Local News

ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့သာ နိုင်ငံရပ်ခြားမှာရှိတဲ့ ချစ်သူကောင်မလေးစီကို စက်ဘီးစီးကာ သွားတွေ့ခဲ့တဲ့ အချစ်ကြီး‌သောအမျိုးသား (ရုပ်သံ)

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့မှာ နေထိုင်တဲ့၂၄ နှစ်အရွယ် P.K. Mahanandia အမည်ရှိ အမျိုးသားတစ်ဦးဟာသူ့ရဲ့ချစ်ခြင်းမေတ္တာအတွက် ဥရောပကို လေးလအကြာ စက်ဘီးစီးပြီးသွားခဲ့ပါတယ်။ သူတို့ရဲ့အံ့သြဖွယ်ကောင်းတဲ့ အချစ်ဇာတ်လမ်းဟာ ဆွီဒင်စာရေးဆရာ Per J. Andersson ရဲ့ အရောင်းရဆုံးစာအုပ် တစ်အုပ်ဖြစ်လာပါတော့တယ်။

P.K. Mahanandia ဟာ ပြီးခဲ့တဲ့နှစ်က ဥရောပနိုင်ငံ Charlotte Von Schedvin အမည်ရှိ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆွီဒင်နိုင်ငံမှ Ms. Von Schedvin ဟာ အိန္ဒိယနိုင်ငံ ခရီးသွားဧည့်သည်အဖြစ် လာရောက်လည်ပတ်ခဲ့တာပါ။တစ်နေ့မှာ သူမမြို့ကိုလှည့်ပတ်သွားစဉ် “ ရူပီး ၁၀အတွက် ၁၀ မိနစ်အတွင်း ပုံတူဆွဲပေးပါတယ် ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ လူငယ်တစ်ဦးကို သတိပြုမိပြီး စစ်ဆေးရန်ဆုံးဖြတ်ခဲ့တာပါ။

P.K. Mahanandia ရဲ့ပုံဆွဲမှုကြောင့် စိတ်ပျက်ခဲ့ရသော်လည်း ထိူသူကိုစိတ်ဝင်စားမိပြီးနောက်တစ်နေ့မှာ ပြန်လာရန်သူမဆုံးဖြတ်ခဲ့ပါတယ်။ခရီးသွားဧည့်သည်ဖြစ်တဲ့ Ms. Von Schedvin ဟာ နောက်ပိုင်းမှာ P.K. Mahanandiaရဲ့ အကြောင်းကို လေ့လာခဲ့ပါတယ်။ Mahanandia က သူမနဲ့ မျက်လုံးချင်းဆုံမိတာနဲ့ သူငယ်ငယ်တုန်းက သူ့ကို အမြဲစောင့်ရှောက်ပေးနေတဲ့ ကောင်မလေးတစ်ဦး ဖြစ်နေတာကို သိခဲ့ပါတယ်။

Mahanandia ဟာ အိန္ဒိယလူ့အဖွဲ့အစည်းအတွင်း အဆင်းရဲဆုံးသော သူဖြစ်နေဒါကြောင့် အထက်တန်းကျောင်းသားတွေရဲ့ ကြီးမားတဲ့ ခွဲခြားဆက်ဆံမှုကို ခံခဲ့ရတာကြောင့် သူမက သူနဲ့အတူရှိနေခဲ့တာပါ။ ဒါကြောင့် သူမကိုတွေ့တာနဲ့ တပြိုင်နက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း သူသိနေခဲ့ပါတယ်။

“ငါတောင်မှ သူမရဲ့အမည်ကို မမေးခဲ့ပါဘူး။ သူမကို မေလမှာ မွေးဖွားခဲ့တာလား၊ ပြိဿရာသီဖွားလား လို့ မေးခဲ့ပြီး သူမက မေးခွန်းတွေအားလုံးကို ဟုတ်ကဲ့လို့ ပြောခဲ့ပါတယ်။ ” ဆိုပြီး Mr Mahanandia ပြောပြခဲ့ပါတယ်။ သူတို့နှစ်ဦး ဆက်တိုက်တွေ့ဆုံခဲ့ပြီး သုံးပတ်မပြည့်မီမှာ Mahanandia ဟာ Charlotte ကို သူရဲ့ Oissaa လို့ လူသိများတဲ့ သူ့နေအိမ်ဖြစ်တဲ့ Orissa ပြည်နယ် သို့ခေါ်ဆောင်သွားခဲ့ပါတယ်။

အဲ့ဒီနောက်သူမကလည်းသူမရဲ့နယ်မြေဖြစ်တဲ့ဥရောပကို ပြန်သွားခဲ့ပြီးသူတို့ကအဆက်အသွယ်ရရှိခဲ့ပေမဲ့ Mahanandia ကသူမနဲ့တွေ့ချင်ခဲ့တာကြောင့် လေယာဉ်ဖိုးအတွက် ပိုက်ဆံမတက်နိုင်ပေမဲ့လည်း သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာကို လက်လျှော့အရှုံးမပေးခဲ့ပါဘူး။ ဒါ့ကြောင့်သူပိုင်ဆိုင်သမျှအရာအားလုံးကိုရောင်းပြီး ရရှိတဲ့ ရူပီး ၆၀ နဲ့ စက်ဘီးတစ်စီးဝယ်ခဲ့ပြီး ဥရောပမြောက်ပိုင်းနိုင်ငံသို့ စက်ဘီးစီးသွားရန် ဆုံးဖြတ်ခဲ့ပါတယ်။

Mahanandia က ခြေထောက်တွေ ထိခိုက်ခဲ့ပေမဲ့လည်း Charlotte နဲ့ တွေ့ဆုံရဖို့အတွက် စိတ်လှုပ်ရှားမှုက သူ့အတွက် အားဖြစ်စေခဲ့တယ်လို့ဆိုပါတယ်။ မေလ ၂၈ ရက်နေ့မှာ သူဟာ ဥရောပကို ရောက်ရှိခဲ့ပြီး ဗင်းနစ်မှ ဆွီဒင်နိုင်ငံ၊ ဂေါ့သ်ဘာ့ဂ်ကနေ ဘရားရာစ်ကို ၇၀ ကီလိုမီတာ အကွာမှာ ရထားဖြင့် သွားခဲ့ပါတယ်။ သူမက ကျွန်တော့်ကိုတွေ့တော့ ဝမ်းနည်းငိုယိုက ပွေ့ဖက်ခဲ့ပါတယ်။ လို့ Mahanandia ကပြောခဲ့ပါတယ်။

အဲ့ဒီနောက် သူတို့နှစ်ဦးကို Charlotteရဲ့မိဘတွေကမြင့်မြတ်တဲ့ ဆွီဒင်မိသားစုရဲ့ယဉ်ကျေးမှုဆိုင်ရာထုံးတမ်းအစဥ်ပလာနဲ့ဥရောပမြောက်တိုင်းပြည်မှာ တရားဝင်လက်ထပ်ထိမ်းမြားခဲ့ပြီး သူ့ရဲ့ဘဝအသစ် နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။

“ ဥရောပယဉ်ကျေးမှုအကြောင်း ကျွန်တော်မသိခဲ့ဘူး။ ဒါအားလုံးက ငါ့အတွက်အသစ်ဖြစ်ပေမယ့် ငါနေနိုင်တယ်။ သူမဟာငါ့အထူးလူပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါဘဲ။ နှစ်ပေါင်းများစွာ ကတည်းက ငါချစ်ခင်စွဲလမ်းလာတာပါ” လို့ Mahanandia က ဘီဘီစီသို့ပြောကြားခဲ့ပါတယ်။

crd