ဗဟုသုတ

လမ်းသွားလမ်းလာတွေအတွက် ရေချမ်းစင်လေးနှင့်အတူဗိုက်ဆာရင်စားဖို့ ငှက်ပျောခိုင်လေးပါရှိနေတဲ့နေရာ

လမ်းသွားလမ်းလာတွေအတွက် ရေချမ်းစင်လေးနှင့်အတူဗိုက်ဆာရင်စားဖို့ ငှက်ပျောခိုင်လေးပါရှိနေတဲ့နေရာ

မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဓါတရား အရမ်းကို ထက်သန်ကြတဲ့သူတွေဖြစ်ကြပါတယ်။ အလှူရေစက်လက်နှင့်မကွာပြုလုပ်တတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ အလှူလေးတွေထဲမှာ ရေချမ်းစင် အလှူလေးလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

လမ်းသွားလမ်းလာတွေအမောပြေ သောက်ဖို့ရာ စေတနာ သဒ္ဓါတရား ထက်သန်စွာပြုလုပ်ပေးထားတဲ့ရေချမ်းစင်ကုသိုလ်လေးတွေထဲမှာအခုတစ်ခေါက် ဖော်ပြပေးမယ့် ရေချမ်းစင်လေးကလည်း တော်တော်ကို ကြည်နူးစရာကောင်းလှပါတယ်။ဒီရေချမ်းစင်လေးကို လမ်းသွားလမ်းလာ တစ်ယောက်က တွေ့ရင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာပဲ ဖြစ်ပါတယ်။

ရေချမ်းစင်လေးရဲ့ တည်နေရာက စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာ ကြားကနေရာလေးမှာတည်ရှိပါတယ်။ ရေချမ်းစင်လေးမှာ အမြဲမပျက် ငှက်ပျောခိုင်လေး ချိတ်ထားပြီး ဗိုက်ဆာနေသောခရီးသွားများ ဆာလောင်မှုသက်သာစေရန်ရည်ရွယ်ချက်ဖြင့် အလှူရှင်ကကုသိုလ်လေးပြုလုပ်ထားတာဖြစ်ပါတယ်။

ရေချမ်းစင်လေးအပြင်ငှက်ပျောခိုင်လေးကလည်းစဉ်ဆက်မပျက်တည်ရှိနေတာကြောင့်လမ်းသွားလမ်းလာခရီးသွားများမောမောနဲ့လာရင် အမောပြေရေအေးအေးလေးသောက် ငှက်ပျောသီးလေး ဖြုတ်စားနဲ့ တော်တော်လေးကို အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်။ အလှူရှင်ရဲ့ စေတနာတွေကို မြင်တွေ့ရတဲ့ရေချမ်းစင်လေးပါ။ ကြုံကြိုက်လို့များ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာကြားက ရေချမ်းစင်နေရာလေးကို ရောက်ခဲ့ရင် အလှူရှင်ရဲ့ ပါရမီကို ဖြည့်ပေးရလေအောင် ရေအေးလေးနှင့် ငှက်ပျောသီးလေး ဝင်ရောက်သုံးဆောင်ခဲ့ကြပါဦးနော် ။

ZAWGYI

လမ်းသွားလမ်းလာတွေအတွက် ရေချမ်းစင်လေးနှင့်အတူဗိုက်ဆာရင်စားဖို့ ငှက်ပျောခိုင်လေးပါရှိနေတဲ့နေရာ

မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဓါတရား အရမ်းကို ထက်သန်ကြတဲ့သူတွေဖြစ်ကြပါတယ်။ အလှူရေစက်လက်နှင့်မကွာပြုလုပ်တတ်ကြတဲ့ မြန်မာလူမျိုးတွေရဲ့ အလှူလေးတွေထဲမှာ ရေချမ်းစင် အလှူလေးလည်း တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။

လမ်းသွားလမ်းလာတွေအမောပြေ သောက်ဖို့ရာ စေတနာ သဒ္ဓါတရား ထက်သန်စွာပြုလုပ်ပေးထားတဲ့ရေချမ်းစင်ကုသိုလ်လေးတွေထဲမှာအခုတစ်ခေါက် ဖော်ပြပေးမယ့် ရေချမ်းစင်လေးကလည်း တော်တော်ကိုကြည်နူးစရာကောင်းလှပါတယ်။ဒီရေချမ်းစင်လေးကိုလမ်းသွားလမ်းလာတစ်ယောက်ကတွေ့ရင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်ထားတာပဲ ဖြစ်ပါတယ်။

ရေချမ်းစင်လေးရဲ့ တည်နေရာက စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့် ဟောင်နွဲရွာ ကြားကနေရာလေးမှာ တည်ရှိပါတယ်။ရေချမ်းစင်လေးမှာ အမြဲမပျက် ငှက်ပျောခိုင်လေး ချိတ်ထားပြီး ဗိုက်ဆာနေသောခရီးသွားများ ဆာလောင်မှုသက်သာစေရန်ရည်ရွယ်ချက်ဖြင့် အလှူရှင်ကကုသိုလ်လေးပြုလုပ်ထားတာဖြစ်ပါတယ်။

ရေချမ်းစင်လေးအပြင်ငှက်ပျောခိုင်လေးကလည်းစဉ်ဆက်မပျက်တည်ရှိနေတာကြောင့်လမ်းသွားလမ်းလာခရီးသွားများ မောမောနဲ့လာရင်အမောပြေရေအေးအေးလေးသောက် ငှက်ပျောသီးလေး ဖြုတ်စားနဲ့ တော်တော်လေးကို အဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်။ အလှူရှင်ရဲ့စေတနာတွေကို မြင်တွေ့ရတဲ့ ရေချမ်းစင်လေးပါ။ ကြုံကြိုက်လို့များ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးဝမြို့နယ် ၊ ခေါမရွာနှင့်ဟောင်နွဲရွာကြားကရေချမ်းစင်နေရာလေးကိုရောက်ခဲ့ရင် အလှူရှင်ရဲ့ပါရမီကို ဖြည့်ပေးရလေအောင် ရေအေးလေးနှင့် ငှက်ပျောသီးလေး ဝင်ရောက်သုံးဆောင်ခဲ့ကြပါဦးနော် ။

crd