News

မိန်းမ(၈)ယောက်ယူထားပြီး တစ်အိမ်ထဲအတူတူနေတည့်အောင်ထားနိုင်လို့ ချီးကျူးခံနေရတဲ့ အမျိုးသား

ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Nattapong ဆိုတဲ့ အမျိုးသားတစ်ဦးဟာ မိန်းမ(၈)ယောက်ယူထားပြီး တစ်အိမ်ထဲမှာ အားလုံးအတူတူနေကြတယ်ဆိုတဲ့ သတင်းဟာ နာမည်ကြီးနေပါတယ်။

Nattapong ဟာ မိန်းမရှစ်ယောက်နဲ့အတူ Aongdam Family လို့နာမည်ပေးထားပြီး ပျော်ရွှင်စွာအတူတူနေထိုင်ကြတယ်လို့သိရပါတယ်။

အမျိုးသမီးရှစ်ဦးထဲမှာ နှစ်ဦးဟာ Nattapong ရဲ့ ကိုယ်ဝန်ကိုလွယ်ထားကြပြီး သူတို့နှစ်ဦးဟာ အတူတူ ဆေးရုံကိုသွားပြီး ကိုယ်ဝန်ပြကြတယ်လို့ သိရပါတယ်။

ထိုင်းတွေကတော့ ၄င်းအမျိုးသားကို အပြစ်တင်ပြောဆိုတာတွေမရှိကြပဲ အားလုံးတည့်အောင် အတူတူနေနိုင်တာကိုချီးကျူးပြောဆိုနေကြပါတယ်။

Nattapong ဟာ ဘိုးတော်ဆေးဆရာ တစ်ဦးဖြစ်ပြီး ထိုင်းအမျိုးသားတွေက ၄င်းမှာဆေးစွမ်းကောင်းတစ်ခု ရှိမယ်လို့ ယုံကြည်နေကြပါတယ်….

#ChanNyeinSoe #ideainbangkok #Nattapong #Thailand #Bangkok

မိန်းမ(၈)ယောက်ယူထားပြီး တစ်အိမ်ထဲအတူတူနေတဲ့ ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦး





