ဗဟုသုတ

အိမ်မှာကြောင်တစ်ကောင်ရှိရင် ဒီနိမိတ်တွေသိထားပါ။

(၁)အိမ်ကအထွက် နောက်ကကြောင်လိုက်လာရင် ငွေရှာခိုင်းတာပါ။ အဲ့လူငွေရလာတတ်ပါတယ်။

(၂)အိမ်ဆောက်နေကတည်းက ခြံထဲကြောင်ထည့်မွေးပါ။ အဲ့အိမ်တော်ရုံကြွက်မလာပါဘူး။

(၃)ကြောင်တွေခြံရှေ့အိမ်ရှေ့ ငုတ်တုတ်ထွက်ထိုင်‌နေရင် ငွေလာပေးမယ့်သူမျှော်တာပါ။

(၄)အိမ်သစ်ပြောင်းရင် လူ့အရင်ကြောင်ပေးဝင်လိုက်ပါ။ အဲ့အိမ်အကျိုးပေးပါတယ်။

(၅)အိမ်မှာကြောင်မဲမွေးရင် အဲ့အိမ်ကအပျိုတွေ ချစ်ကံခေတတ်ပါတယ်။

(၆)အိမ်မှာကြောင်နက်ရှိရင် မျက်စေ့စွန်တဲ့အခါ သူ့အမြီးနဲ့ပွတ်ပေးပါ။ နုရင်ပြန်ပျောက်ပါတယ်။

(၇)ကြောင်ချီပြီးချောင်း၊ မြောင်းမကူးရပါဘူး။ ကိုယ်ပါရေနစ်တတ်ပါတယ်။

(၈)ကြောင်တွေနားရွက် ခဏခဏကုတ်ရင်၊ မျက်နှာပွတ်ရင် ဧည့်သည်မျှော်တာပါ။ လာတတ်ပါတယ်။

(၉)ကြောင်ကိုရေချိုးရင် သူကပြန်ကျိန်ဆဲတတ်လို့ မိုးရွာတတ်ပါတယ်။

(၁၀)ကြောင်နှာချေရင် ငွေဝင်တတ်ပါတယ်။ ခဏခဏချေရင်တော့ အိမ်သားတစ်ယောက်ယောက် ဖျားတတ်ပါတယ်။

(၁၁)အပျိုတွေ ကြောင်မြီးတက်နင်းမိရင် ကျိန်ဆဲခံရလို့ အဲ့နှစ်လင်မရပါဘူး။ (ရှပ်ပြာရှပ်ပြာသွားတတ်သူများ တစ်နှစ်တစ်ခါနင်းရင်း ဟိုင်းသွားတတ်ပါတယ်)

(၁၂)ကြောင်တွေ ခြေလေးဖက်လုံးသိမ်းပြီး ကျုံ့ကျုံ့လေးထိုင်‌ရင် ရာသီဥတုအေးပါတယ်။ ပိုးလို့ပက်လက်အိပ်ရင်တော့ ရာသီဥတုပူပါလိမ့်မယ်။

(၁၃)ကြောင်တွေ နံရံ၊လိုက်ကာတွေကို ခဏခဏကုတ်ရင် လေခေါ်တာပါ။ လေတိုက်လာတတ်ပါတယ်။

(၁၄)ကြောင်လေးကောင်မွေးရင် စီးပွားတတ်ပါတယ်။ ငွေများများရတတ်ပါတယ်။ အထီးချည်းမွေးရင် ပိုအကျိုးပေးပါတယ်။

(၁၅)ကြောင်ကို သရဲပူးလွယ်ပါတယ်။ ညကြီးမင်းကြီးလန့်ပြီး ကိုယ့်အကပ်မခံရင် ကပ်ပါလာတတ်လို့ သတိထားပါ။

(၁၆)အိမ်မှာကြောင်ရှိရင် ပညာသည်တွေ တိုက်ခိုက်တာကို အကာအကွယ်ဖြစ်ပါတယ်။ နူးညံ့တဲ့သတ္တဝါမို့ လူအစားသူတို့ခံရတတ်ပါတယ်။

(၁၇)သခင်နာမကျန်းဖြစ်ရင် ကြောင်ထွက်ပြေးတတ်ပါတယ်။ သို့သော်ပြေးခဲပါတယ်။ ကိုယ်စားသေသွားကြတာများပါတယ်။

(၁၈)ကြောင်တွေသစ်ပင်တွေ ပန်းတွေကြားခဏခဏ ငေးမောနေရင် မမြင်ရတဲ့နတ်ငယ်‌လေး‌တွေကြွလာလို့ပါ။

(၁၉)ကြောင်တွေမျက်လုံးအပြူးသား ငေးနေရင်၊ကွယ်ဝှက်ပုန်းနေရင် နာနာဘာ၀တွေ့လို့ပါ။

(၂၀)ကြောင်ကိုသတ်ရင် သူ့သက်တမ်းစေ့လို့ သေမယ့်အချိန်ထိ သတ်တဲ့လူဒုက္ခရောက်ပါတယ်။

Credit.

(၁၉)ကြောင်တွေမျက်လုံးအပြူးသား ငေးနေရင်၊ကွယ်ဝှက်ပုန်းနေရင် နာနာဘာဝတွေ့လို့ပါ။