Uncategorized

သစ်တို့၏ဘုရင် “သစ်မင်း၏ အစွမ်းထက်ပုံ”

သစ်တို့၏ဘုရင် “သစ်မင်း၏ အစွမ်းထက်ပုံ” သစ်တို့ရဲ့ဘုရင်မို့ ရရှိသူတွေ သိမ်းဆည်းကြပါတယ်။ တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး မကောင်းတဲ့ သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး သစ်စုန်းတွေကို နိုင်တယ်ဆိုတာကို ယုံလို့ ဆောင်ထားတတ်ကြပါတယ်။ အချို့လည်း အိမ်မှာ စိုက်ပျိုးကြပါတယ်။ဆေးအသုံးအဖြစ် ဗိုက်အောင့် ဗိုက်နာလေထိုးလေအောင့်ဖြစ်ပါက နနွင်းမှုန့်၊ ဆား၊သစ်မင်းခေါက်ကိုသွေးလိမ်းပေးပါက သက်သာပျောက်ကင်းပါသည်။ အချို့ အနာ ပြည်တည် ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီး အုံခြင်း ပြုပါက အမြန်ပင် ပြည်ထွက်ပြီး အသားနုတက်ပါသည်။

သစ်မင်း ဘယ်လို အသုံးပြုတာလဲဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေရှင်ပညာဒီပကို မေးလျှောက်မိတော့..ဒကာတဲ့ ဒုတ္ထာရေထဲ ဆားအနည်းငယ် ထည့်ပြီး သစ်မင်းကို ၁ နာရီ စိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ်လို့ မိန့်ပါတယ်။ဒုတ္ထာရေနဲ့ စိမ်ပြီးတဲ့သစ်မင်းကို ကျောက်ပျဉ်မှာ ရေကျဲကျဲနဲ့ များများလေး သွေးပြီး သစ်နဲ့ ပတ်သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊ အဆောက်အဦး တွေကို မကြာခဏ ပက်ဖျန်းခြင်း ပြုကြတယ်ဆိုတာကို မိန့်ပါတယ်။ ယုံသူတို့ လိုသလို ဆောင်ရွက်နိုင်စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။

ဂုဏ်တော် (၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။မနောမယဂျာနယ်မှာသစ်တို့အရှင်သစ်မင်းသခင်စာမူရေးခဲ့ပြီး ဖြစ်ပါတယ်..ရဲမျိုးသူ ဗောဓိမြိုင် သစ်‌ဆိုး ဝါးဆိုး‌တွေကို နိုင်‌နှင်းတယ်‌လို့ ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ။ သစ်‌ဝါး‌တွေဆိုတာကလည်း ‌တောမှာ‌ ပေါက်‌ကြတယ်‌။ အချို့သစ်‌ဝါး‌တွေက အန္တရာယ်‌ ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့ အရိပ်‌အ‌ငွေ့‌တွေ ပါလာတတ်‌ကြပါတယ်‌။ အဲလို သစ်‌ဝါးမျိုးနဲ့ ‌ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌နေကြသူများအတွက်‌ မ‌ကောင်းတော့ပါဘူး။ ပြဿနာဖြစ်‌တာ များလာပါတယ်‌။ သတိပြုမိရင်‌ ညည‌ တောက်‌‌ခေါက်‌သံလိုမျိုး ကြားရတတ်‌ပါတယ်‌။ ဒါက တကယ်‌ပါ။ လက်‌သမား‌တွေ သိကြပါတယ်‌။

