ဗဟုသုတ

မနာလိုမုန်းတီး ရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း

အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ။ ကိုယ်ကတော့ ကျောက်ခဲလေးနဲ့ပြုလုပ်ပါတယ်။လုပ်ကြည့်စေချင်ပါတယ်နော်။လက်တွေ့နည်းကောင်းတစ်ခုပေးပါမယ်။

အကယ်၍ စိတ်အာရုံညွှတ်ပြီး မေတ္တာပို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ရန်မူနေခြင်းကိစ္စ အမြန်ပြေအေးသွားမည်။ မထင်ရလျှင် ရေမေတ္တာပို့ယူပါ။

နည်းမှာ မိမိအလိုရှိသူကိုရည်မှတ်၍ သန့်ရှင်းသောရေဖန်ခွက် တစ်ခုတွင် ကျောက်ခဲကလေးတစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေ စိမ်ထားပါ။

သူ၏စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှိုက် လှဲလှဲ မေတ္တာပို့လွှတ်နေပါ။ “သူ့စိတ် ပူဆာနေခြင်း အေ းချမ်းသွားဖို့ ငါရေစိမ်ထားပြီ” ဟူ၍ မိမိစိတ်ကိုလည်း ရှင်းရှင်း ထားနေပါ၊ ပူပန်သောကဝင်၍ လှုပ်ရှားနေ၍မရပါ။

သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူစိတ်ကြည် လင်သွားပြီ၊ သူငါ့ကို ရန်မူချင်စိတ် ပျောက်လွင့်သွားပြီ” ဟု မိမိစိတ်က သိနေပါ။

တကယ်ချမ်းသာစေလိုသော စိတ်ရင်းစေတနာထား၍ ပေးနေပါ။ ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင်မူ ပြောင်းလာပုံတွေ့ရမည်။ သူ၏စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသော စိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူ၏ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။

တဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်လာမည်။ ဆက် လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ချစ်ခင်စိတ်ရောက်ခဲ့လျှင် မိမိကိုမြတ်နိုးဖွယ်ရာအဖြစ် ကြည်နူး ဝမ်းသာ စိတ်ဝင်လာပြီး တောင်းပန်လာလိမ့်မည်။

ထို့နောက် သူပြောမှား, ဆိုမှားရှိသမျှ ဝန်ချအကယ်၍ လူကိုယ်တိုင်လာရောက် ဝန်ချ တောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်ဆက်လက်၍ ရန်မူနေခြင်း ပြုတော့မည် မဟုတ်ပါ။

မီးကို ရေနှင့်လုံလောက်အောင် ပက်ဖျန်းထားလိုက်သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွားလိမ့် မည်။ တနည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်သွားပုံကို တွေ့မြင်ရလိမ့်မည်။

ဤဖော်ပြပါတို့သည် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်းများတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏။ လုပ်ငန်းကိစ္စတစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု၊ နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက်သူကို ဖြစ်စေ။

ဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာ လိုက်နာကျင့်သုံးပါ။ လုပ်ဆောင်ပါ။ မိမိမေတ္တာစိတ်ဓာတ် ခိုင်မြဲသောစွမ်းအင်ကြောင့် အံ့ဩဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။

မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌ အောင်နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။ အိမ်မှ စိတ် ကောက်ပြီးထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက်လာပါလိမ့်မည်။

ရဟန်းစသော သူတော်ကောင်းပုဂ္ဂိုလ်တို့မည်သည် မေတ္တာတရားကိုစိတ်နှလုံးသား၌အမြဲကိန်းအောင်းနေစေရ၏။တစ်ခါတရံ၌ လောကဓံတစ်စုံတစ်ခုကြုံတွေ့ရလျှင် ငါသည် လူယုတ်မာမဟုတ်၊ တရားနှင့် ပျော်မွေ့နေသူတည်း။

စိတ်ထားဖြောင့်တော့အလုပ်ဖြောင့်၏။ အလုပ်ဖြောင့်တော့ အကျိုးဖြောင့်၏။

(တောင်တန်းသာသနာပြုဆရာတော် ရေမေတ္တာပွားနည်းမှ Mini Monk မျှဝေတင်ဆက်ပါသည်။ မေတ္တာနှလုံး ကိုယ်စီသုံး ကျင့်သုံးနိုင်ကြပါစေ)

Credit

(Zawgyi)

မနာလိုမုန်းတီး ရန်မူနေသူများကို ရိုးရိုးမေတ္တာပို့ဖြင့် မထိရောက်လျှင် ရေဖြင့် မေတ္တာပို့နည်း

အလုပ်လဲမများ လွယ်လဲကူသော ရေမေတ္တာပို့နည်းပါ။ ကိုယ်ကတော့ကျောက်ခဲလေးနဲ့ ပြုလုပ်ပါတယ်။လုပ်ကြည့်စေချင်ပါတယ်နော်။လက်တွေ့နည်းကောင်းတစ်ခုပေးပါမယ်။

အကယ်၍ စိတ်အာရုံညွှတ်ပြီး မေတ္တာပို့ပေးနေရုံသက်သက်ဖြင့် ထိုသူ၏ရန်မူနေခြင်းကိစ္စ အမြန်ပြေအေးသွားမည်။ မထင်ရလျှင် ရေမေတ္တာပို့ယူပါ။

နည်းမှာ မိမိအလိုရှိသူကို ရည်မှတ်၍ သန့်ရှင်းသော ရေဖန်ခွက်တစ်ခုတွင် ကျောက်ခဲကလေး တစ်ခုဖြစ်စေ၊ တုတ်ချောင်းကလေး တစ်ခုဖြစ်စေ စိမ်ထားပါ။

