Local News

17 လက်မအရှည်ရှိတဲ့ အဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို တယုတယမွေးထားပြီး ခန္ဓာကိုယ်ပေါ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ အမျိုးသား

17 လက်မအရှည်ရှိတဲ့ အဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကို တယုတယမွေးထားပြီး ခန္ဓာကိုယ်ပေါ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ အမျိုးသား

လူအတော်အများက အိမ်မွေးတိရစ္ဆာန်တွေဆိုရင် ချစ်ဖို့ကောင်းတဲ့ ခွေးလေး ၊ ကြောင်လေးတွေကိုမွေးလေ့ရှိပေမဲ့လည်း ၊အချို့သောသူတွေကတော့ ကြောက်ဖို့ကောင်းလွန်းပြီး အဆိပ်ပြင်းတဲ့ အကောင်တွေကို အိမ်မွေးအကောင်အဖြစ် မွေးထားတတ်ကြပါတယ် ။

ဒီတစ်ခေါက်မှာလည်းထိုင်ဝမ်မှာနေထိုင်တဲ့အမျိုးသားတစ်ဦးဟာ 17လက်မခန့်အရှည်ရှိတဲ့ ကြီးမားပြီးအဆိပ်ပြင်းလွန်းတဲ့ကင်းခြေများကိုအိမ်မွေးအကောင်အဖြစ် တယုတယမွေးထားပြီး ၊ သူ့ရဲ့ခန္ဓာကိုယ်အနှံ့ တွားသွားခွင့်ပေးထားတဲ့ video ဟာ social media ပေါ်မှာ အတော်လေးကိုပျံ့နှံ့လျက်ရှိနေပါတယ် ။

Neil Cheng Le အမည်ရှိတဲ့ အမျိုးသားဟာ 2014 ခုနှစ်က အဆိုပါကင်းခြေများကို ဝယ်ပြီးမွေးခဲ့တာပါ ။ အစပိုင်းမှာကင်းခြေများက ယခုလောက်အထိတော့ မကြီးသေးပါဘူး ။Neil ဟာအဆိုပါကင်းခြေများကို ကြောင်တွေ၊ခွေးတွေမွေးသလိုမွေးထားပြီး နေရာအနှံ့ပေးသွားခွင့်ပေးကာ ၊လက်နဲ့လည်းကိုယ်တိုင်အစာကျွေးပြီး ၊ ခေါင်းကိုပါ လက်နဲ့ပွတ်သပ်ပေးလေ့ရှိပါသေးတယ် ။

ကင်ခြေများကတော့ သူ့ကို တစ်ကြိမ်တစ်ခါမှ ထိခိုက်ဒဏ်ရာ ပေးဖူးခြင်းမျိုး မရှိကြောင်းလည်း Neil က ပြောပြခဲ့ပါသေးတယ် ။ကင်ခြေများတွေကိုက်ရင်တော့ မအီမသာဖြစ်ပြီး ပျို့အန်ခြင်း ၊ အဖျားတက်ခြင်း နဲ့ ရည်ကြည်ဖုထခြင်းစတဲ့လက္ခဏာမျိုး ခံစားကြရမှာပါ ။ယခုလို အကောင်ကြီးဆိုရင်တော့ ပိုပြီးတော့တောင် အန္တရာယ်ဖြစ်နိုင်လို့ အကိုက်မခံရဖို့ အထူးသတိထားသင့်ကြောင်းလည်း သိရှိရပါတယ် ။

Zawgyi

17 လက္မအရွည္ရွိတဲ့ အဆိပ္ျပင္းလြန္းတဲ့ကင္းေျခမ်ားကို တယုတယေမြးထားၿပီး ခႏၶာကိုယ္ေပၚအႏွံ႔ တြားသြားခြင့္ေပးထားတဲ့ အမ်ိဳးသား

လူအေတာ္အမ်ားက အိမ္ေမြးတိရစာၦန္ေတြဆိုရင္ ခ်စ္ဖို႔ေကာင္းတဲ့ ေခြးေလး၊ ေၾကာင္ေလးေတြကို ေမြးေလ့ရွိေပမဲ့လည္း၊အခ်ိဳ႕ေသာသူေတြကေတာ့ ေၾကာက္ဖို႔ေကာင္းလြန္းၿပီး အဆိပ္ျပင္းတဲ့ အေကာင္ေတြကို အိမ္ေမြးအေကာင္အျဖစ္ ေမြးထားတတ္ၾကပါတယ္ ။

ဒီတစ္ေခါက္မွာလည္း ထိုင္ဝမ္မွာ ေနထိုင္တဲ့အမ်ိဳးသားတစ္ဦးဟာ 17 လက္မခန႔္အရွည္ရွိတဲ့ ႀကီးမားၿပီးအဆိပ္ျပင္းလြန္းတဲ့ကင္းေျခမ်ားကို အိမ္ေမြးအေကာင္အျဖစ္ တယုတယေမြးထားၿပီး ၊ သူ႔ရဲ႕ခႏၶာကိုယ္အႏွံ႔ တြားသြားခြင့္ေပးထားတဲ့ video ဟာ social media ေပၚမွာ အေတာ္ေလးကိုပ်ံ႕ႏွံ႔လ်က္ရွိေနပါတယ္ ။

Neil Cheng Le အမည္ရွိတဲ့ အမ်ိဳးသားဟာ2014 ခုႏွစ္ကအဆိုပါကင္းေျခမ်ားကိုဝယ္ၿပီးေမြးခဲ့တာပါ ။အစပိုင္းမွာကင္းေျခမ်ားကယခုေလာက္အထိေတာ့ မႀကီးေသးပါဘူး ။ Neil ဟာအဆိုပါကင္းေျခမ်ားကို ေၾကာင္ေတြ၊ ေခြးေတြ ေမြးသလို ေမြးထားၿပီး ေနရာအႏွံ႔ေပးသြားခြင့္ေပးကာ ၊လက္နဲ႔လည္း ကိုယ္တိုင္အစာေကြၽးၿပီး ၊ ေခါင္းကိုပါ လက္နဲ႔ပြတ္သပ္ေပးေလ့ရွိပါေသးတယ္ ။

ကင္ေျခမ်ားကေတာ့ သူ႔ကို တစ္ႀကိမ္တစ္ခါမွ ထိခိုက္ဒဏ္ရာ ေပးဖူးျခင္းမ်ိဳး မရွိေၾကာင္းလည္း Neil က ေျပာျပခဲ့ပါေသးတယ္ ။ကင္ေျခမ်ားေတြကိုက္ရင္ေတာ့ မအီမသာျဖစ္ၿပီး ပ်ိဳ႕အန္ျခင္း ၊ အဖ်ားတက္ျခင္း နဲ႔ ရည္ၾကည္ဖုထျခင္း စတဲ့လကၡဏာမ်ိဳး ခံစားၾကရမွာပါ ။ယခုလိုအေကာင္ႀကီးဆိုရင္ေတာ့ ပိုၿပီးေတာ့ေတာင္ အႏၲရာယ္ျဖစ္ႏိုင္လို႔ အကိုက္မခံရဖို႔ အထူးသတိထားသင့္ေၾကာင္းလည္း သိရွိရပါတယ္ ။

crd