ကဲ ဒီအခါ ဘယ်‌သစ်‌ဝါးက မ‌ကောင်းဆိုးဝါးသ‌ဘော ပါ‌နေတာလဲ။ ဘယ်‌လိုသိမလဲ။သစ်‌‌ခြောက်‌လို့လည်းခေါ်တယ်‌‌။ အဲလို‌တောက်‌ခေါက်‌တဲ့ သစ်‌ဝါးဆိုရင်‌‌လေ။ ဘယ်‌‌နေရာမှာ သုံးမိမှန်း မသိ‌တော့ ဘယ်‌လို ဖယ်‌မလဲ။ ‌နေရာသိရင်‌‌တောင်‌ ပရိ‌ဘောဂကို ဖျက်‌ဆီးပြီး အသစ်‌လုပ်‌ရမှာ‌နော်‌။ အဲလိုဆို ကုန်‌ကျစားရိတ်‌‌တွေ များ‌တော့မယ်‌။ အသစ်‌လုပ်‌ရင်‌‌တောင်‌ သစ်‌ဝါးအပိုင်းတင်‌ မပြီးဘူး ။ တိုက်‌‌တွေဆိုရင်‌ ပန်းရံကိစ္စ‌တွေ ဒက်‌ခ‌ရေးရှင်းအပိုင်းတွေထိ ပြန်‌ကုန်‌ရ‌တော့မယ်‌။သစ်‌‌ခြောက်‌ကို နိုင်‌တာ အခုပုံပါ သစ်‌မင်းပါပဲ။ ‌

တောက်‌‌ခေါက်‌သံ ကြားရတဲ့‌ နေရာမှာ သစ်‌မင်းကို သပ်‌သ‌ဘောမျိုး ရိုက်‌လိုက်‌ရင်‌ ပြီးပါတယ်‌။ အကယ်‌လို့ ‌သေချာချင်‌ရင်‌ ‌တောက်‌‌ခေါက်‌သံကြားကြား မကြားကြား အိမ်‌ရဲ့ ‌လေးဖက်‌‌လေးတန်‌မှာ သစ်‌မင်းအသားစ‌လေး‌တွေကိုသပ်‌ရိုက်‌ခဲ့ရင်‌ ရပါတယ်‌။တောက်‌‌ခေါက်‌သံဆိုလို့ လူ‌တောက်‌‌ခေါက်‌သလိုမျိုး မဟုတ်‌ဘူး‌နော်‌။ အိမ်‌‌မြောင်‌စုတ်‌ထိုးသလိုမျိုး သ‌ဘောဆင်‌ပါတယ်‌။

သစ်‌မင်းက အ‌ခေါက်‌ပိုင်းမှာ ပုံပါအတိုင်းကွင်းချိတ်‌က‌လေး‌တွေဆက်‌‌နေပါတယ်‌။ဒါ‌တွေကဘုရား‌ဟောမဟုတ်‌ပါဘူး။ဘုရား‌ဟောမဟုတ်‌လို့ ငါတို့‌တော့ ပယ်‌မယ်‌ ဆိုသူ‌တွေ အတွက်‌က‌တော့ ရှင်းပြဖို့ မရှိပါဘူး။ သို့‌သော်‌ ဘုရား‌ဟော မဟုတ်‌လို့ ပယ်‌ပြီး‌တော့ ‌လောကီနယ်‌အတွင်းမှာ‌နေကြသူ‌တွေ အဖို့ရာ အလွန်‌တရာမှ အန္တရာယ် များလှပါတယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့ သစ်‌‌ခြောက်‌မှာ အစွဲရှိ‌နေတဲ့ ကမ္မစိဒ္ဓိရှင်‌က မ‌ကောင်းရာ မ‌ကောင်းကြောင်းလုပ်‌ဖို့ အိမ်‌ရှင်‌‌နေရာကို တကယ့်အိမ်‌ရှင် ‌မ‌နေ‌သေးခင်‌ကတည်းက ဦးသွားလို့ပါပဲ။

တစ်‌ခု‌တော့ ရှိတာ‌ပေါ့။ အခြားသမာဓိ အား‌ကောင်းသူသမထသမားဖြစ်‌‌စေ၊သမထမလုပ်‌‌သော်‌လည်းဝိပဿနာသ‌ဘောအသိအား‌ကောင်းသူတရားရှင်‌ ဖြစ်‌‌စေ‌ပေါ့။ ထိုသူ တစ်‌ဦးတစ်‌‌ယောက်‌ရဲ့ အရှိန်‌အဝါ‌ကြောင့်လည်း သစ်‌‌ခြောက်‌မှာ စွဲ‌နေတဲ့ ကမ္မစိဒ္ဓိသ‌ဘောကို ဖျက်‌စီးနိုင်‌ပါတယ်‌။ ဒါမျိုးကလည်း ကြုံဦးမှ‌လေ။ ‌သေချာတာက‌တော့ ‌တောက်‌‌ခေါက်‌သံ ကြားကြား မကြားကြား သစ်‌မင်းကို အိမ်‌သစ်‌ အိမ်‌‌ဟောင်းမ‌ရွေး ညှပ်‌ထည့်ပေးလိုက်‌ရင်‌ ရပါပြီ။

ဒါ့အပြင် သစ်‌မင်းဟာ ပ‌ယောဂဖြစ်‌သူကို ဖြစ်‌တဲ့‌နေရာမှာ ထိ‌တွေ့ထားရင်‌ ကာယကံရှင်‌ဟာ သိတတ်‌သူဆိုရင်‌ ခန္ဓာကိုယ်‌က‌နေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်‌‌တွေ အ‌နှေးနဲ့အမြန်‌ ထွက်‌တာကို သိပါလိမ့်မယ်‌။ ဒါက‌တော့ ကျွန်‌‌တော်‌ စမ်းကြည့်ဖူးတာကို‌ ပြောပြတာပါ။ ဖြစ်‌တဲ့‌နေရာ မသိရင်‌ ဦး‌ခေါင်းနဲ့ ဝမ်းဗိုက်‌‌ပေါ် တင်‌ပါတယ်‌။

ZAWGYI

သစ်တို့၏ဘုရင် “သစ်မင်း၏ အစွမ်းထက်ပုံ” သစ်တို့ရဲ့ဘုရင်မို့ ရရှိသူတွေ သိမ်းဆည်းကြပါတယ်။ တောတောင်ကြီးတွေမှာသာ ပေါက်တတ်ပြီး မကောင်းတဲ့ သစ်ဆိုး၊ သစ်တောက် သစ်မျက်များနဲ့ သစ်ဘီလူး သစ်စုန်းတွေကို နိုင်တယ် ဆိုတာကို ယုံလို့ ဆောင်ထားတတ်ကြပါတယ်။ အချို့လည်း အိမ်မှာ စိုက်ပျိုးကြပါတယ်။ဆေးအသုံးအဖြစ် ဗိုက်အောင့် ဗိုက်နာ လေထိုး လေအောင့် ဖြစ်ပါက နနွင်းမှုန့်၊ ဆား၊ သစ်မင်းခေါက်ကိုသွေးလိမ်းပေးပါက သက်သာ ပျောက်ကင်းပါသည်။ အချို့ အနာ ပြည်တည် ရောင်ရမ်းနေပါက သစ်မင်းရွက်ကို ထုချေပြီး အုံခြင်း ပြုပါက အမြန်ပင် ပြည်ထွက်ပြီး အသားနုတက်ပါသည်။

သစ်မင်း ဘယ်လို အသုံးပြုတာလဲ ဆိုတာကို မဟာမြိုင်တော၊ ပလ္လင်တောင်က ဘရသေရှင်ပညာဒီပကို မေးလျှောက်မိတော့..ဒကာတဲ့ ဒုတ္ထာရေထဲ ဆားအနည်းငယ် ထည့်ပြီး သစ်မင်းကို ၁ နာရီ စိမ်ပြီးမှ သုံးရင် ပိုအစွမ်းထက်တယ်လို့ မိန့်ပါတယ်။ ဒုတ္ထာရေနဲ့ စိမ်ပြီးတဲ့သစ်မင်းကိုကျောက်ပျဉ်မှာ ရေကျဲကျဲနဲ့ များများလေး သွေးပြီး သစ်နဲ့ ပတ်သက်တဲ့ လူအသုံးအဆောင်၊ အိမ်၊ အဆောက်အဦး တွေကို မကြာခဏ ပက်ဖျန်းခြင်း ပြုကြတယ် ဆိုတာကိုမိန့်ပါတယ်။ ယုံသူတို့ လိုသလို ဆောင်ရွက်နိုင်စေဖို့ မေတ္တာရည်ကာ တင်ပြလိုက်ပါတယ်။

ဂုဏ်တော် (၉)ပါး ရွတ်ပြီး သွေးပါက ပိုစွမ်းပါကြောင်း။ မနောမယဂျာနယ်မှာ သစ်တို့အရှင် သစ်မင်းသခင် စာမူရေးခဲ့ပြီး ဖြစ်ပါတယ်.. ရဲမျိုးသူ ဗောဓိမြိုင် သစ်‌ဆိုး ဝါးဆိုး‌တွေကို နိုင်‌နှင်းတယ်‌လို့ ဆိုပါတယ်‌။ အိမ်‌‌တွေမှာ သစ်‌ဆိုတာ မပါမဖြစ်‌ပါ။သစ်‌ဝါး‌တွေဆိုတာကလည်း ‌တောမှာ‌ပေါက်‌ကြတယ်‌။အချို့သစ်‌ဝါး‌တွေက အန္တရာယ်‌ ဖြစ်‌‌စေတတ်‌တဲ့ ကမ္မစိဒ္ဓိရှင်‌‌တွေရဲ့အရိပ်‌အ‌ငွေ့‌တွေပါလာတတ်‌ကြပါတယ်‌။ အဲလိုသစ်‌ဝါးမျိုးနဲ့ ဆောက်‌မိရင်‌ အဲဒီအိမ်‌မှာ‌နေကြသူများအတွက်‌ မ‌ကောင်းတော့ပါဘူး။ ပြဿနာဖြစ်‌တာ များလာပါတယ်‌။ သတိပြုမိရင်‌ ညည‌ တောက်‌‌ခေါက်‌သံလိုမျိုး ကြားရတတ်‌ပါတယ်‌။ ဒါက တကယ်‌ပါ။ လက်‌သမား‌တွေ သိကြပါတယ်‌။

ကဲ ဒီအခါ ဘယ်‌သစ်‌ဝါးက မ‌ကောင်းဆိုးဝါးသ‌ဘော ပါ‌နေတာလဲ။ ဘယ်‌လိုသိမလဲ။ သစ်‌‌ခြောက်‌လို့လည်း ခေါ်တယ်‌‌။ အဲလို‌ တောက်‌ခေါက်‌တဲ့ သစ်‌ဝါးဆိုရင်‌‌လေ။ ဘယ်‌‌နေရာမှာ သုံးမိမှန်း မသိ‌တော့ ဘယ်‌လို ဖယ်‌မလဲ။ ‌နေရာသိရင်‌‌တောင်‌ ပရိ‌ဘောဂကို ဖျက်‌ဆီးပြီး အသစ်‌လုပ်‌ရမှာ‌နော်‌။ အဲလိုဆို ကုန်‌ကျစားရိတ်‌‌တွေ များ‌တော့မယ်‌။ အသစ်‌လုပ်‌ရင်‌‌တောင်‌ သစ်‌ဝါးအပိုင်းတင်‌ မပြီးဘူး ။

တိုက်‌‌တွေဆိုရင်‌ ပန်းရံကိစ္စ‌တွေ ဒက်‌ခ‌ရေးရှင်းအပိုင်းတွေထိ ပြန်‌ကုန်‌ရ‌တော့မယ်‌။သစ်‌‌ခြောက်‌ကို နိုင်‌တာ အခုပုံပါ သစ်‌မင်းပါပဲ။ ‌တောက်‌‌ခေါက်‌သံ ကြားရတဲ့‌ နေရာမှာ သစ်‌မင်းကို သပ်‌သ‌ဘောမျိုး ရိုက်‌လိုက်‌ရင်‌ ပြီးပါတယ်‌။ အကယ်‌လို့ ‌သေချာချင်‌ရင်‌ ‌တောက်‌‌ခေါက်‌သံကြားကြားမကြားကြားအိမ်‌ရဲ့ ‌လေးဖက်‌‌လေးတန်‌မှာ သစ်‌မင်း အသားစ‌လေး‌တွေကို သပ်‌ရိုက်‌ခဲ့ရင်‌ ရပါတယ်‌။ ‌တောက်‌‌ခေါက်‌သံဆိုလို့ လူ‌ တောက်‌‌ခေါက်‌သလိုမျိုး မဟုတ်‌ဘူး‌နော်‌။ အိမ်‌‌မြောင်‌စုတ်‌ထိုးသလိုမျိုး သ‌ဘောဆင်‌ပါတယ်‌။

