Local News

မျက်နှာပေါ်က ဝက်ခြံပြသာနာကိုဖြေရှင်းဖို့ တစ်ပတ်ကို ငှက်ပျောသီးအလုံးပေါင်း 150 ကို စားသုံးခဲ့တဲ့ ကောင်လေး (ရုပ်သံ)

မျက်နှာပေါ်က ဝက်ခြံပြသာနာကိုဖြေရှင်းဖို့ တစ်ပတ်ကို ငှက်ပျောသီးအလုံးပေါင်း 150 ကို စားသုံးခဲ့တဲ့ ကောင်လေး (ရုပ်သံ)

ဗြိတိန်နိုင်ငံ၊ Bristol ပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် Dane Nashအမည်ရှိ ကောင်လေးတစ်ဦးဟာ ငှက်ပျောသီးကို နေ့စဉ်ကယ်လိုရီ ၈၀ ရာခိုင်နှုန်းခန့်ရရှိပြီးအပတ်တိုင်းငှက်ပျောသီးမှည့်အလုံး ၁၅၀အထိစားသုံးခဲ့ပါတယ်။ ဆရာဝန်တွေကသတိပေးသော်လည်း ၎င်းကောင်လေးက ငှက်ပျောသီး အစားအ စာဟာ ကျန်းမာရေးအတွက် ကောင်းစေတယ်လို့ ယူဆနေတာပါ။

Dane ဟာ သူရဲ့ ဝက်ခြံပြဿနာကို ဖြေရှင်းရန် လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက သက်သတ်လွတ်စားလာခဲ့တာပါ။ Dane ဟာ တစ်နှစ်ခွဲခန့် အကြာမှာ ချက်ပြုတ်ထားတဲ့ဆန်တွေနဲ့ ဟင်းနုနွယ်ရွက်များ၊ အခြားသစ်ရွက်များ နဲ့ ရောနှောပေါင်းစပ်ထားတဲ့အပြင် သစ်သီးတွေ နဲ့ လည်း ရောနှောထားတဲ့ အစားအစာကြမ်းတွေကိုသာ စားသုံးခဲ့ပါတယ်။ သူဟာ အာဟာရဓာတ်အများစုကို ငှက်ပျောသီးမှ ရရှိခဲ့တာပါ။

ငှက်ပျောသီးက သူတို့ဗြိတိန်နိုင်ငံမှာ အလွယ်တကူရရှိနိုင်တဲ့ အကောင်းဆုံးအပူပိုင်းသစ်သီးတွေဘဲ ဖြစ်ပါတယ်။ “ငှက်‌ပျောသီးတွေက ဈေးပေါတယ်၊ ၎င်းတိုက ကယ်လိုရီဓာတ်နဲ့ အာဟာရဓာတ် ပါဝင်နေပါတယ်။ ဒီအစားအစာက ကျွန်တော့်ကျန်းမာရေး နဲ့အသားအရေးထိန်းသိမ်းရာမှာအများကြီးအထောက်အကူပြုခဲ့တာကြောင့် အခုတော့ အရင်ကထက် ပိုမိုကျန်းမာလာပါတယ်။” လို့ Dane က ဆိုထားပါတယ်။

သူဟာ နေ့စဉ်ကယ်လိုရီစားသုံးမှုရဲ့ ၈၀% ခန့်ဟာ Dane ရဲ့ အစားအစာက Vitamin B12 ၊ Vitamin D နဲ့ spirulina တို့ဖြင့် ဖြည့်စွက်ထားတာပါ။

Zawgyi






crd