Local News

မျိုးရိုးဗီဇရောဂါကြောင့် လှောင်အိမ်ထဲမှာ ၁၃ နှစ်အကြာ နေထိုင်ခဲ့ပြီး ချစ်မြတ်နိုးရတဲ့ သူတွေနဲ့တောင် ထိတွေ့လို့မရတဲ့ အမျိုးသမီးရဲ့အဖြစ်

မျိုးရိုးဗီဇရောဂါကြောင့် လှောင်အိမ်ထဲမှာ ၁၃ နှစ်အကြာ နေထိုင်ခဲ့ပြီး ချစ်မြတ်နိုးရတဲ့ သူတွေနဲ့တောင် ထိတွေ့လို့မရတဲ့ အမျိုးသမီးရဲ့အဖြစ်

စပိန်နိုင်ငံ၊ ကတ်ဒစ်စ်မြို့က အသက် ၅၃ နှစ်အရွယ်ရှိ Juana Munoz ဖန်သားလှောင်အိမ်ထဲမှာ ၁၃ နှစ်အကြာနေထိုင်ခဲ့ပါတယ်။သူမမှာအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အခြေအနေက ဓာတုဗေဒဆိုင်ရာ အထိခိုက်မခံမှု (MCS) ကြောင့် လူတွေနဲ့ ထိတွေ့ခြင်းမရတာကြောင့်အကျဥ်းထောင်ထဲနေရသလို သူမနိုင်ထိုင်ခဲ့တာပါ။ အဆိုးရွားဆုံးသောအရာကတော့ သူမရဲ့မိသားစုတွေနဲ့ ထိတွေ့လိုမရတဲ့အပြင် အသက် ၂၆ နှစ် နဲ့ ၂၉ နှစ်ရှိပြီဖြစ်တဲ့ Juana ရဲ့ ကလေးနှစ်ယောက်ကို တစ်နှစ်မှ နှစ်ကြိမ်သာ သူ့တို့ကိုပွေ့ဖက်ရန် ခွင့်ပြုထားတာပါ။

Juana ရဲ့ ဘဝဖြစ်လာတဲ့ အိပ်မက်ဆိုးမှာ သူမအသ် ၂၉ နှစ်က သူမရဲ့ ခင်ပွန်းဟာ ခြံဝိုင်းထဲမှာစိုက်ထားတဲ့အာလူးအချို့ နဲ့စတင်ခဲ့တယ်လို့ ဆိုပါတယ်။ သူမက အာလူးကိုထိလိုက်တာနဲ့ သူမရဲ့ နှုတ်ခမ်းတွေ၊ မျက်လုံးတွေ ရောင်လာပြီး ဆရာဝန်ဆီခေါ်သွားရပါတော့တယ် လို့ သူမ ထပ်မံပြောပြခဲ့တာပါ။

သူမဆေးရုံကို ရောက်တဲ့အခါမှာ တစ်ကိုယ်လုံးရောင်လာပြီး corticosteroids နဲ့ ကုသခဲ့ခြင်းဖြင်ါ နောက်ဆုံးမှာ ဆေးရုံဆင်းလို့ရပေမဲ့လည်း ဓာတုပစ္စည်းအမျိုးမျိုး နဲ့ အဆက်အသွယ်ရှိတိုင်း အော့အန်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အရေပြားယားယံခြင်းတို့ ဖြစ်နေသေးပါတယ်။

အချိန်ကုန်လွန်လာတာ နဲ့အမျှ Juana ရဲ့ ဓာတုဗေဒဆိုင်ရာ sensitivity ဟာ ပိုမိုဆိုးရွားလာပြီး သူမက fibromyalgia နဲ့နာတာရှည်ပင်ပန်းနွမ်းနယ်မှုရောဂါကိုလည်း ခံစားခဲ့ရသဖြင့် သူမရဲ့ဖန်သားလှောင်အိမ်ငယ်တစ်ခုမှာ အထီးကျန်စွာနေထိုင်ခဲ့ရပါတယ်။

သူမဟာ ၁၃ နှစ်ကြာကြာ နေထိုင်ခဲ့ပြီး တနေ့သူမနောက်တဖန် ပုံမှန်ဘဝလမ်းကို လျှောက်လမ်းနိုင်လိမ့်မယ်လို့မျှော်လင့်နေခဲ့ပါတယ်။သူမကို ပြုစုစောင့်ရှောက်တဲ့ ခင်ပွန်းဖြစ်သူက သူမအတွက် အော်ဂဲနစ်ထွက်ကုန်များကို ထုတ်လုပ်ပြီး၊ ၎င်းတို့က သူမရဲ့ နေ့စဉ်အစားအစာ အများစုအတွက် ပြုလုပ်ထားတာပါ။

သူဟာ တစ်လမှာ ငါးကြိမ်လောက်အော်ဂဲနစ်အသားများကို စားသုံးရပြီးအော်ဂဲနစ်ဝါဂွမ်းအဝတ်အစားများကိုဝတ်ဆင်ရရုံးသာမကအသက်ရှူကျပ်တဲ့ အခါတိုင်းအောက်ဆီဂျင်ကို ရှူနိုင်ရန် ဂျာမနီတွင် ပြုလုပ်ထားတဲ့ ကြွေထည်ပစ္စည်းမျက်နှာပြင်ကို အသုံးပြုနေရပါတယ်။

သူမဟာ တစ်နှစ်တခါ ဆေးရုံကို သွားရောက်ပြီး ပိုးကင်းတဲ့ အခန်းထဲ ဝင်ရပါတယ်။ကင်ပြီးတာနဲ့သူမရဲ့ဖန်သားလှောင်အိမ်ထဲကို ပြန်သွားနေရပါတယ်။ Juana Munoz ရဲ့ ဖြစ်ရပ်က anaphylactic တုံ့ပြန်မှုများဖြစ်ပေါ်စေတဲ့ ရှားပါးမျိုးရိုးဗီဇဆိုင်ရာရောဂါ (Mast Cell Activation Syndrome) ကို ခံစားနေရတယ်လို့ ဆရာဝန်တွေရဲ့ ခန့်မှန့်ခြေအရသိရပါတယ်။

crd