ဆင်းမ်ကတ်တွေကို ဘယ်နိုင်ငံမှာမှ အခု မြန်မာပြည်မှာလို လွယ်လွယ်ဝယ်မရဘူး ကီးပတ်ဖုန်းနဲ့ ဗုံးခွဲလို့ ကန့်သတ်တာလို့ စစ်ကောင်စီပြော
ဆင်းမ်ကတ်တွေကို ဘယ်နိုင်ငံမှာမှ အခု မြန်မာပြည်မှာလို လွယ်လွယ်ဝယ်မရဘူး
ကီးပတ်ဖုန်းတွေနဲ့ ဗုံးခွဲနေလို့ ဆင်းမ်ကတ်အသုံးပြုမှုတွေကိုကန့်သတ်လိုက်တာ ဖြစ် တယ်
လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ၁၁ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ယင်းက “ နံပါတ်တစ် လုံခြုံရေးအခြေအနေပြောပါမယ်။ မည်သည့်နိုင်ငံမှာမှ ဆင်းကတ် ကို မြန်မာနိုင်ငံလို လွတ်လွတ်လပ်လပ်ဝယ်ခွင့်မရပါဘူး။
ခုကျွန်တော်တို့ ကီးပတ်ဖုန်း တွေနဲ့ ဗုံးခွဲနေတယ်။
ဆင်းကတ်တွေနဲ့ဗုံးခွဲနေတယ်။
ဘာကြောင့်လဲ ဒီဟာကြောင့် ဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကန့်သတ်ခြင်းဖြစ်ပါတယ်”လို့ပြောပါတယ်။
အခုလိုလုပ်တာက ပြည်သူလူထုကိုဖိနှိပ်ဖို့ အကျပ်အတည်းဖြစ်စေဖို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ယင်းက ထပ်မံပြောပါသေးတယ်။
လက်ရှိမှာ စစ်ကောင်စီက ဖုန်းဆင်းကတ်အခွန်များနှင့် အင်တာ နက်ဝန်ဆောင်မှုများ အပေါ်
အခွန် ကောက် ခံ မယ်လို့ ဇန်နဝါရီ(၆)ရက်နေ့က ထုတ်ပြန်ကြေညာထားပြီး
ဆင်းကတ် (Sim card)ရောင်းချရမှုနှင့်ဆင်းကတ်ကိုစတင်အသုံးပြုနိုင်ရန်
ဆောင်ရွက် ပေးသည့် ဝန်ဆောင်မှု(Sim card Activ ation)အပေါ်
ဆင်းကတ် တစ်ကတ်လျှင်ကျပ်နှစ်သောင်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ပေးရမှာဖြစ် သလို
အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းမှရငွေအပေါ်တစ်ဆယ့်ငါးရာခိုင်နှုန်းဖြင့်
ကုန်သွယ်လုပ် ငန်းခွန်ကျသင့်စေရမည်ဟုထုတ်ပြန်ထားပါတယ်။
(Zawgyi)
ဆင္းမ္ကတ္ေတြကို ဘယ္ႏိုင္ငံမွာမွ အခု ျမန္မာျပည္မွာလို လြယ္လြယ္ဝယ္မရဘူး ကီးပတ္ဖုန္းနဲ႔ ဗုံးခြဲလို႔ ကန႔္သတ္တာလို႔ စစ္ေကာင္စီေျပာ
ဆင္းမ္ကတ္ေတြကို ဘယ္ႏိုင္ငံမွာမွ အခု ျမန္မာျပည္မွာလို လြယ္လြယ္ဝယ္မရဘူး
ကီးပတ္ဖုန္းေတြနဲ႔ ဗုံးခြဲေနလို႔ ဆင္းမ္ကတ္အသုံးျပဳမႈေတြကိုကန႔္သတ္လိုက္တာ ျဖစ္ တယ္
လို႔ စစ္ေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
ဒီေန႔ ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စစ္ေကာင္စီရဲ႕ ၁၁ ႀကိမ္ေျမာက္သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။
ယင္းက “ နံပါတ္တစ္ လုံၿခဳံေရးအေျခအေနေျပာပါမယ္။ မည္သည့္ႏိုင္ငံမွာမွ ဆင္းကတ္ ကို ျမန္မာႏိုင္ငံလို လြတ္လြတ္လပ္လပ္ဝယ္ခြင့္မရပါဘူး။
ခုကြၽန္ေတာ္တို႔ ကီးပတ္ဖုန္း ေတြနဲ႔ ဗုံးခြဲေနတယ္။
ဆင္းကတ္ေတြနဲ႔ဗုံးခြဲေနတယ္။
ဘာေၾကာင့္လဲ ဒီဟာေၾကာင့္ ျဖစ္ပါတယ္။
ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ကန႔္သတ္ျခင္းျဖစ္ပါတယ္”လို႔ေျပာပါတယ္။
အခုလိုလုပ္တာက ျပည္သူလူထုကိုဖိႏွိပ္ဖို႔ အက်ပ္အတည္းျဖစ္ေစဖို႔ လုပ္ေဆာင္တာ မဟုတ္ဘူးလို႔ ယင္းက ထပ္မံေျပာပါေသးတယ္။
လက္ရွိမွာ စစ္ေကာင္စီက ဖုန္းဆင္းကတ္အခြန္မ်ားႏွင့္ အင္တာ နက္ဝန္ေဆာင္မႈမ်ား အေပၚ
အခြန္ ေကာက္ ခံ မယ္လို႔ ဇန္နဝါရီ(၆)ရက္ေန႔က ထုတ္ျပန္ေၾကညာထားၿပီး
ဆင္းကတ္ (Sim card)ေရာင္းခ်ရမႈႏွင့္ဆင္းကတ္ကိုစတင္အသုံးျပဳႏိုင္ရန္
ေဆာင္႐ြက္ ေပးသည့္ ဝန္ေဆာင္မႈ(Sim card Activ ation)အေပၚ
ဆင္းကတ္ တစ္ကတ္လွ်င္က်ပ္ႏွစ္ေသာင္းျဖင့္ ကုန္သြယ္လုပ္ငန္းခြန္ေပးရမွာျဖစ္ သလို
အင္တာနက္ဝန္ေဆာင္မႈလုပ္ငန္းမွရေငြအေပၚတစ္ဆယ့္ငါးရာခိုင္ႏႈန္းျဖင့္
ကုန္သြယ္လုပ္ ငန္းခြန္က်သင့္ေစရမည္ဟုထုတ္ျပန္ထားပါတယ္။