ဗဟုသုတ

နေ့စဉ်သောက်နေတဲ့ ၁၀၀တန်ကော်ဖီမစ်ထုပ်ကို ကော်ဖီမှုန့်အစစ်နဲ့ လုပ်တယ်လို့ ထင်နေကြတုန်းပဲလား

ကော်ဖီမစ်မှာ ပစ္စည်း၃မျိုးပါဝင်ပါတယ်။

၁။ကော်ဖီမှုန့်

၂။သကြား

၃။ကော်ဖီမိတ်

၁။ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့်ကို သုံးကြပါတယ်။

အခုနောက်ပိုင်း ပိုစျေးသက်သာတဲ့ ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။ကုန်ကျစရိတ်က အဆ၁၀၀ အဆ၂၀၀အထိ သက်သာတယ်လို့ ထိုင်ဝမ်က အ စား အသောက် ပညာရှင်တွေက ပြောပါတယ်။

ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့်၊ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရောလိုက်တာပါ။ အဲဒါကို သကြား၊ကော်ဖီမိတ်တွေနဲ့ ရောဖျော်လိုက်တဲ့အခါ ကော်ဖီအစစ်နဲ့ ခွဲလို့မရတော့ပါဘူး။

ဒီလိုလုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန့်မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ထိုင်ဝမ်FDAက ကော်ဖီမှုန့်အတု၊ ကော်ဖီရနံ့တွေကို တရားဝင်ရောင်းချခွင့်ပြုထားတဲ့အတွက် ကော်ဖီမှုန့်အတုနဲ့လုပ်ထားတဲ့ ကော်ဖီတွေရောင်းချနေကြပါတယ်။

ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ်။ မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာရှိပါတယ်။

ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့ မြေပဲရှိပါတယ်။ အမေရိကန်မှာ ချားကိုးလ်မိုခါးဆိုပြီး ချောကလက်မှုန့်၊ မီးသွေးမှုန့်၊သကြား၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ်။

မီးသွေးမှုန့်က အုန်းမုတ်ခွက်ကရတဲ့ မီးသွေးမှုန့်လို့ ဖော်ပြထားပါတယ်။ ဟိုတလောက မြန်မာပြည်က ကော်ဖီမစ်စက်ရုံကို အုန်းမှုတ်ခွက်တွေပို့တဲ့ ဆောင်းပါးတစ်ပုဒ် FBမှာတွေ့လိုက်တယ်။

အုန်းမှုတ်ခွက်ကို မီးသွေးမှုန့်လုပ်ပြီး ကော်ဖီမစ်ထဲ ထည့်တာလားတော့ မသိဘူးပေါ့လေ။ ထင်တာပြောတာပါ။ ပိုဆိုးတာကတော့ အဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေပါ။

၂၀၁၈ခု ဧပြီလမှာ ဗီယက်နမ် နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့အခါ ဓာတ်ခဲအဟောင်းတွေကရတဲ့ အမည်းရောင် အမှုန့်တွေကိုသုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခဲအဟောင်းတွေကရတဲ့ အမှုန့်၃၅ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေဝယ်ပြီး အရောင်လှအောင်ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ခဲကရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓာတ်ပါတဲ့အတွက် ဒီကော်ဖီမှုန့်တွေရေရှည်သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ်။

ဒီလိုအဆိပ်ပါတဲ့ ကော်ဖီစေ့၁၀တန်ကျော်ကို သိမ်းဆည်းရမိပြီး ၃တန်ကျော်က စျေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ်။

ဒီသတင်းဟာကော်ဖီ သောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ်၁၅မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလိုအဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေ မဝင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ခဲ့ပါဘူး။

၂။သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြားကိုသုံးပါတယ်။

၃။ကော်ဖီမိတ်ကို ၁၉၆၁ခုမှာ အမေရိကန်နက်စ်တယ်ကုမ္ပဏီကစထုတ်ခဲ့ပါတယ်။ နွားနို့နှင့်မပြုလုပ်ထားသော မလိုင်အဆီပါ။

ဘာတွေနဲ့ လုပ်ထားတာလဲဆိုတာ ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရအောင်။ ကော်ဖီသောက်ရင် အသုံးပြုသည့်နွားနို့နှင့်မပြုလုပ်ထားသော အမှုန့်များဟာ ဘာတွေပါနေတာပါလဲ။

