News

“လသာမြို့နယ်က UAB ဘဏ် ကော် သေ . နတ်ဖြင့် ဓါးပြတိုက်ခံရ”

၂၀၂၂ ဇန်နဝါရီ၊ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းနဲ့ ၁၉ လမ်းထောင့်ရှိ UAB ဘဏ်ကို ယနေ့နေ့လယ် ၁၂ နာရီ အချိန်ခန့်က အမည်မသိလူတစ်ဦးက ကော်သေနတ်နဲ့ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယနေ့နေ့လယ် ၁၂နာရီအချိန်ခန့်မှာ အမျိုးသားတစ်ဦးက ဘဏ်အတွင်းဝင်ရောက်ပြီး သေနတ်ပြကာ ဘဏ်ကောင်တာရှိ ငွေထုတ်ကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဘဏ်အပေါက်ဝအရောက်မှာ ဘဏ်လုံခြုံရေးဝန်ထမ်း သီဟဇော်က လုံးထွေးဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းကိုစစ်ဆေးရာ ပစ္စတိုသေနတ်မှာ ကော်သေနတ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိသူမှာ အသက် ၃၉ နှစ်အရွယ် ထွန်းထွန်း (သန်လျင်မြို့နေ)ဆိုသူလို့ သိရှိရပြီး တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။