ဗဟုသုတ

ပြာသိုလပြည့် ရှင်တစ်ထောင်အခါတော်နေ့

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့အဖြစ် သိသူရှားပါး ပေလိမ့်မည်။ ဤသို့သတ်မှတ်ရခြင်းမှာ ဂေါတမဘုရားရှင်လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၄င်းတို့၏အယူဝါဒအားစွန့်ပယ်ကြလျက်ဗုဒ္ဓသာသနာတော်အတွင်းကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကိုချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿဦးဆောင်သောရသေ့သုံးရာ၊ညီငယ်ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်း ဘုရားရှင်က နဂါးကြီးအား တန်ခိုးတော်ဖြင့် အနိုင် ပြလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်းစသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၄င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း၅၀၀ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ ရသေ့များမွှေး၍မရသောမီးကိုတစ်ပြိုင်နက်တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊ မီးအိုးကင်းငါးရာကိုတပြိုင်နက် ဖန်ဆင်းခြင်းစသောတန်ခိုးတော်စုစုပေါင်း ၃၅၁၆မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၄င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့စွန့်ပစ်လိုက်ကြပြီးဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင်(ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်း ရသေ့တစ်ထောင်အား ဂယာသီသကျောက်ဖျာပြင်၌ “အာဒိတ္တ ပရိယာယသုတ္တန် ဒေသနာ”ကိုဟောကြားတော်မူရာ ရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြတော့သည်။

ထိုနေ့သည်ကားပြာသိုလပြည့်နေ့ဖြစ်လေသည်။ရှင်အပါးတစ်ထောင်ဗုဒ္ဓသာသနာအတွင်းဝင်ရောက်ခဲ့သည်ကိုအကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က “ရှင်တစ်ထောင် အခါတော်နေ့”ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်း ဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့်ဘုရားရှင်ဟောကြားဆုံးမသောဒါန၊သီလ၊ဘာ၀နာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Credit အရှင်အာစာရ(၁၆.၁.၂၀၂၂)

ပြာသိုလပြည့်နေ့ကို ရှင်တစ်ထောင်အခါတော်နေ့အဖြစ် သိသူရှားပါး ပေလိမ့်မည်။ ဤသို့သတ်မှတ်ရခြင်းမှာဂေါတမဘုရားရှင် လက်ထက်တော်အခါက ရသေ့ညီနောင် ရှင်အပါးတစ်ထောင်တို့သည် ၎င်းတို့၏ အယူဝါဒအား စွန့်ပယ်ကြလျက် ဗုဒ္ဓသာသနာတော်အတွင်း ကူးပြောင်းရောက်ရှိလာကြသောကြောင့် ဖြစ်ပါသည်။

ဂေါတမမြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် ၁၀၃ခုနှစ်၊ ပထမဝါကျွတ်ပြီးနောက် ရသေ့တစ်ထောင်ကိုချွတ်ရန် ဥရုဝေလတောသို့ တန်ဆောင်မုန်းလပြည့်နေ့တွင် သွားရောက်ခဲ့ပြီး ပြာသိုလပြည့်နေ့အထိ ၂လကြာမျှ ဥရုဝေလတော၌ပင် ရသေ့များနှင့် သီတင်းသုံး ခဲ့ပါသည်။

ထိုစဉ်ကာလ ဥရုဝေလတော၌ အစ်ကိုကြီး ဥရုဝေလကဿ ဦးဆောင်သော ရသေ့ငါးရာ၊ အစ်ကိုလတ် နဒီကဿ ဦးဆောင်သော ရသေ့သုံးရာ၊ ညီငယ်ဂယာကဿ ဦးဆောင်သော ရသေ့နှစ်ရာ စသည်တို့သည် သုံးနေရာခွဲလျက် နေထိုင် သီတင်းသုံး နေကြသည်။

ဥရုဝေလတောအုပ်သို့ ရောက်ရှိတော်မူခဲ့သော ဂေါတမဘုရားရှင်သည် ဦးစွာ ဥရုဝေလကဿ ရသေ့ကြီးထံ သွားရောက်လျက် နေခွင့်တောင်းခံသောအခါ နဂါးကြီးရှိသောနေရာ၌ သီတင်းသုံးခွင့် ရခဲ့သည်။

ရသေ့များ အားလုံးကပင် နဂါးကြီး၏ လက်ချက်ဖြင့် ဘုရားရှင် အသက်ဆုံးမည်ဟု ထင်ကြသော်လည်းဘုရားရှင်ကနဂါးကြီးအားတန်ခိုးတော်ဖြင့်အနိုင် ပြလိုက်သည့်အခါ ရသေ့အပေါင်းတို့သည် ဘုရားရှင်အား လေးစား အထင်ကြီးသွားကြကုန်၏။

