အမေ နေမကောင်းတော့ စစချင်း ဪ…ဒီသားတွေနှယ် အနေဝေးလှချည့်၊ ဖြစ်ဖြစ်ချင်း မရောက်နိုင်ဘူးပေါ့။
ချက်ချင်း ပြေးလိုက်သွားတာ။ သားမျက်နှာမြင်တော့ အမေ့မျက်နှာက ရုတ်ချည်း ရွှင်သွားတာများ။
ဘာမှ မလုပ်ပေးရသေးပေမယ့် ဒီလောက်နဲ့တင် အမေဟာ ပြုံးပျော်နေတော့တာ။
ညဖက်တွေ အပေါ့အလေးသွားလို့ အဆင်မပြေရင် ကျနော် မိန်းကလေးတယောက်သာ ဖြစ်လိုက်ချင်တော့တယ်။
အစ်မ တစ်ဝမ်းခွဲက အားလုံး လုပ်ပေးပေမယ့် သားဖြစ်နေတော့ တချို့ဟာတွေ ဝင်မပါနိုင်ပြန်ဘူး။
အမေကလည်း သားဆိုတော့ သဘာဝစိတ်ကြောင့်ထင်ရဲ့၊ တချို့ဟာတွေ အားနာပုံရတယ်။
အဲ… အမေက ကျောင်းအုပ်ဆရာမကြီးဆိုတော့ စကားတော့ အနည်းနဲ့အများ ပြောတတ်တယ်။
များတယ်လို့တော့ မဆိုသာဘူး။ ခု ကုတင်ပေါ်ထိုင်၊ လှဲရင်း လာသမျှ လူနာမေးတွေကို ထိုင်ပြောနေတတ်တာ။
ရောဂါပျောက်သွားသလားတောင် မှတ်ရ။ လူနာမေးတွေကလည်း ကြည့်ဦး၊
ဘေးက တခြားလူနာတွေတောင် အားနာရမယ်။ တခါတခါ လူနာလာမေးရင် ရွာလုံးကျွတ်ကိုး။
ရွာလုံးကျွတ်ဆိုရအောင်လည်း တရွားလုံးက သူ့တပည့်တွေချည်းပဲဗျ။
နှစ် ၃၀ လောက်ဒီရွာမှာ ဆရာမ ဖြစ်၊ နေထိုင် လာခဲ့တော့ တရွာလုံး သူ့တပည့်ချည်းပဲ။
ရွာမှာ ငမိုက်ငဆိုးငမူးတွေကို ဥက္ကဌတို့၊ အုပ်ချုပ်ရေးမှူးတို့ဆိုတာ မနိုင်တော့ တချို့ကောင်တွေ ဒီအတိုင်း လွှတ်ထားရတာ။
တစ်ဖက်ရွာကလူ ကျနော်တို့ ရွာ အရက်လာသောက်ရင် ကျနော်တို့အိမ်ရှေ့က ဖြတ်ပြီး သူ့ရွာပြန်ရတယ်။
တဖက်ကနေမူးရူးပြီး “ဘယ်ခွေးမှ လူမထင်ဘူးကွ” လို့ အော်ဆဲလာတာ။
အဲ…အိမ်ရှေ့ရောက်လို့အမေ့ကို မြင်ရင် ချက်ချင်း လေသံပြောင်းပြီး “ဆရာမကြီး စားပြီးပြီလားခင်ဗျ၊
ကျနော် မမူးသေးပါ ခင်ဗျ” ဆို ဖြစ်သွားရော။
အမေက “သွားသွား စောစော ပြန်။ လိမ်လိမ်မာမာ နေ” စသဖြင့် ပြောလိုက်ရင် ငြိမ်ကုတ်သွားတာ။
အဲ… ၄ အိမ်ကျော်လောက် ရောက်လို့ အမေ့ မမြင်တော့ရင် “ဘယ်လူမှ ခွေးမထင်ဘူး” လို့ အော်သွားပြန်ရော။
တခါသား နှစ်အိမ်ကျော်က လူတယောက် မူးရူး၊ အိမ်ကို ဓားနဲ့ခုတ်၊ သူ့အမေကို ထိုးမယ်၊ ကြိတ်မယ်လုပ်၊
ဆွဲမနိုင်ဖြစ်နေတာ။ ဟိုလူ ဆွဲ မရ၊ ဒီလူ ဟဲ့ မရ။
လက်ထဲမှာလည်း ဓါး ၄ လက်လောက် ကိုင်ထားသေးတယ်။
အမေရောက်သွားတော့မှ “ကဲကဲ ဓါးတွေချလိုက်တော့၊ ဒီလိုလုပ်ရသလား” လှမ်းပြောတော့
ကျနော့်အမေကိုလည်းမြင်ရော ဓါးတွေကို ဘေးမှာချ
“ကျနော် မှားပါတယ် ဆရာမရယ်၊ မလုပ်တော့ပါဘူး” ဆိုပြီး ထိုင်ကန်တော့တာ။ ဒီလိုမျိုး။
ဒီလိုရွာ တစ်ရွာလုံးနဲ့ နေတော့ အမေဟာ ဒီရွာကို ဘယ်စွန့်ချင်ပါ့မလဲလေ။
ရန်ကုန်တခေါက်လောက် ခေါ်ရင်တောင် ငြင်းချင်တာကိုး။
အမေဟာ အမေ့ရွာ၊ အမေ့ကမ္ဘာကို ဘယ်စွန့်ချင်ပါ့မလဲ။
အမေ အမြဲပြောတတ်တဲ့စကားရှိတယ်…အမေ့အမေ ကျနော်တို့အဖွားက ပြောဖူးသတဲ့
“သားသမီးတွေ ပညာတတ်လေလေ၊ မိဘတွေနဲ့ ဝေးလေလေပဲ” တဲ့။
(Zawgyi)
အေမ ေနမေကာင္းေတာ့ စစခ်င္း ဪ…ဒီသားေတြႏွယ္ အေနေဝးလွခ်ည့္၊ ျဖစ္ျဖစ္ခ်င္း မေရာက္ႏိုင္ဘူးေပါ့။
ခ်က္ခ်င္း ေျပးလိုက္သြားတာ။ သားမ်က္ႏွာျမင္ေတာ့ အေမ့မ်က္ႏွာက ႐ုတ္ခ်ည္း ႐ႊင္သြားတာမ်ား။
ဘာမွ မလုပ္ေပးရေသးေပမယ့္ ဒီေလာက္နဲ႔တင္ အေမဟာ ၿပဳံးေပ်ာ္ေနေတာ့တာ။
ညဖက္ေတြ အေပါ့အေလးသြားလို႔ အဆင္မေျပရင္ က်ေနာ္ မိန္းကေလးတေယာက္သာ ျဖစ္လိုက္ခ်င္ေတာ့တယ္။
အစ္မ တစ္ဝမ္းခြဲက အားလုံး လုပ္ေပးေပမယ့္ သားျဖစ္ေနေတာ့ တခ်ိဳ႕ဟာေတြ ဝင္မပါႏိုင္ျပန္ဘူး။
အေမကလည္း သားဆိုေတာ့ သဘာဝစိတ္ေၾကာင့္ထင္ရဲ႕၊ တခ်ိဳ႕ဟာေတြ အားနာပုံရတယ္။
အဲ… အေမက ေက်ာင္းအုပ္ဆရာမႀကီးဆိုေတာ့ စကားေတာ့ အနည္းနဲ႔အမ်ား ေျပာတတ္တယ္။
မ်ားတယ္လို႔ေတာ့ မဆိုသာဘူး။ ခု ကုတင္ေပၚထိုင္၊ လွဲရင္း လာသမွ် လူနာေမးေတြကို ထိုင္ေျပာေနတတ္တာ။
ေရာဂါေပ်ာက္သြားသလားေတာင္ မွတ္ရ။ လူနာေမးေတြကလည္း ၾကည့္ဦး၊
