ဗဟုသုတ

ညအိပ်ရာဝင်ခါနီးမှာ လုံး၀မပြုလုပ်သင့်သော အချက်(၁၀)ချက်

(၁)အိမ်မွေးတိရစ္ဆာန်များနှင့် အတူအိပ်ခြင်း။ အိမ်မွေးတိရစ္ဆာန်များ၏ အိပ်စက်သည့်အချိန်သည် သာမန်လူများ အိပ်စက်ချိန်ထက် ပို၍တိုတောင်းသောကြောင့် သင့်ကိုအိပ်ရေးပျက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများကလည်း သင်၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

(၂)ရေနွေးပူစိမ်ချိုးခြင်း။ ရေနွေးပူစိမ်ချိုးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထို့အပြင်ရေနွေးပူကို (၁၀)မိနစ်လောက် ပို၍ကြာကြာစိမ်ချိုးပါက သင်၏သဘာဝအပေါ်ယံအရေပြားကို ထိခိုက်စေပါတယ်။

(၃)စိုးရိမ်စိတ်လွန်ကဲခြင်း။ အိပ်ရာမဝင်ခင် သတင်းကြည့်ခြင်း (သို့)တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

ထိုမျှမကအပျော်လွန်ကဲခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်စိတ်ခံစားချက်များကို အိပ်ရာမဝင်ခင်(၂)နာရီခန့် ကြိုတင်ရှင်းလင်းထားပြီး စိတ်ငြိမ်အောင်ထားသင့်ပါတယ်။

(၄)ဆေးသောက်ခြင်း။ အိပ်မပျော်သူများအတွက် မအိပ်ခင်အိပ်ဆေးသောက်သင့်သော်လည်း အခြားဆေးများကိုမနက်ပိုင်းတွင်သာသောက်သင့်ပါတယ်။ ထို့ကြောင့်ဆေးဝါးများ မသောက်သုံးခင် ဆရာဝန်ကိုသောက်သင့်သည့် အချိန်ကိုမေးသင့်ပါတယ်။

(၅)အီလက်ထရောနစ် ပစ္စည်းများအသုံးပြုခြင်း။ အီလက်ထရောနစ်ပစ္စည်းများမှထုတ်လွှတ်သောရောင်ခြည်များသည်သင်၏ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေသောကြောင့် ညနေပိုင်းလောက်တွင် သင့်အလုပ်ကိုပြီးစီးအောင် လုပ်ကိုင်ထားသင့်ပါတယ်။

(၆)သင့်ဦးနှောက်ကို အနားပေးစေသော အလုပ်များလုပ်ပေးခြင်း။ အိပ်ရာမဝင်မီ ဦးနှောက်အသုံးချရသောအလုပ်များကိုမလုပ်ပါနှင့်။ အဲဒီအစားစာအုပ်ဖတ်ပေးခြင်း၊ တရားထိုင်ခြင်းတို့ကိုသာ ပြုလုပ်ပေးသင့်ပါတယ်။

(၇)တရေးအိပ်ခြင်း။ တရေးအိပ်အနားယူချင်ပါက နေ့လည်(၁)နာရီနှင့် (၄)နာရီကြားတွင်သာ အိပ်သင့်ပါတယ်။ ညနေပိုင်းတွင်အိပ်ခြင်းက ညဘက်အိပ်ချိန်များကို ထိခိုက်စေသောကြောင့် တစ်နေ့ကိုမိနစ်(၃၀) သို့မဟုတ် (၁)နာရီခန့်သာ အိပ်သင့်ပါတယ်။

(၈)ရေသောက်ခြင်း။ ညအိပ်ရာမဝင်ခင် ရေများများသောက်မိပါက အိပ်ရေးပျက်စေပြီး နောက်နေ့မနက်တွင် မျက်ကွင်းညိုနေတတ်ပါတယ်။ ထို့ကြောင့်မအိပ်မီ ရေတစ်ခွက်(သို့) ခွက်တစ်ဝက်သာ သောက်သုံးပေးသင့်ပါတယ်။

(၉)လေ့ကျင့်ခန်းလုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်ပြီး အိပ်စက်ခြင်းနှင့် ရေနွေးပူစိမ်ချိုးခြင်းတို့က သင်၏အာရုံကြောများကို နိုးကြွစေတတ်ပါတယ်။ထို့ကြောင့်အိပ်ချိန်ထက် သုံး၊လေးနာရီ (သို့)ခြောက်နာရီခြား၍ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

(၁၀)ဆေးလိပ်သောက်ခြင်း။ မအိပ်မီဆေးလိပ်သောက်ခြင်းကရင်တုန်စေခြင်းနှင့်သွေးခုန်နှုန်း မြင့်တက်စေခြင်းတို့ကို ဖြစ်စေတတ်ပါတယ်။ထို့ကြောင့်ဆေးလိပ်ကို အိပ်ချိန်နှင့်နှစ်နာရီ(သို့) တစ်နာရီခွဲခြား၍ ဆေးလိပ်သောက်သင့်ပါတယ်။

Credit.

(၁)အိမ်မွေးတိရစ္ဆာန်များနှင့်အတူအိပ်ခြင်း။အိမ်မွေးတိရစ္ဆာန်များ၏အိပ်စက်သည့်အချိန်သည်သာမန်လူများအိပ်စက်ချိန်ထက် ပို၍တိုတောင်းသောကြောင့် သင့်ကိုအိပ်ရေးပျက်စေပါတယ်။ အိမ်မွေးတိရစ္ဆာန်များ၏ အမွှေးများကလည်း သင်၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။

(၂)ရေနွေးပူစိမ်ချိုးခြင်း။ ရေနွေးပူစိမ်ချိုးခြင်းက အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ထို့အပြင်ရေနွေးပူကို (၁၀)မိနစ်လောက် ပို၍ကြာကြာစိမ်ချိုးပါက သင်၏သဘာဝအပေါ်ယံအရေပြားကို ထိခိုက်စေပါတယ်။

(၃)စိုးရိမ်စိတ်လွန်ကဲခြင်း။ အိပ်ရာမဝင်ခင် သတင်းကြည့်ခြင်း (သို့)တစ်ယောက်ယောက်နှင့် ရန်ဖြစ်ခြင်းက အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။

ထိုမျှမကအပျော်လွန်ကဲခြင်းသည်လည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်စိတ်ခံစားချက်များကို အိပ်ရာမဝင်ခင်(၂)နာရီခန့် ကြိုတင်ရှင်းလင်းထားပြီး စိတ်ငြိမ်အောင်ထားသင့်ပါတယ်။

(၄)ဆေးသောက်ခြင်း။ အိပ်မပျော်သူများအတွက်မအိပ်ခင်အိပ်ဆေးသောက်သင့်သော်လည်းအခြားဆေးများကို မနက်ပိုင်းတွင်သာ သောက်သင့်ပါတယ်။ ထို့ ကြောင့် ဆေးဝါးများ မသောက်သုံးခင် ဆရာဝန်ကိုသောက်သင့်သည့် အချိန်ကိုမေးသင့်ပါတယ်။

(၅)အီလက်ထရောနစ် ပစ္စည်းများအသုံးပြုခြင်း။အီလက်ထရောနစ်ပစ္စည်းများမှထုတ်လွှတ်သောရောင်ခြည်များသည်သင်၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသောကြောင့် ညနေပိုင်းလောက်တွင် သင့်အလုပ်ကိုပြီးစီးအောင် လုပ်ကိုင်ထားသင့်ပါတယ်။

(၆)သင့်ဦးနှောက်ကို အနားပေးစေသော အလုပ်များလုပ်ပေးခြင်း။ အိပ်ရာမဝင်မီ ဦးနှောက်အသုံးချရသော အလုပ်များကို မလုပ်ပါနှင့်။အဲဒီအစား စာအုပ်ဖတ်ပေးခြင်း၊ တရားထိုင်ခြင်းတို့ကိုသာ ပြုလုပ်ပေးသင့်ပါတယ်။

(၇)တရေးအိပ်ခြင်း။ တရေးအိပ်အနားယူချင်ပါက နေ့လည်(၁)နာရီနှင့် (၄)နာရီကြားတွင်သာ အိပ်သင့်ပါတယ်။ ညနေပိုင်းတွင်အိပ်ခြင်းက ညဘက်အိပ်ချိန်များကို ထိခိုက်စေသောကြောင့် တစ်နေ့ကိုမိနစ်(၃၀) သို့မဟုတ် (၁)နာရီခန့်သာ အိပ်သင့်ပါတယ်။

(၈)ရေသောက်ခြင်း။ ညအိပ်ရာမဝင်ခင် ရေများများသောက်မိပါက အိပ်ရေးပျက်စေပြီး နောက်နေ့မနက်တွင် မျက်ကွင်းညိုနေတတ်ပါတယ်။ ထို့ကြောင့်မအိပ်မီ ရေတစ်ခွက်(သို့) ခွက်တစ်ဝက်သာ သောက်သုံးပေးသင့်ပါတယ်။

(၉)လေ့ကျင့်ခန်းလုပ်ခြင်း။ လေ့ကျင့်ခန်းလုပ်ပြီး အိပ်စက်ခြင်းနှင့် ရေနွေးပူစိမ်ချိုးခြင်းတို့က သင်၏အာရုံကြောများကို နိုးကြွစေတတ်ပါတယ်။ထို့ကြောင့်အိပ်ချိန်ထက် သုံး၊လေးနာရီ (သို့)ခြောက်နာရီခြား၍ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။

(၁၀)ဆေးလိပ်သောက်ခြင်း။ မအိပ်မီဆေးလိပ်သောက်ခြင်းက ရင်တုန်စေခြင်းနှင့်သွေးခုန်နှုန်း မြင့်တက်စေခြင်းတို့ကိုဖြစ်စေတတ်ပါတယ်။ထို့ကြောင့်ဆေးလိပ်ကို အိပ်ချိန်နှင့်နှစ်နာရီ(သို့) တစ်နာရီခွဲခြား၍ ဆေးလိပ်သောက်သင့်ပါတယ်။

Credit.