ဗဟုသုတ

ဒေါ်လာ ၁၆.၂ သန်းတန် ထီဆုကြီးကို ပေါက်ခဲ့ပေမယ့်လည်း အကျည်းတန်စွာနဲ ့ ဘဝကိုအဆုံးသတ်ခဲ့ရသူ

ဒေါ်လာ ၁၆.၂ သန်းတန် ထီဆုကြီးကို ပေါက်ခဲ့ပေမယ့်လည်း ဘဝရဲ့အဆုံးသတ်ဟာ သက်တံတွေလို မလှပခဲ့သူ

ကျွန်‌‌တော်တို့အားလုံးဟာ ထီပေါက်ရန် စိတ်ကူးယဉ်ကြ‌လေ့ရှိပါတယ်။

ဒါပေမယ့်ခုဖော်ပြပေးမှာကတော့ အမေရိကန်က ထီဆုကြီးအကြီးကြီးတစ်ခုပေါက်ခဲ့ပေမယ့်လည်း အဆုံးသတ်က သက်တံတွေလို မလှပခဲ့သူတစ်ယောက် အကြောင် းပဲဖြစ်ပါတယ်။

1988 ခုနှစ်တွင် William “Bud” Post III ဟာ Pennsylvania Lottery ကနေ ထီပေါက်ခဲ့ကာ 16.2 သန်း (£ 11 သန်း) ငွေသားဆုကြီးကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

TIME မဂ္ဂဇင်းရဲ့ အဆိုအရ Post ဟာ ထီပေါက်စဉ်တွင် သူ့ရဲ့ဘဏ်အကောင့်ထဲမှာ ၂ ဒေါ်လာသာ ရှိပါတယ်။

ဒါဟာ ထီပေါက်စဉ် ကာလတစ်လျှောက်လုံးတွင် အဆင်းရဲဆုံးကနေ အကြီးမားဆုံး ထီပေါက်မှုကြီးတစ်ခုဖြစ်နိုင်ပါတယ်။

ဒါပေမယ့် နောက်ဆက်တွဲ ဖြစ်ပျက်ခဲ့တာက လူ‌တွေ တော်တော်များများ ထင်ထားတဲ့ အဆုံးသတ် ဒဏ္ဍာရီပုံပြင်ထက် အိပ်မက်ဆိုးတွေ ပိုများပါတယ်။

အနိုင်ရရှိမှုများရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် Post ဟာ သူလိုချင်သမျှကို လုပ်ဆောင်ရန် လုံလောက်တဲ့ ငွေထက် နှစ်စဉ်ပေးချေမှု $ 500,000 ချီးမြှင့်ခံရမှာဖြစ်ပါတယ်။

ပြဿနာက Post ဟာ အဲဒါကို ပညာရှိရှိ မသုံးခဲ့ပါဘူး။

LA Times သို့ပြောရာတွင် ဒေဝါလီခံရှေ့နေ John Lacher က Post အား “The Beverly Hillbillies” ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ရှေ့နေ့ဖော်ပြခဲ့တဲ့ လူကတော့ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာတဲ့ အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

သူပထမဆုံးငွေပေးချေပြီး နှစ်ပတ်အတွင်းမှာပဲ Post ဟာ ရရှိငွေသုံးပုံနှစ်ပုံကို စားသောက်ဆိုင်နှင့် ကားများကို ဝယ်ယူခဲ့ပါတယ်။

အဲ့နောက် သူ့အစ်ကိုဖြစ်သူက သူ့ကိုသတ်ဖို့ လုပ်ကြံသတ်ဖြတ်ရေးသမားကို ငှားရမ်းလို့ အဖမ်းခံရတဲ့အခါ အခြေအနေတွေက ပိုဆိုးလာခဲ့ပါတယ်။

YahooNews ရဲ့ အဆိုအရ သူ့ရဲ့အစ်ကိုဟာ အမွေမရခဲ့တာကြောင့် သူနဲ့ သူရဲ့ဆဋ္ဌမမြောက်ဇနီးတို့ကို ရိုက်နှက်ခဲ့ဖူးပါတယ်။

တကယ်တော့ သိသာထင်ရှားစွာ အမွေပေးဖို့အတွက်တော့ ပစ္စည်းနဲ့ ငွေကြေးတွေက မရှိခဲ့ပါဘူး။

Post ဟာ လေယာဉ်မှူးလိုင်စင်မပိုင်ဆိုင်‌ပေမယ့်လည်း အင်ဂျင်နှစ်လုံးတပ်ဂျက်လေယာဉ်ဝယ်ယူခြင်းအပါအဝင်

သံသယဖြစ်ဖွယ်ဝယ်ယူမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးတွင် သူဟာ ဒေဝါလီခံရကြောင်း ကြေငြာခဲ့ပြီး ငွေတောင်းခံသူရဲ့ ဦးခေါင်းကို

သေနတ်ဖြင့် ပစ်သတ်ခဲ့တာကြောင့် ထောင်ထဲတွင် အချိန်ကုန်ခဲ့ရပါတယ်။

သူက “လူတိုင်း ပိုက်ဆံရဖို့ အိပ်မက်မက်ကြတယ်၊

ဒါပေမယ့် လုပ်ငန်းကနေ ထွက်လာတဲ့ အိပ်မက်ဆိုးတွေ၊ ဒါမှမဟုတ် ပြဿနာတွေကို ဘယ်သူမှ မသိကြဘူး။

ငါဆင်းရဲနေခဲ့တုန်းကမှ ပျော်ရွှင်ဖို့ ကောင်းခဲ့ပါသေးတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ်။

Post ဟာထီးဆုကြီးတစ်ခုကိုပေါက်ခဲ့ပေမယ့်လည်း အစ်ကိုဖြစ်သူရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကိုလည်း

ခံခဲ့ရတော့မလိုဖြစ်ခဲ့ပြီး ပိုက်ဆံတွေကိုလည်း သေချာအသုံးမပြုခဲ့တာကြောင့် နောက်ဆုံးတော့ ထောင်ထဲမှာပဲ ဘဝကနိဂုံးချုပ်ခဲ့ပါတယ်။

(Zawgyi)

ေဒၚလာ ၁၆.၂ သန္းတန္ ထီဆုႀကီးကို ေပါက္ခဲ့ေပမယ့္လည္း ဘဝရဲ႕အဆုံးသတ္ဟာ သက္တံေတြလို မလွပခဲ့သူ

ကြၽန္‌‌ေတာ္တို႔အားလုံးဟာ ထီေပါက္ရန္ စိတ္ကူးယဥ္ၾက‌ေလ့ရွိပါတယ္။

ဒါေပမယ့္ခုေဖာ္ျပေပးမွာကေတာ့ အေမရိကန္က ထီဆုႀကီး အႀကီးႀကီးတစ္ခုေပါက္ခဲ့ေပမယ့္လည္း အဆုံးသတ္က သက္တံေတြလို မလွပခဲ့သူတစ္ေယာက္အေၾကာင္းပဲျဖစ္ပါတယ္။

1988 ခုႏွစ္တြင္ William “Bud” Post III ဟာ Pennsylvania Lottery ကေန ထီေပါက္ခဲ့ကာ

16.2 သန္း (£ 11 သန္း) ေငြသားဆုႀကီးကို ပိုင္ဆိုင္ရရွိခဲ့ပါတယ္။

TIME မဂၢဇင္းရဲ႕ အဆိုအရ Post ဟာ ထီေပါက္စဥ္တြင္ သူ႔ရဲ႕ဘဏ္အေကာင့္ထဲမွာ ၂ ေဒၚလာသာ ရွိပါတယ္။

ဒါဟာ ထီေပါက္စဥ္ ကာလတစ္ေလွ်ာက္လုံးတြင္ အဆင္းရဲဆုံးကေန အႀကီးမားဆုံး ထီး‌ေပါက္မႈႀကီးတစ္ခုျဖစ္ႏိုင္ပါတယ္။

ဒါေပမယ့္ ေနာက္ဆက္တြဲ ျဖစ္ပ်က္ခဲ့တာက လူ‌ေတြ ေတာ္ေတာ္မ်ားမ်ား ထင္ထားတဲ့ အဆုံးသတ္ ဒ႑ာရီပုံျပင္ထက္ အိပ္မက္ဆိုးေတြ ပိုမ်ားပါတယ္။

အႏိုင္ရရွိမႈမ်ားရဲ႕ တစ္စိတ္တစ္ပိုင္းအေနျဖင့္ Post ဟာ သူလိုခ်င္သမွ်ကို လုပ္ေဆာင္ရန္လုံေလာက္တဲ့ ေငြထက္ ႏွစ္စဥ္ေပးေခ်မႈ $ 500,000 ခ်ီးျမႇင့္ခံရမွာျဖစ္ပါတယ္။

ျပႆနာက Post ဟာ အဲဒါကို ပညာရွိရွိ မသုံးခဲ့ပါဘူး။

LA Times သို႔ေျပာရာတြင္ ေဒဝါလီခံေရွ႕ေန John Lacher က Post အား “The Beverly Hillbillies” ဆိုၿပီး ေဖာ္ျပခဲ့ပါတယ္။

ေရွ႕ေန႔ေဖာ္ျပခဲ့တဲ့ လူကေတာ့ ေန႔ခ်င္းညခ်င္း သန္းႂကြယ္သူေဌးျဖစ္လာတဲ့ အမ်ိဳးသားတစ္ဦးပဲျဖစ္ပါတယ္။

သူပထမဆုံးေငြေပးေခ်ၿပီး ႏွစ္ပတ္အတြင္းမွာပဲ Post ဟာ ရရွိေငြသုံးပုံႏွစ္ပုံကို စားေသာက္ဆိုင္ႏွင့္ ကားမ်ားကို ဝယ္ယူခဲ့ပါတယ္။

အဲ့ေနာက္ သူ႔အစ္ကိုျဖစ္သူက သူ႔ကိုသတ္ဖို႔ လုပ္ႀကံသတ္ျဖတ္ေရးသမားကို ငွားရမ္းလို႔ အဖမ္းခံရတဲ့အခါ အေျခအေနေတြက ပိုဆိုးလာခဲ့ပါတယ္။

YahooNews ရဲ႕ အဆိုအရ သူ႔ရဲ႕အစ္ကိုဟာ အေမြမရခဲ့တာေၾကာင့္ သူနဲ႔ သူရဲ႕ဆ႒မေျမာက္ဇနီးတို႔ကို ႐ိုက္ႏွက္ခဲ့ဖူးပါတယ္။

တကယ္ေတာ့ သိသာထင္ရွားစြာ အေမြေပးဖို႔အတြက္ေတာ့ ပစၥည္းနဲ႔ ေငြေၾကးေတြက မရွိခဲ့ပါဘူး။

Post ဟာ ေလယာဥ္မႉးလိုင္စင္မပိုင္ဆိုင္‌ေပမယ့္လည္း အင္ဂ်င္ႏွစ္လုံးတပ္ဂ်က္ေလယာဥ္ဝယ္ယူျခင္းအပါအဝင္

သံသယျဖစ္ဖြယ္ဝယ္ယူမႈမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆက္တိုက္ျပဳလုပ္ခဲ့ပါတယ္။

ေနာက္ဆုံးတြင္ သူဟာ ေဒဝါလီခံရေၾကာင္း ေၾကျငာခဲ့ၿပီး ေငြေတာင္းခံသူရဲ႕ ဦးေခါင္းကိုေသနတ္ျဖင့္ ပစ္သတ္ခဲ့တာေၾကာင့္ ေထာင္ထဲတြင္ အခ်ိန္ကုန္ခဲ့ရပါတယ္။

သူက “လူတိုင္း ပိုက္ဆံရဖို႔ အိပ္မက္မက္ၾကတယ္၊

ဒါေပမယ့္ လုပ္ငန္းကေန ထြက္လာတဲ့ အိပ္မက္ဆိုးေတြ၊ ဒါမွမဟုတ္ ျပႆနာေတြကို ဘယ္သူမွ မသိၾကဘူး။

ငါဆင္းရဲေနခဲ့တုန္းကမွ ေပ်ာ္႐ႊင္ဖို႔ ေကာင္းခဲ့ပါေသးတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

Post ဟာထီးဆုႀကီးတစ္ခုကိုေပါက္ခဲ့ေပမယ့္လည္း အစ္ကိုျဖစ္သူရဲ႕ လုပ္ႀကံသတ္ျဖတ္ျခင္းကိုလည္း

ခံခဲ့ရေတာ့မလိုျဖစ္ခဲ့ၿပီး ပိုက္ဆံေတြကိုလည္း ေသခ်ာအသုံးမျပဳခဲ့တာေၾကာင့္ေနာက္ဆုံးေတာ့ ေထာင္ထဲမွာပဲ ဘဝကနိဂုံးခ်ဳပ္ခဲ့ပါတယ္။

Source: Daily Star