၁။ပြောင်းဖူးမှလာသောသကြား

၂။နို့ထည့်ထားသကဲ့သို့ ဖြစ်နေတာကတော့ ပဲပိစပ်ဆီကြောင့် ဖြစ်ပါတယ်။

၃။ဆိုဒီယမ် ကက်စီနိတ် နွားနို့မှာ ပါဝင် သော ပရိုတင်းဓာတ် ဖြစ်ပါတယ်။ သူဟာဒြပ်ဝတ္ထုများ မပြိုကွဲစေရန် ထည့်သည့်ဓာတုပစ္စည်း တစ်ခုဖြစ်ပါတယ်။

၄။မိုနိုဂလိုင်စီရိတ်နှင့် ဒိုင်ဂလိုင်စီရိတ်ပါဝင်နေသောပစ္စည်းများရောစပ်ရာတွင်ကောင်းစွာသမ၍တစ်သားတည်း ဖြစ်စေရန်အတွက်ထည့်ရသောဝတ္ထုပစ္စည်း ကော်ဖီနှင့် အမှုန့်တစ်သားတည်း ဖြစ်နေစေရန်ဖြစ်ပါတယ်။

၅။ဖော့စဖိတ်အက်ဆစ် ခပ်ပြစ်ပြစ်ကလေးဖြစ်နေစေပြီးပါဝင်နေသောပစ္စည်းများ တစုတစည်းတည်းတစ်ပေါင်းတည်း ဖြစ်နေစေရန်ဖြစ်စေသော ဓာတုပစ္စည်း သြော်…စဉ်းစားကြည့်မယ်ဆိုရင် အိပ်ယာက နိုးလာသည့်အခါ သောက်တော့မည့်ကော်ဖီခွက်ထဲမှာ ဒီဓာတုဆေးမျိုးစုံကို ထည့်ပြီးသောက်ချင်ပါသလားဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။

အချို့အမှုန့်ဆိုရင် အရသာအမျိုးမျိုးထွက်အောင် ထပ်ပြီးရောနှောထားသည့် ဓာတုဆေးတွေလဲ အပိုပါပါသေးတယ်။ ဒီကော်ဖီမိတ်တွေဟာအမှုန့်အနေနဲ့လာသလို အရည်အဖြစ်နဲ့လဲ ရောင်းချလေ့ ရှိပါတယ်။

အမှုန့်မှာကခဲမသွားရအောင် ဓာတုဆေးတစ်မျိုးထပ်ပြီး ပါပြန်ပါတယ်။ ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ်ပါတယ်။ လောင်ကျွမ်းစေတတ်သော ဓာတ်တစ်မျိုးလဲဖြစ်ပါတယ်။ (ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးမှကူးယူ ဖော်ပြပါသည်။)

ကော်ဖီမိတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ။ ကော်ဖီမိတ်မှာ သကြား၊မကောင်းတဲ့အဆီ၊ တာရှည်အထားခံဆေးပဲပါလို့ ကျန်းမာရေးအတွက် မကောင်းပါ။ ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာပြီး နောက်ဆုံးမှာတော့ အရောင်ချွတ် သကြားနဲ့ တာရှည်ခံဆေးတွေပဲ ပါတော့တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။

ပြောင်းဖူးမှလာသောသကြား ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။ သကြားတွေက လူကိုအဝလွန်စေပါတယ်။ ကိုယ်တွင်းကလီစာတွေမှာ အဆီတွေစုပြီး ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ၊ကင်ဆာ တွေ ဖြစ်ပွားစေပါတယ်။

တချို့အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်းစေပါတယ်။ ပဲပိစပ်ဆီက တာရှည်ခံအောင် လုပ်ထားတဲ့ဆီပါ။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးတဲ့အဆီပါ။

သွေးတွင်းအဆီများမှုကို အားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ်။ နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ်က ဓာတ်မြေသြဇာနဲ့ အလှကုန် ပစ္စည်းတွေမှာလည်း သုံးပါတယ်။ ကော်ဖီမိတ်မှာ ဘာ အာဟာရဓာတ်မှ မပါတဲ့အပြင်ကျန်းမာရေးအတွက် ဆိုးကျိုးသာ ဖြစ်စေတာမို့ နွားနို့၊အုန်းနို့၊ပျားရည် စသည်တို့ အစားထိုးသုံးဖို့ အကြံပေးကြပါတယ်။

ကော်ဖီမှုန့် အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ်။ စျေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် စျေးပေါတဲ့ဆေးသကြား၊ အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ။

