ဗဟုသုတ

ဒေါ်လာသန်းချီတန်သည့်ကားကို မိမိသေလျှင်အတူမြေမြှုပ်မည်ဆိုသည့် သူဌေးတစ်ယောက်

ဘရာဇီးလ်နိုင်ငံတွင် အလွန်ချမ်းသာသော သူဌေးကြီးတစ်ယောက်ရှိသည်။ သူကတစ်နေ့တွင်ဤသို့ကြေညာချက်ထုတ်ပြန်သည်။ကျွန်ုပ်ပိုင်ဆိုင်သော ဒေါ်လာသန်းချီတန်သည့် ဘင့်တ်လေကားအား ကျွန်ုပ်သေလျင် မြေကြီးထဲ၌ အတူတူမြှုပ်ပါမည်။ နောင်ဘဝတွင် ကျွန်ုပ်နေဖြင့် ထိုကားကိုစီးနိုင်ရန်ဖြစ်သည်ဟူ၏။

ထိုသတင်းကိုကြားသည့်အခါတွင် မီဒီယာတွေကလည်း သူ့ကိုအာရုံစိုက်လာကြသည်။ ထို့ပြင်ဝေဖန်မှု တွေကလည်း မြင့်တက်လာသည်။သက်သက်ဖြုန်းတီးတာပဲ ဒီလောက်အဖိုးတန်တာကြီးကို ရောင်းပြီးတော့ လှူခဲ့ပါလား သေရင်ကိုယ့်နောက်ပါမှာလား စသည်ဖြင့် အမျိုးမျိုးပြောဆိုကြပါသည်။

ထို့ကြောင့် သူဌေးကြီးသည် မီဒီယာနှင့်တွေ့ဆုံပွဲကို တစ်နေ့တွင် ပြုလုပ်သည်။ မီဒီယာတွေရော လူတွေကရော စိတ်ဝင်စားစွာဖြင့်ရှင်းလင်းပွဲလုပ်မည့် သင်္ချိုင်းကို ရောက်လာကြသည်။ သင်္ချိုင်းတွင်ကားတစ်စီးစာဝင်ဆန့်မည် မြေကျင်းကြီးကိုတူးထားသည်။ သူနှင့်အတူမြှုပ်နှံပေးရန် ဆိုသည့်ဘင့်တ်လေ ကားကြီးကိုလည်း မြေကျင်းအနီးတွင် ပြသထားသည်။

သူဌေးကြီးကရောက်လာပြီးကျုပ်ဒီဒေါ်လာသန်းချီတန်တဲ့ကားကြီးကိုတကယ်ပဲမြေထဲမြှုပ်မယ်ထင်ကြသလားသူ့မေးခွန်းကြောင့် အားလုံးစိတ်ဝင်စားကာ ရုတ်ရုတ် သဲသဲဖြစ်ကုန်သည်။

သူကဆက်ပြောသည်ကျုပ် ဒီကားကြီးကို အတူတူမြှုပ်မယ်ပြောတော့ ခင်ဗျားတို့ ပြစ်တင်ဝေဖန်ကြတယ်လေ ဒေါ်လာတစ်သန်းတန်ကားကြီးကို ဘာဖြစ်လို့ မြှုပ်မှာလဲ အဓိပ္ပာယ်မရှိဘူးပေါ့။

သူကနားလိုက်ပြီးမှဆက်ပြောသည် ခင်ဗျားတို့လည်း အဖိုးတန်တာတွေကို အလကားမြေမြှုပ်ပစ်နေကြတာပဲ မဟုတ်လားမီဒီယာသမားများကို စိတ်ဝင်စားသဖြင့် မေးကြသည်။

သူဌေးကြီး ဘာတွေကို အလကားမြှုပ်ပစ်နေကြလို့လဲ…။ နှလုံးတွေ၊ အသည်းတွေ၊ အဆုတ်တွေ၊ မျက်လုံးတွေ၊ ကျောက်ကပ်တွေလေ သေပြီပဲဗျာ ခင်ဗျားတို့ ဘာဖြစ်လို့ အလကားဖြစ်အောင် လုပ်ကြတာလဲ။

လောကကြီးမှာ အသည်း၊နှလုံး၊ ကျောက်ကပ်၊မျက်လုံးတွေကို အစားထိုးဖို့ စောင့်နေတဲ့သူတွေ အများကြီးဗျ။ ခင်ဗျားတို့ရဲ့ ကောင်းမွန်တဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်းတွေဟာ လိုအပ်သူတွေအတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးပါတယ်။

သေသူက သေသွားပြီဆိုပေမယ့် ကယ်တင်နိုင်တဲ့ အသက်တွေ အများကြီးပါအမှန်တော့သူဌေးကြီးသည် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို လှူဒါန်းရန်အတွက် ထိုသို့ပွဲဖြစ်ရန် စီစဉ်ခြင်းဖြစ်သည်။

မည်သူ့ကိုလှူသင့်သည် မည်မျှလှူသင့်သည် မည်သို့လှူသင့်သည် မည်သည့်နေရာကိုလှူသင့်သည် ပြောစရာမလိုဟု ထင်ပါသည်။ သို့သော်…လှူသင့် လှူထိုက်သောအလှူ၊ ကူသင့်ကူထိုက်သောအလှူ ပေးသင့်ပေးထိုက်သောအလှူ၊ ကျွေးသင့်ကျွေးထိုက်သောအလှူမျိုးဖြစ်လျှင် ပိုကောင်းမည်ထင်ပါသည်။

ရေနစ်သူအတွက် ကောက်ရိုးလေးတစ်မျှင်ဖြစ်လျှင် ပိုကောင်းပါသည်ရေရှည်အကျိုး မျှော်ကိုးကြပါ ရောက်သင့်သည့်နေရာ ရောက်ပါစေ လိုသည့်နေရာတွေကို လိုအပ်တာတွေရောက်ပါစေ လှူတတ်ကြပါစေကြောင်း ဆုတောင်းပါသည်။

Crd…

ဘရာဇီးလ်နိုင်ငံတွင် အလွန်ချမ်းသာသော သူဌေးကြီးတစ်ယောက်ရှိသည်။ သူကတစ်နေ့တွင်ဤသို့ကြေညာချက်ထုတ်ပြန်သည်။ကျွန်ုပ်ပိုင်ဆိုင်သော ဒေါ်လာသန်းချီတန်သည့် ဘင့်တ်လေကားအား ကျွန်ုပ်သေလျင် မြေကြီးထဲ၌ အတူတူမြှုပ်ပါမည်။ နောင်ဘဝတွင် ကျွန်ုပ်နေဖြင့် ထိုကားကိုစီးနိုင်ရန်ဖြစ်သည်ဟူ၏။

ထိုသတင်းကိုကြားသည့်အခါတွင် မီဒီယာတွေကလည်း သူ့ကိုအာရုံစိုက်လာကြသည်။ ထို့ပြင်ဝေဖန်မှု တွေကလည်း မြင့်တက်လာသည်။သက်သက်ဖြုန်းတီးတာပဲ ဒီလောက်အဖိုးတန်တာကြီးကို ရောင်းပြီးတော့ လှူခဲ့ပါလား သေရင်ကိုယ့်နောက်ပါမှာလား စသည်ဖြင့် အမျိုးမျိုးပြောဆိုကြပါသည်။

ထို့ကြောင့် သူဌေးကြီးသည် မီဒီယာနှင့်တွေ့ဆုံပွဲကို တစ်နေ့တွင် ပြုလုပ်သည်။ မီဒီယာတွေရော လူတွေကရော စိတ်ဝင်စားစွာဖြင့်ရှင်းလင်းပွဲလုပ်မည့် သင်္ချိုင်းကို ရောက်လာကြသည်။ သင်္ချိုင်းတွင် ကားတစ်စီးစာဝင်ဆန့်မည် မြေကျင်းကြီးကို တူးထားသည်။ သူနှင့်အတူ မြှုပ်နှံပေးရန်ဆိုသည့် ဘင့်တ်လေကားကြီးကိုလည်း မြေကျင်းအနီးတွင် ပြသထားသည်။

သူဌေးကြီးက ရောက်လာပြီးကျုပ်ဒီဒေါ်လာသန်းချီတန်တဲ့ ကားကြီးကို တကယ်ပဲမြေထဲမြှုပ်မယ်ထင်ကြသလား သူ့မေးခွန်းကြောင့် အားလုံးစိတ်ဝင်စားကာ ရုတ် ရုတ်သဲသဲဖြစ်ကုန်သည်။

သူကဆက်ပြောသည်ကျုပ် ဒီကားကြီးကို အတူတူမြှုပ်မယ်ပြောတော့ ခင်ဗျားတို့ ပြစ်တင်ဝေဖန်ကြတယ်လေ ဒေါ်လာတစ်သန်းတန်ကားကြီးကို ဘာဖြစ်လို့ မြှုပ်မှာလဲ အဓိပ္ပာယ်မရှိဘူးပေါ့။

သူကနားလိုက်ပြီးမှ ဆက်ပြောသည် ခင်ဗျားတို့လည်း အဖိုးတန်တာတွေကို အလကား မြေမြှုပ်ပစ်နေကြတာပဲ မဟုတ်လား မီဒီယာသမားများကို စိတ်ဝင်စားသဖြင့် မေးကြသည်။