ေဘးက တျခားလူနာေတြေတာင္ အားနာရမယ္။ တခါတခါ လူနာလာေမးရင္ ႐ြာလုံးကြၽတ္ကိုး။
႐ြာလုံးကြၽတ္ဆိုရေအာင္လည္း တ႐ြားလုံးက သူ႔တပည့္ေတြခ်ည္းပဲဗ်။
ႏွစ္ ၃၀ ေလာက္ဒီ႐ြာမွာ ဆရာမ ျဖစ္၊ ေနထိုင္ လာခဲ့ေတာ့ တ႐ြာလုံး သူ႔တပည့္ခ်ည္းပဲ။
႐ြာမွာ ငမိုက္ငဆိုးငမူးေတြကို ဥကၠဌတို႔၊ အုပ္ခ်ဳပ္ေရးမႉးတို႔ဆိုတာ မႏိုင္ေတာ့ တခ်ိဳ႕ေကာင္ေတြ ဒီအတိုင္း လႊတ္ထားရတာ။
တစ္ဖက္႐ြာကလူ က်ေနာ္တို႔ ႐ြာ အရက္လာေသာက္ရင္ က်ေနာ္တို႔အိမ္ေရွ႕က ျဖတ္ၿပီး သူ႔႐ြာျပန္ရတယ္။
တဖက္ကေနမူး႐ူးၿပီး “ဘယ္ေခြးမွ လူမထင္ဘူးကြ” လို႔ ေအာ္ဆဲလာတာ။
အဲ…အိမ္ေရွ႕ေရာက္လို႔အေမ့ကို ျမင္ရင္ ခ်က္ခ်င္း ေလသံေျပာင္းၿပီး “ဆရာမႀကီး စားၿပီးၿပီလားခင္ဗ်၊
က်ေနာ္ မမူးေသးပါ ခင္ဗ်” ဆို ျဖစ္သြားေရာ။
အေမက “သြားသြား ေစာေစာ ျပန္။ လိမ္လိမ္မာမာ ေန” စသျဖင့္ ေျပာလိုက္ရင္ ၿငိမ္ကုတ္သြားတာ။
အဲ… ၄ အိမ္ေက်ာ္ေလာက္ ေရာက္လို႔ အေမ့ မျမင္ေတာ့ရင္ “ဘယ္လူမွ ေခြးမထင္ဘူး” လို႔ ေအာ္သြားျပန္ေရာ။
တခါသား ႏွစ္အိမ္ေက်ာ္က လူတေယာက္ မူး႐ူး၊ အိမ္ကို ဓားနဲ႔ခုတ္၊ သူ႔အေမကို ထိုးမယ္၊ ႀကိတ္မယ္လုပ္၊
ဆြဲမႏိုင္ျဖစ္ေနတာ။ ဟိုလူ ဆြဲ မရ၊ ဒီလူ ဟဲ့ မရ။
လက္ထဲမွာလည္း ဓါး ၄ လက္ေလာက္ ကိုင္ထားေသးတယ္။
အေမေရာက္သြားေတာ့မွ “ကဲကဲ ဓါးေတြခ်လိုက္ေတာ့၊ ဒီလိုလုပ္ရသလား” လွမ္းေျပာေတာ့
က်ေနာ့္အေမကိုလည္းျမင္ေရာ ဓါးေတြကို ေဘးမွာခ်
“က်ေနာ္ မွားပါတယ္ ဆရာမရယ္၊ မလုပ္ေတာ့ပါဘူး” ဆိုၿပီး ထိုင္ကန္ေတာ့တာ။ ဒီလိုမ်ိဳး။
ဒီလို႐ြာ တစ္႐ြာလုံးနဲ႔ ေနေတာ့ အေမဟာ ဒီ႐ြာကို ဘယ္စြန္႔ခ်င္ပါ့မလဲေလ။
ရန္ကုန္တေခါက္ေလာက္ ေခၚရင္ေတာင္ ျငင္းခ်င္တာကိုး။
အေမဟာ အေမ့႐ြာ၊ အေမ့ကမာၻကို ဘယ္စြန္႔ခ်င္ပါ့မလဲ။
အေမ အၿမဲေျပာတတ္တဲ့စကားရွိတယ္…အေမ့အေမ က်ေနာ္တို႔အဖြားက ေျပာဖူးသတဲ့
“သားသမီးေတြ ပညာတတ္ေလေလ၊ မိဘေတြနဲ႔ ေဝးေလေလပဲ” တဲ့။
crd