တစ်ထုတ်လုံးက ဓာတုပစ္စည်းတွေပါပဲ။ တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ။ သဘာဝ လက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ်။ ကဲ..ကော်ဖီမစ်၊ တီးမစ်သောက်ကြဦးမလားဗျို့။

Crd…

ကော်ဖီမစ်မှာ ပစ္စည်း၃မျိုးပါဝင်ပါတယ်။

၁။ကော်ဖီမှုန့်

၂။သကြား

၃။ကော်ဖီမိတ်

၁။ကော်ဖီမှုန့်က မူလက ကော်ဖီစေ့ကနေ တဆင့်ပြုလုပ်ထားတဲ့ ချက်ချင်း အရည်ပျော်စေနိုင်တဲ့ အသင့်ဖျော်ကော်ဖီမှုန့်ကို သုံးကြပါတယ်။အခုနောက်ပိုင်း ပိုဈေးသက်သာတဲ့ ကော်ဖီမှုန့် အတုတွေ သုံးလာကြပါတယ်။ကုန်ကျစရိတ်က အဆ၁၀၀အဆ၂၀၀အထိသက်သာတယ်လို့ထိုင်ဝမ်ကအစားအသောက် ပညာရှင်တွေက ပြောပါတယ်။

ထိုင်ဝမ်မှာ ကော်ဖီမှုန့် အတုကို ပဲစိမ်းအမှုန့်၊ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီမှုန်နဲ့ ရောလိုက်တာပါ။ အဲဒါကို သကြား၊ကော်ဖီမိတ်တွေနဲ့ ရောဖျော်လိုက်တဲ့အခါ ကော်ဖီအစစ်နဲ့ ခွဲလို့မရတော့ပါဘူး။

ဒီလိုလုပ်တာ စိတ်ကောင်းရှိတဲ့ ထုတ်လုပ်သူတဲ့။ တချို့က ပဲစိမ်းမှုန့်မထည့်ဘဲ မီးသွေးမှုန့်တွေ ထည့်လုပ်ကြတယ်။ ကော်ဖီရနံ့ လို့ခေါ်တဲ့ ဓာတုဗေဒ ကော်ဖီတွေဟာ အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

ထိုင်ဝမ်FDAက ကော်ဖီမှုန့်အတု၊ ကော်ဖီရနံ့တွေကို တရားဝင် ရောင်းချခွင့်ပြုထားတဲ့အတွက် ကော်ဖီမှုန့်အတုနဲ့လုပ်ထားတဲ့ကော်ဖီတွေရောင်းချနေကြပါတယ်။

ကော်ဖီမှုန့် အတုတွေကို ပဲစိမ်းမှုန့်နဲ့ လုပ်တဲ့အတွက် ပရိုတိန်းဓာတ်တော့ နည်းနည်း ရနိုင်ပါတယ်။ မီးသွေးမှုန့်က အစားအသောက်မှာ သုံးတာရှိပါတယ်။

ထိုင်ဝမ်မှာ မီးသွေးမှုန့်နဲ့လုံးထားတဲ့ မြေပဲရှိပါတယ်။ အမေရိကန်မှာ ချားကိုးလ်မိုခါးဆိုပြီး ချောကလက်မှုန့်၊ မီးသွေးမှုန့်၊သကြား၊ ကော်ဖီမိတ်တွေပါတဲ့ ဖျော်ရည် ရောင်းပါတယ်။

မီးသွေးမှုန့်က အုန်းမုတ်ခွက်ကရတဲ့ မီးသွေးမှုန့်လို့ ဖော်ပြထားပါတယ်။ ဟိုတလောက မြန်မာပြည်က ကော်ဖီမစ်စက်ရုံကို အုန်းမှုတ်ခွက်တွေပို့တဲ့ ဆောင်းပါးတစ်ပုဒ် FBမှာတွေ့လိုက်တယ်။

အုန်းမှုတ်ခွက်ကို မီးသွေးမှုန့်လုပ်ပြီး ကော်ဖီမစ်ထဲ ထည့်တာလားတော့ မသိဘူးပေါ့လေ။ ထင်တာပြောတာပါ။ ပိုဆိုးတာကတော့ အဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေပါ။

၂၀၁၈ခု ဧပြီလမှာ ဗီယက်နမ် နိုင်ငံရှိ ကော်ဖီစက်ရုံ တစ်ခုကိုစစ်ဆေးကြည့်တဲ့အခါ ဓာတ်ခဲအဟောင်းတွေကရတဲ့ အမည်းရောင် အမှုန့်တွေကိုသုံးပြီး ကော်ဖီစေ့တွေကို ဆေးဆိုးတာ တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခဲအဟောင်းတွေကရတဲ့ အမှုန့်၃၅ကီလိုဂရမ် တွေ့ရှိခဲ့ပြီး ဒီအမှုန့်တွေကို အပေါစား ကော်ဖီစေ့တွေဝယ်ပြီး အရောင်လှအောင် ဆေးဆိုးတယ်ဆိုတာ ပိုင်ရှင်က ဝန်ခံခဲ့ပါတယ်။

ဓာတ်ခဲကရတဲ့ အမှုန့်တွေမှာ မဂ္ဂနီးစ်ဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓာတ်ပါတဲ့အတွက် ဒီကော်ဖီမှုန့်တွေ ရေရှည်သောက်သုံးသူတွေမှာ ဦးနှောက်နဲ့ အာရုံကြောတွေ ပျက်စီးစေပါတယ်။

ဒီလိုအဆိပ်ပါတဲ့ ကော်ဖီစေ့၁၀တန်ကျော်ကို သိမ်းဆည်းရမိပြီး ၃တန်ကျော်က ဈေးကွက်ထဲကို ရောင်းချပြီး ဖြစ်ပါတယ်။

ဒီသတင်းဟာကော်ဖီ သောက်သုံးသူများကို အထိတ်တလန့် ဖြစ်သွားစေခဲ့ပါတယ်။ ထိုင်ဝမ်ကို ဗီယက်နမ်ကော်ဖီ တံဆိပ်၁၅မျိုး တင်သွင်းခွင့်ပြုထားတာမို့ ဒီလိုအဆိပ်ပါတဲ့ ကော်ဖီမှုန့်တွေ မဝင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ခဲ့ပါဘူး။

၂။သကြားကတော့ အရည်ပျော်လွယ်တဲ့ အမှုန့်နုတဲ့ သကြားကိုသုံးပါတယ်။ ၃။ကော်ဖီမိတ်ကို ၁၉၆၁ခုမှာ အမေရိကန် နက်စ်တယ်ကုမ္ပဏီက စထုတ်ခဲ့ပါတယ်။ နွားနို့နှင့်မပြုလုပ်ထားသော မလိုင်အဆီပါ။

ဘာတွေနဲ့ လုပ်ထားတာလဲဆိုတာ ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးကို ဖတ်ကြည့်ရအောင်။ ကော်ဖီသောက်ရင် အသုံးပြုသည့် နွားနို့နှင့် မပြုလုပ်ထားသော အမှုန့်များဟာ ဘာတွေပါနေတာပါလဲ။

၁။ပြောင်းဖူးမှလာသောသကြား

၂။နို့ထည့်ထားသကဲ့သို့ ဖြစ်နေတာကတော့ ပဲပိစပ်ဆီကြောင့် ဖြစ်ပါတယ်။

၃။ဆိုဒီယမ် ကက်စီနိတ် နွားနို့မှာ ပါဝင် သော ပရိုတင်းဓာတ် ဖြစ်ပါတယ်။ သူဟာဒြပ်ဝတ္ထုများ မပြိုကွဲစေရန် ထည့်သည့်ဓာတုပစ္စည်း တစ်ခုဖြစ်ပါတယ်။

၄။မိုနိုဂလိုင်စီရိတ်နှင့် ဒိုင်ဂလိုင်စီရိတ်ပါဝင်နေသောပစ္စည်းများရောစပ်ရာတွင်ကောင်းစွာသမ၍တစ်သားတည်း ဖြစ်စေရန်အတွက်ထည့်ရသောဝတ္ထုပစ္စည်း ကော်ဖီနှင့် အမှုန့်တစ်သားတည်း ဖြစ်နေစေရန်ဖြစ်ပါတယ်။

၅။ဖော့စဖိတ်အက်ဆစ် ခပ်ပြစ်ပြစ်ကလေး ဖြစ်နေစေပြီးပါဝင်နေသောပစ္စည်းများတစုတစည်းတည်းတစ်ပေါင်းတည်း ဖြစ်နေစေရန်ဖြစ်စေသော ဓာတုပစ္စည်း သြော်…စဉ်းစားကြည့်မယ်ဆိုရင်အိပ်ယာကနိုးလာသည့်အခါသောက်တော့မည့်ကော်ဖီခွက်ထဲမှာဒီဓာတုဆေးမျိုးစုံကို ထည့်ပြီးသောက်ချင်ပါသလားဆိုတဲ့ မေးခွန်းပေါ်ထွက်လာပါတယ်။

