတ်ကြီးရေ.. Apple တို့ စုံတွဲလေးကတော့ ကလေးတွေအတွက် လိုအပ်တဲ့ ကလေးအသုံးဆောင်ပစ္စည်းတွေ တန်ဖိုးငွေ (၃)သိန်းဖိုးကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်ကြီးရေ Apple တို့ စုံတွဲလေးရဲ့ မင်္ဂလာဦးအလှူလေးကို CeleZone ပရိသတ်တွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ Chilli – CeleZone

-Zawgyi Font ဖြင့်ဖတ်ရန်-







Crd