Credit
UNICODE
ချစ်သုဝေကတော့ ငယ်ငယ်လေးကတည်းကအဆိုတော်လုပ်ရင်း မြန်မာဇာတ်လမ်းတွေမှာလည်းကျရာနေရာကနေပါဝင်သရုပ်ဆောင်ခဲ့တာကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုခံခဲ့ရသူလေးဖြစ်ပါတယ်။ချစ်သုဝေကတော့ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်းအဆိုတော်လင်းလင်းနဲ့ အိမ်ထောင် ကျပြီးလို့ ခေတ်ခေတ်နဲ့ သစ်သစ် လို့ချစ်စရာကောင်းတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။
ချစ်သုဝေကတော့ အခုလက်ရှိ ကာလအထိ ဘေးကင်းရာမှာတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ သူမနဲ့ အတူတူ သမီးလေး နှစ်ယောက်ကိုပါတစ်ပါတည်း ခေါ်လာခဲ့တာ ဖြစ်ပါတယ်။ မကြာသေးခင်ကချစ်သုဝေရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် အခက်အခဲ ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့နေရတာကြောင့်စိတ်ဒဏ်ရာရသွားကြတဲ့ သမီးလေး နှစ်ယောက်ရဲ့အကြောင်းရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့လေးမှာတော့ ချစ်သုဝေက သူမကိုယ်တိုင် လွတ်မြောက်နယ်မြေမှာ နေထိုင်ပုံလေးတွေကို ပုံလေးနဲ့တကွ တင်ပေးလာတာ ဖြစ်ပါတယ်။ သူမတို့မိသားစုကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ သူမကို သနားနေကြတာ ဖြစ်ပါတယ်။
ပရိသတ်ကြီးလည်း အားပေးစကားလေးပြောပေးကြပါအုံးနော်..
Credit