News

မိုးရွာနေလို့ ထီးသွားဝယ်မည်ဟုဆိုတာ အသက်၈နှစ်အရွယ်နှင့်၇လအရွယ်သားနှစ်ဦးကို လမ်းဘေးတွင် ထားခဲ့ပြီး ရက်စက်စွာစွန့်ပစ်ခဲ့သည့်မိခင်

မိုးရွာနေလို့ ထီးသွားဝယ်မည်ဟုဆိုတာ အသက်၈နှစ်အရွယ်နှင့်၇လအရွယ်သားနှစ်ဦးကို လမ်းဘေးတွင် ထားခဲ့ပြီး ရက်စက်စွာစွန့်ပစ်ခဲ့သည့်မိခင်

မိမိ၏ဝမ်းဖြင့်လွယ်ကာ မွေးထားရသော သားသမီးများကိုပင် ရက်စက်စွာစွန့်ပစ်ရက်သော မိခင်တစ်ဦးကို ဖော်ပြပေးထားတာဖြစ်ပါတယ်။အသက်၈နှစ်အရွယ်ကလေး၏ ပြောပြချက်အရ မိခင်ဟာ မိုးရွာတော့မည်ဖြစ်သဖြင့် ထီးသွားဝယ်မည်ဖြစ်သောကြောင့် ကလေးကိုခေါ်ပြီးလမ်းဘေး၌စောင့်နေရန် ပြောဆိုကာ ထွက်သွားခဲ့သည်ဟု သိရပါတယ်။

ထို့နောက် မိခင်ဖြစ်သူဟာ တစ်နေကုန်ပြန်မလာတော့ဘဲ စွန့်ပစ်ထားခဲ့သောကြောင့် ကလေးတို့ဟာ သွားစရာနေရာမရှိတော့ဘဲ ဝမ်းနည်းစွယဖြင့် ငိုနေခဲ့ရတာဖြစ်ပါတယ်။ထို့ကြောင့် ကလေးတို့၏အဖြစ်ကို ပတ်ဝန်းကျင်ရှိလူများက ရိပ်မိသောကြောင့် မေးမြန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။

ကလေးငယ်တို့ဟာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကြီးထဲမှာ ဒုက္ခရောက်နေရသည့်အဖြစ်ကို တာဝန်ရှိသူများက တစ်ခုခုစီစဥ်ပေးနိုင်ရန် ကြိုးစားနေကြတယ်ဟု သိရပါတယ်။

Zawgyi





crd