သစ်‌မင်းက အ‌ခေါက်‌ပိုင်းမှာပုံပါအတိုင်းကွင်းချိတ်‌က‌လေး‌တွေဆက်‌‌နေပါတယ်‌။ဒါ‌တွေကဘုရား‌ဟောမဟုတ်‌ပါဘူး။ဘုရား‌ဟောမဟုတ်‌လို့ငါတို့‌တော့ပယ်‌မယ်‌ ဆိုသူ‌တွေ အတွက်‌က‌တော့ ရှင်းပြဖို့ မရှိပါဘူး။ သို့‌သော်‌ ဘုရား‌ဟော မဟုတ်‌လို့ ပယ်‌ပြီး‌တော့ ‌လောကီနယ်‌အတွင်းမှာ‌ နေကြသူ‌တွေအဖို့ရာ အလွန်‌တရာမှ အန္ တရာယ် များလှပါတယ်‌။ ဘာဖြစ်‌လို့လဲဆို‌တော့ သစ်‌‌ခြောက်‌မှာ အစွဲရှိ‌နေတဲ့ ကမ္မစိဒ္ဓိရှင်‌က မ‌ကောင်းရာ မ‌ကောင်းကြောင်းလုပ်‌ဖို့ အိမ်‌ရှင်‌‌နေရာကို တကယ့်အိမ်‌ရှင် ‌မ‌နေ‌သေးခင်‌ကတည်းက ဦးသွားလို့ပါပဲ။တစ်‌ခု‌တော့ ရှိတာ‌ပေါ့။ အခြားသမာဓိ အား‌ကောင်းသူ သမထသမားဖြစ်‌‌စေ၊

သမထ မလုပ်‌‌သော်‌လည်း ဝိပဿနာသ‌ဘောအသိအား‌ကောင်းသူ တရားရှင်‌ ဖြစ်‌‌စေ‌ပေါ့။ ထိုသူတစ်‌ဦးတစ်‌‌ယောက်‌ရဲ့ အရှိန်‌အဝါ‌ကြောင့်လည်း သစ်‌‌ခြောက်‌မှာ စွဲ‌နေတဲ့ ကမ္မစိဒ္ဓိသ‌ဘောကို ဖျက်‌စီးနိုင်‌ပါတယ်‌။ဒါမျိုးကလည်း ကြုံဦးမှ‌လေ။သေချာတာက‌တော့ တောက်‌‌ခေါက်‌သံကြားကြား မကြားကြားသစ်‌မင်းကို အိမ်‌သစ်‌ အိမ်‌‌ဟောင်းမ‌ရွေး ညှပ်‌ထည့်ပေးလိုက်‌ရင်‌ ရပါပြီ။ ဒါ့အပြင် သစ်‌မင်းဟာပ‌ယောဂဖြစ်‌သူကို ဖြစ်‌တဲ့‌နေရာမှာ ထိ‌တွေ့ထားရင်‌ ကာယကံရှင်‌ဟာ သိတတ်‌သူဆိုရင်‌ ခန္ဓာကိုယ်‌က‌နေ စူးကနဲ စူးကနဲနဲ့ ကမ္မစိဒ္ဓိစက်‌‌တွေ အ‌နှေးနဲ့အမြန်‌ ထွက်‌တာကို သိပါလိမ့်မယ်‌။ ဒါက‌တော့ ကျွန်‌‌တော်‌ စမ်းကြည့်ဖူးတာကို‌ ပြောပြတာပါ။ ဖြစ်‌တဲ့‌နေရာ မသိရင်‌ ဦး‌ခေါင်းနဲ့ ဝမ်းဗိုက်‌‌ပေါ် တင်‌ပါတယ်‌။

crd