ဥရုဝေလကဿ နှင့်တကွ ရသေ့အားလုံးတို့သည် တရားနည်းလမ်းမကျသော မီးလှုံခြင်း၊ ရေငုပ်ခြင်းစသည့် ပဉ္စာတပအကျင့်များကို ကျင့်ကြကုန်၏။

ထိုအကျင့်များကို ကျင့်ခြင်းဖြင့် ကိလေသာ ခေါင်းပါးလိမ့်မည်ဟုလည်း လွဲမှားစွာ မှတ်ထင်ထားကြ၏။

၎င်းတို့၏ ကျင့်ကြံပုံမှာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းနေပြီး ခိုက်ခိုက်တုန်အောင် ချမ်းအေးလှစွာသော ပြာသိုလ သမယအတွင်း သတ်မှတ်ရက် ရှစ်ည၌ နေရဉ္ဇရာမြစ်အတွင်းသို့ သက်ဆင်းကာ ရေငုပ်ကြကုန်၏။ သည့်အတွက် ခိုက်ခိုက်တုန်မျှ အချမ်းဝေဒနာကို ခံစားကြရလေသည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်က ရသေ့များ အချမ်းဝေဒနာ သက်သာစေရန် မီးအိုးကင်း၅၀၀ကို တန်ခိုးတော်ဖြင့် ဖန်ဆင်းပေးတော် မူခဲ့ပါသည်။

ထို့အပြင် ဗုဒ္ဓဘုရားရှင်သည် ရသေ့များခွဲ၍ မကွဲသော ထင်းတုံးငါးရာအား တစ်ပြိုင်နက် ကွဲစေခြင်း၊ရသေ့များမွှေး၍မရသောမီးကိုတစ်ပြိုင်နက် တောက်လောင်စေခြင်း၊ ရသေ့များ ငြိမ်း၍ မရသော မီးငါးရာအား တပြိုင်နက် ငြိမ်းစေခြင်း၊မီးအိုးကင်း ငါးရာကို တပြိုင်နက်ဖန်ဆင်းခြင်းစသောတန်ခိုးတော်စုစုပေါင်း ၃၅၁၆မျိုးကို ပြသတော်မူခဲ့သည်။

ထိုအခါ ရသေ့အပေါင်းတို့သည် ၎င်းတို့၏ အသုံးအဆောင် ပစ္စည်းများအားလုံးကို နေရဉ္ဇရာမြစ်အတွင်းသို့ စွန့်ပစ်လိုက်ကြပြီး ဗုဒ္ဓဘုရားရှင်ထံ၌ ရဟန်းအဖြစ်ကို တောင်းခံခဲ့ကြလေ၏။

ပထမအကြိမ် ဥရုဝေလကဿနှင့် တပည့်များ၊ ဒုတိယအကြိမ် နဒီကဿနှင့် တပည့်များ၊ တတိယအကြိမ် ဂယာကဿနှင့် တပည့်များ သုံးသုတ်ခွဲ၍ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြသည်။

သည့်နောက် ရှင်တစ်ထောင်(ဝါ) ရသေ့တစ်ထောင်လုံး ဧဟိဘိက္ခုရဟန်းများ ဖြစ်လာကြတော့သည်။

ထိုအခါ ဗုဒ္ဓဘုရားရှင်လည်းရသေ့တစ်ထောင်အားဂယာသီသကျောက်ဖျာပြင်၌“အာဒိတ္တပရိယာယသုတ္တန်ဒေသနာ”ကိုဟောကြားတော်မူရာရဟန်းအားလုံး အာသဝေါကုန်ခမ်း၍ အရဟတ္တမဂ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့ကြတော့သည်။

ထိုနေ့သည်ကားပြာသိုလပြည့်နေ့ဖြစ်လေသည်။ရှင်အပါးတစ်ထောင်ဗုဒ္ဓသာသနာအတွင်းဝင်ရောက်ခဲ့သည်ကိုအကြောင်းပြု၍ ပြာသိုလပြည့်နေ့အား ဗုဒ္ဓဘာသာဝင်တို့က “ရှင်တစ်ထောင် အခါတော်နေ့”ဟူ၍ သတ်မှတ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ဓမ္မချစ်ခင် ယောဂီမိဘဆွေမျိုးများ အားလုံးတို့သည်လည်းဘုရားရှင်၏ ဂုဏ်ကို ကြည်ညိုသောအားဖြင့်ဘုရားရှင်ဟောကြားဆုံးမသောဒါန၊သီလ၊ဘာဝနာ တရားများကို ယခုလို မွန်မြတ်လှစွာသော အခါသမယနေ့တွင် အထူး ကျင့်ကြံအားထုတ် ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

Credit အရွင္အာစာရ(၁၆.၁.၂၀၂၂)