News

၁၅၀၀ တန် ဆင်းကဒ်တွေကို ၇၅၀၀ ကျပ်ထိ စျေးမြင့်တက်ရောင်း လာနေတဲ့ ရန်ကုန်စျေးကွက် လက်ရှိအခြေအနေ

၁၅၀၀တန် ဆင်းကဒ်တွေကို ၇၅၀၀ကျပ်ထိ စျေးမြင့်တက်ရောင်းလာနေတဲ့ ရန်ကုန်စျေးကွက်လက်ရှိအခြေအနေ ရန်ကုန်မြို့က မိုဘိုင်းဖုန်းဆင်းကဒ် ရောင်းချတဲ့ ဆိုင်တွေမှာ ဇန်နဝါရီ ၈ ရက်နေ့ကစပြီး မိုဘိုင်းဖုန်းဆင်းကဒ်တွေစျေးတက်သွားကြောင်း ကိုယ်တိုင်ဆင်းကဒ်သွားဝယ်ခဲ့တဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုထားပါတယ်

အခုလိုစျေးတက်သွားတဲ့ကဒ်တွေကတော့ မှတ်ပုံတင်ပြီးသား ကဒ်တွေဖြစ်ပြီးတော့ အရင်က ဆင်းကဒ်တစ်ကဒ်ကိုကျပ် ၁၅ဝဝဝန်းကျင်နဲ့ ရောင်းချခဲ့တဲ့ ကဒ်တွေဖြစ်တယ်လို့လည်း သူကပြောပါတယ်

အဲ့ဒီကဒ်တွေဟာ မှတ်ပုံတင်ပြီးသား အင်တာနက်အသုံးပြုဖို့ အဆင့်သင့်ကဒ်တွေဖြစ်ပြီး ဇန်နဝါရီလ ၉ ရက်နေ့စျေးကွက်ထဲမှာ တစ်ကဒ်ကို ၅၀၀၀ ကျပ်ကနေ ၇၅၀၀ ကျပ်အထိ ရောင်းနေကြတာတွေ့ရတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှ ာနေထိုင်သူတစ်ဦးက ဘီဘီစ ကိုပြောပါတယ်

အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီလ၆ ရက်နေ့က ဖုန်းဆင်းကဒ်တွေရောင်းတဲ့အခါမှာတစ်ကဒ်ကိုငွေကျပ် ၂သောင်းနှုန်းတပါတည်းအခွန်ကောက်တာကိုဇန်နဝါရီလ ၈ ရက်ကစတင်ပြီး ပြုလုပ်တော့မယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက် ဆင်းကဒ် တစ်ကဒ်တန်ဖိုးဟာ အရင်ကလို၁၅၀၀လောက်နဲ့ရတော့မှ ာမဟုတ်ဘဲ ကျပ် ၂သောင်းကျော်ကျသင့်လာမှာပါ

ဆင်းကဒ်တစ်ကဒ်ကိုအခွန် ငွေ ၂သောင်းကောက်ဖို့အတွက် ဇန်နဝါရီလ ၈ ရက်ကနေလာမယ့်မတ်လ ၃၀ ရက်အထိ သက်တမ်းရှိတဲ့ ၃ လတာအခွန်အေ ကာက်ဥပဒေကိုလည်း အာဏာသိမ်းစစ်ကောင်စီက ပြဌာန်းလာခဲ့တာဖြစ်ပါတယ်

မြန်မာနိုင်ငံတဝန်းလုံးမှာ ၂၀၁၃ ခုနှစ်ကစပြီးလက်ကိုင်သုံး ဖုန်းဆင်းကဒ်တွေကို တစ်ခု ကျပ်၁၅၀၀ နဲ့ စတင်ရောင်းချ ပေးခဲ့တာဖြစ်တယ် အာဏာသိမ်းစစ်ကာင်စီဘက်ကတော့ ပြည်သူတွေ အင်တာနက် အလွန်အကျွံသုံးစွဲမှု မဖြစ်စေဖို့ အခုလို လုပ်ဆောင်တာလို့ဆိုပါတယ်

crd