Local News

ကိုယ်လုံးတီး အဝတ်ဗလာနဲ့ ဝင်ရောက်ရမယ့် ကမ္ဘာ့ပထမဆုံးအပန်းဖြေဥယျာဉ်

Erotikaland လို့အမည်ရတဲ့အပန်းဖြေဥယျာဉ်တစ်ခုကို ဘရာဇီးနိုင်ငံမှာ ဖွင့်လှစ်တော့မှာဖြစ်ပါတယ်

ထိုအပန်းဖြေဥယျာဉ်ထဲမှာတော့ လိ င် နဲ့ပက်သက်တဲ့အရာတွေနဲ့ချည်း ဆင်ယင်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် ဥယျာဉ်ထဲမှာ ချစ်တင်းနှောခြင်းကိုတော့ တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။

ဒီဥယျာဉ်ကြီးကို စတင်ဖွင့်လှစ်မှာဖြစ်ပြီး အထဲမှာလိ င် နဲ့ပက်သက်တဲ့သမိုင်းကြောင်းတွေကိုပြသဖို့ ပြတိုက်တစ်ခုလည်းထားရှိမှာဖြစ်ပါတယ်။

အထဲမှာ လိင်ပညာပေးလုပ်ငန်းတွေလည်း လုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒီဥယျာဉ်ကြီးထဲမှ ာတားမြစ်ထားတာ တစ်ခုပဲရှိပါတယ်။

အဲ့ဒါကတော့ လိင်ဆက်ဆံခြင်းပါ။

တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီး တွေ့ရှိပါက ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်ပါတယ်

ဒီဥယျာဉ်ကြိးထဲမှာ 7D ရုပ်ရှင်ရုံကြီးရှိမည်ဖြစ်ပြီး ထိုင်ရမယ့်ခုံက vibrate ဖြစ်နေမှာဖြစ်ပါတယ်

မိုးပျံရထားရှိမှာဖြစ်ပြီး ဘယ်သူမှအဝတ်အစားမဝတ်ရပါဘူး။

ဒီဥယျာဉ်ကြီးကို သဘောမကျတဲ့ ဒေသခံအများအပြားလည်း ရှိနေပါတယ်။

ဒါပေမယ့် ဒီဥယျာဉ်ကြီးကို တည်ထောင်သူတွေကတော့ ဒေသခံတွေကို အလုပ်အကိုင်ပေါင်း ၂၅၀ လောက်

ဖန်တီးပေးနိုင်ပြီး လိင်ပညာပေးလုပ်ငန်းတွေလည်း အများကြီးလုပ်နိုင်မယ်လို့ဆိုပါတယ်။

ဒါ့အပြင် ဥယျာဉ်ထဲကိုဝင်ရောက်ခ $ 100 ကလည်း ခရီးသွားလုပ်ငန်းကို တိုးတက်စေပြီး

နိုင်ငံကိုအကျိုးပြုမယ်လို့ဆိုပါတယ်။

ဒီအပန်းဖြေဥယျာဉ်ကြီးဟာ Sao Paulo မြို့မှ ၂ နာရီအကြာ ကားမောင်းသွားရတဲ့ Piracicaba အနားမှာတည်ရှိပါတယ်။

အစကတည်းက Carnival ပွဲတော်တွေမှာ အကမယ်တွေဟာ မလုံမခြုံဝတ်လို့ ပြည်သူတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေရထဲအထဲ

ဒီပန်းခြံကိစ္စက ထပ်ပေါ်လာတဲ့အတွက် ပြည်သူအချို့ကတော့ တော်တော်ကိုဒေါသထွက်နေကြပါတယ်။

(Zawgyi)




















crd