အချို့အမှုန့်ဆိုရင် အရသာအမျိုးမျိုးထွက်အောင် ထပ်ပြီးရောနှောထားသည့် ဓာတုဆေးတွေလဲ အပိုပါပါသေးတယ်။ ဒီကော်ဖီမိတ်တွေဟာအမှုန့်အနေနဲ့လာသလို အရည်အဖြစ်နဲ့လဲ ရောင်းချလေ့ ရှိပါတယ်။

အမှုန့်မှာကခဲမသွားရအောင် ဓာတုဆေးတစ်မျိုးထပ်ပြီး ပါပြန်ပါတယ်။ ဆိုဒီယမ် အလူမီနိုဆီလီကိတ် ဖြစ်ပါတယ်။ လောင်ကျွမ်းစေတတ်သော ဓာတ်တစ်မျိုးလဲဖြစ်ပါတယ်။ (ဒေါက်တာဒေါ်ခင်နွယ်ဝင်း ဆောင်းပါးမှကူးယူ ဖော်ပြပါသည်။)

ကော်ဖီမိတ်ဟာ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိ။ ကော်ဖီမိတ်မှာ သကြား၊မကောင်းတဲ့အဆီ၊ တာရှည်အထားခံဆေးပဲပါလို့ ကျန်းမာရေးအတွက် မကောင်းပါ။ ကော်ဖီမိတ်လုပ်တဲ့ ဖော်မြူလာတွေက နှစ်ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာပြီး နောက်ဆုံးမှာတော့ အရောင်ချွတ် သကြားနဲ့ တာရှည်ခံဆေးတွေပဲ ပါတော့တဲ့ ပစ္စည်းတစ်ခု ဖြစ်လာပါပြီ။

ပြောင်းဖူးမှလာသောသကြား ပြောင်းဖူးတွေ အများစုက မျိုးရိုးဗီဇ ပြောင်းထားတာတွေပါ။ သကြားတွေက လူကိုအဝလွန်စေပါတယ်။ ကိုယ်တွင်းကလီစာတွေမှာ အဆီတွေစုပြီး ဆီးချို၊သွေးတိုး၊ နှလုံးရောဂါ၊ကင်ဆာ တွေ ဖြစ်ပွားစေပါတယ်။

တချို့အင်ဇိုင်းတွေကို ထိခိုက်စေပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ စုတ်ယူခြင်းကို လျော့နည်းစေပါတယ်။ ပဲပိစပ်ဆီက တာရှည်ခံအောင် လုပ်ထားတဲ့ဆီပါ။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေးတဲ့အဆီပါ။

သွေးတွင်းအဆီများမှုကို အားပေးပြီး နှလုံးသွေးကြောရောဂါ အဖြစ်များစေပါတယ်။ နောက်ဓာတု ပစ္စည်းတမျိုးဖြစ်တဲ့ ဖော့စဖိတ်အက်ဆစ်က ဓာတ်မြေသြဇာနဲ့ အလှကုန် ပစ္စည်းတွေမှာလည်း သုံးပါတယ်။ ကော်ဖီမိတ်မှာ ဘာအာဟာရဓာတ်မှ မပါတဲ့အပြင်ကျန်းမာရေးအတွက် ဆိုးကျိုးသာ ဖြစ်စေတာမို့ နွားနို့၊အုန်းနို့၊ပျားရည် စသည်တို့ အစားထိုးသုံးဖို့ အကြံပေးကြပါတယ်။

ကော်ဖီမှုန့် အစစ်နဲ့လုပ်တဲ့ ကော်ဖီမစ် အထုတ်တွေလည်း ရှိပါတယ်။ ဈေးပေါတဲ့ ကော်ဖီမစ်တွေကတော့ သကြားတောင် ဈေးပေါတဲ့ဆေးသကြား၊ အပေါစား ကော်ဖီမိတ်တွေ သုံးတာပါ။

တစ်ထုတ်လုံးက ဓာတုပစ္စည်းတွေပါပဲ။ တီးမစ်ကလည်း ထိုနည်း၎င်းပါပဲ။ သဘာဝ လက်ဖက်ခြောက်က ထုတ်တာရှိသလို ဓာတုပစ္စည်းတွေနဲ့ ထုတ်ထားတာတွေလည်း ရှိပါတယ်။ ကဲ..ကော်ဖီမစ်၊ တီးမစ်သောက်ကြဦးမလားဗျို့။

Crd…