သူ၏ စိတ်နှလုံး ရေကဲ့သို့ အေးချမ်းသွားပါစေဟူ၍ လှိုက်လှိုက်လှဲလှဲ မေတ္တာပို့လွှတ်နေပါ။ “သူ့စိတ် ပူဆာနေခြင်း အေးချမ်းသွားဖို့ ငါရေစိမ်ထားပြီ” ဟူ၍ မိမိစိတ်ကိုလည်း ရှင်းရှင်း ထားနေပါ၊ ပူပန်သောကဝင်၍ လှုပ်ရှားနေ၍မရပါ။

သူ့ကို ငါ ဒုက္ခမရောက်စေလိုပါ၊ ငါလည်း စိတ်ချမ်းသာ၊ သူလည်း စိတ်ချမ်းသာ နေမြဲတိုင်းဖြစ်စေရန် သူ့ကို ရေခွက်ထဲ ချစိမ်ထားလိုက်ပြီ။ ယုံကြည်စွာ သူ စိတ်အေးသွားပြီ၊ သူစိတ်ကြည်လင်သွားပြီ၊ သူငါ့ကို ရန်မူချင်စိတ် ပျောက်လွင့်သွားပြီ” ဟု မိမိစိတ်က သိနေပါ။

တကယ်ချမ်းသာစေလိုသော စိတ်ရင်းစေတနာထား၍ ပေးနေပါ။ ထိုသူ၏ စိတ်သည် ထိုအချိန်ပိုင်းတွင်မူ ပြောင်းလာပုံတွေ့ရမည်။ သူ၏စိတ်ထဲတွင် မိမိက ပို့လွှတ်ပေးနေသော စိတ်တန်ခိုးကြောင့် ပူဆာဆူပွက်နေခဲ့ပြီးသော သူ၏ဒေါသစိတ်များ တဖြည်းဖြည်း ပြေအေးသွားလိမ့်မည်။

တဆက်တည်းမှာပင် မိမိအပေါ် သနားစိတ်ဝင်လာမည်။ ဆက်လက်၍ ချစ်ခင်စိတ် ပြောင်းဝင်လာလိမ့်မည်။ ချစ်ခင်စိတ်ရောက်ခဲ့လျှင် မိမိကိုမြတ်နိုးဖွယ်ရာအဖြစ် ကြည်နူး ဝမ်းသာ စိတ်ဝင်လာပြီး တောင်းပန်လာလိမ့်မည်။

ထို့နောက် သူပြောမှား, ဆိုမှားရှိသမျှ ဝန်ချအကယ်၍ လူကိုယ်တိုင်လာရောက် ဝန်ချ တောင်းပန်ခြင်း မပြုသော်လည်း မိမိအပေါ်ဆက်လက်၍ ရန်မူနေခြင်း ပြုတော့မည် မဟုတ်ပါ။

မီးကို ရေနှင့်လုံလောက်အောင် ပက်ဖျန်းထားလိုက်သကဲ့သို့ ကိစ္စပြီး အေးငြိမ်းသွားလိမ့် မည်။ တနည်းအားဖြင့် ထိုသူ အခြားသို့ ရှောင်ထွက်သွားပုံကို တွေ့မြင်ရလိမ့်မည်။

ဤဖော်ပြပါတို့သည် လူ့လောက၌ တွေ့ကြုံလေ့ရှိခြင်းများတတ်သောကြောင့် ပြည့်စုံအောင် ညွှန်ကြားပေးရ၏။ လုပ်ငန်းကိစ္စတစ်ခုခု၌ တွေ့ကြုံရသော အဆင်မပြေမှု၊ နှောင့်ယှက်မှု အကြောင်းခံသော နှောင့်ယှက်သူကိုဖြစ်စေ၊ နေထိုင်ရေး၊ စားသောက်ရေး စသောကိစ္စမျိုး၌ တွေ့ကြုံလာရသော နှောင့်ယှက်သူကို ဖြစ်စေ။

ဘယ်နေရာမဆို တွေ့ကြုံလေသမျှ ဤညွှန်ကြားချက်နည်းအတိုင်းသာ လိုက်နာကျင့်သုံးပါ။ လုပ်ဆောင်ပါ။ မိမိမေတ္တာစိတ်ဓာတ် ခိုင်မြဲသောစွမ်းအင်ကြောင့် အံ့ဩဖွယ်ရာ ကြည်လင် အေးမြခြင်းအဖြစ်ကို တွေ့မြင်လာရမည်။

မေတ္တာစိတ် လက်ကိုင်ထားသူသည် နောက်ဆုံး၌ အောင်နိုင်မှု ရယူမည်ဖြစ်ကြောင်း ညွှန်ကြားပါသည်။ အိမ်မှ စိတ် ကောက်ပြီးထွက်သွားသူကိုလည်း ဤနည်းအတိုင်း လုပ်ဆောင်ပါ။ ပြန်ရောက်လာပါလိမ့်မည်။

ရဟန်းစသော သူတော်ကောင်းပုဂ္ဂိုလ်တို့မည်သည် မေတ္တာတရားကို စိတ်နှလုံးသား၌အမြဲကိန်းအောင်းနေစေရ၏။တစ်ခါတရံ၌လောကဓံတစ်စုံတစ်ခုကြုံတွေ့ရလျှင် ငါသည် လူယုတ်မာမဟုတ်၊ တရားနှင့် ပျော်မွေ့နေသူတည်း။