ဗဟုသုတ

မျက်စိပြုပြင်ဖို့ ငွေကြေးမပြည့်စုံလျှင်ဆက်သွယ်ပါ ကုန်ကျစရိတ်ကို လှူပေးပါမယ်ဆိုတဲ့ စေတနာရှင်ဦးလေး

မျက်စိပြုပြင်ဖို့ငွေကြေးမပြည့်စုံလျှင်ဆက်သွယ်ပါကုန်ကျစရိတ်ကိုလှူပေးပါမယ်ဆိုတဲ့ စေတနာရှင်ဦးလေးသမီးလေးရဲ့နာမည်ကမနူးရီကျန်။ ၉ တန်း ကျောင်းသူ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ကနေ ကာမိုင်းဖက်သွားတဲ့ ကားလမ်းဘေးက ရွာလေးမှာနေတယ်။သမီးမျက်စိ ပြင်ချင်လို့ပါဆိုပြီး တိုက်ရိုက်ဆက်သွယ်လာတယ်။ ရန်ကုန်မှာပြင်ရမယ်၊ အခမဲ့လုပ်ပေးမယ်ဆိုတော့ ပျော်ပြီးလာဖို့ လမ်းစရိတ်အတွက် အိမ်မှာမွေးထားတဲ့ဝက်ကလေးတွေကို ရောင်းဖို့လုပ်တာ ဝယ်သူမရှိလို့ မရောင်းရဘဲ အခက်တွေ့နေတယ်။

သူ့အခက်အခဲကို ရိုးရိုးသားသားနဲ့ ပြောလာတော့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပြီး လှူဖို့အလှည့်ကျတဲ့ အလှူရှင်ကိုပြောပြတော့ အလှူရှင်က ချက်ချင်းပဲ ရန်ကုန်လာဖို့ လမ်းစရိတ်အတွက် ငွေတစ်သိန်း ပို့ပေးလိုက်တယ်။ထပ်ပြီးကံကကောင်းချင်တော့ မျက်စိအလှပြင်ပြီးတဲ့ဒီနေ့မှာအလှူရှင်က အပြန်ခရီးစရိတ်အတွက် ငွေတစ်သိန်းခွဲ ထပ်ပေးလိုက်တယ်။ အားလုံးပေါင်း ၅၅၀၀၀ဝိ အကုန်အကျခံပြီး ကူပေး၊ လှူပေးလိုက်တာပါ။

သမီးလေးက အလှူရှင်နဲ့ ကျွန်တော့်ကို ဘုရားသခင်ထံကနေ ကောင်းချီးမင်္ဂလာတွေ တောင်းပေးပါ့မယ်လို့ ဝမ်းသာအားရနဲ့ပြောပါတယ်။သမီးလေးကို ” ရူပဒါန ” ပြုပေးတဲ့ ကုသိုလ်ရှင်ကတော့ ဦးကျော်ကျော် + ဒေါ်ခင်မေလင်း မိသားစု (အလုံမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပါတယ်။(မျက်စိပြုပြင်ဖို့ငွေကြေးမပြည့်စုံသူများ အမြန်ဆက်သွယ်ပါ။ ကုန်ကျစရိတ်ကို လှူပေးနေတဲ့ ကုသိုလ်ရှင်များ ရှိပါတယ်)

ZAWGYI

မျက်စိပြုပြင်ဖို့ငွေကြေးမပြည့်စုံလျှင်ဆက်သွယ်ပါကုန်ကျစရိတ်ကို လှူပေးပါမယ်ဆိုတဲ့စေတနာရှင်ဦးလေးသမီးလေးရဲ့နာမည်ကမနူးရီကျန်။ ၉ တန်း ကျောင်းသူ။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ကနေ ကာမိုင်းဖက်သွားတဲ့ ကားလမ်းဘေးက ရွာလေးမှာနေတယ်။သမီးမျက်စိ ပြင်ချင်လို့ပါဆိုပြီး တိုက်ရိုက်ဆက်သွယ်လာတယ်။ ရန်ကုန်မှာပြင်ရမယ်၊ အခမဲ့လုပ်ပေးမယ်ဆိုတော့ ပျော်ပြီးလာဖို့ လမ်းစရိတ်အတွက် အိမ်မှာမွေးထားတဲ့ ဝက်ကလေးတွေကိုရောင်းဖို့လုပ်တာ ဝယ်သူမရှိလို့ မရောင်းရဘဲ အခက်တွေ့နေတယ်။

သူ့အခက်အခဲကို ရိုးရိုးသားသားနဲ့ ပြောလာတော့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရပြီး လှူဖို့အလှည့်ကျတဲ့ အလှူရှင်ကိုပြောပြတော့ အလှူရှင်က ချက်ချင်းပဲ ရန်ကုန်လာဖို့ လမ်းစရိတ်အတွက် ငွေတစ်သိန်း ပို့ပေးလိုက်တယ်။ထပ်ပြီးကံကကောင်းချင်တော့ မျက်စိအလှပြင်ပြီးတဲ့ဒီနေ့မှာ အလှူရှင်ကအပြန်ခရီးစရိတ်အတွက် ငွေတစ်သိန်းခွဲ ထပ်ပေးလိုက်တယ်။ အားလုံးပေါင်း ၅၅၀၀၀ဝိ အကုန်အကျခံပြီး ကူပေး၊ လှူပေးလိုက်တာပါ။

သမီးလေးက အလှူရှင်နဲ့ ကျွန်တော့်ကို ဘုရားသခင်ထံကနေ ကောင်းချီးမင်္ဂလာတွေ တောင်းပေးပါ့မယ်လို့ ဝမ်းသာအားရနဲ့ပြောပါတယ်။သမီးလေးကို ” ရူပဒါန ” ပြုပေးတဲ့ ကုသိုလ်ရှင်ကတော့ ဦးကျော်ကျော် + ဒေါ်ခင်မေလင်း မိသားစု(အလုံမြို့နယ်၊ ရန်ကုန်မြို့) ဖြစ်ပါတယ်။(မျက်စိပြုပြင်ဖို့ငွေကြေးမပြည့်စုံသူများ အမြန်ဆက်သွယ်ပါ။ ကုန်ကျစရိတ်ကို လှူပေးနေတဲ့ ကုသိုလ်ရှင်များ ရှိပါတယ်)