News

“ကမ္ဘာ့အကြီးဆုံး ငါးအသိုက်ကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်များ”

ဂျာမန်သိပ္ပံပညာရှင်တွေဟာ ကမ္ဘာ့အကြီးဆုံးငါးအသိုက်ကြီးကို အန်တာတိကတိုက်ပင်လယ်ပြင်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲဖရက်ဝက်ဂနာအင်စတီကျူ့ The Alfred Wegener Institute (AWI) မှသိပ္ပံပညာရှင်အဖွဲ့ဟာ ၉၂ မိုင်ပတ်လည်ဧရိယာမှာ ရေခဲငါး icefish အသိုက်ပေါင်း သန်း (၆၀) လောက်ကို မတော်တဆတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကြုံလို့ပြောပါအုံးမယ်။ ရေခဲငါး Chionodraco hamatus မျိုးဟာ ကျောရိုးရှိသတ္တဝါတွေထဲမှာ တစ်ခုတည်းသော အရောင်မရှိတဲ့သွေးပိုင်ရှင်တွေဖြစ်ပါတယ်။

အဲ့ဒီရေခဲငါးမျိုးတွေဟာ အောက်ဆီဂျင်ကိုသယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင်ပရိုတိန်းပါတဲ့ RBCs သွေးနီဥတွေ ထူးခြားစွာမရှိတာကိုတွေ့ရပါတယ်။

အဲ့ဒီရေခဲငါးတွေကို ပင်လယ်ရေအောက် မီတာ ၅၀၀ လောက်မှာတွေ့ရပြီး စက်ဝိုင်းပုံအသိုက်ကို ငါးထီးကစောင့်ရှောက်လေ့ရှိပါတယ်။

ကျနော်ကတော့ အခုလိုတွေ့ရှိတာကိုမကြိုက်ပါဘူး။ သူ့ဟာသူအေးချမ်းစွာနေတာကို အနှောင့်အယှက်ဖြစ်လာမှာစိုးလို့ပါ။

သိတဲ့အတိုင်းပဲ ကမ္ဘာပေါ်မှာနိုင်ငံတစ်နိုင်ငံဟာ နေရာတကာမောင်ပိုင်စီးချင်တဲ့အကျင့်အမြဲရှိပြီး ငါးမျိုးပြုန်းအောင်ဖမ်းတတ်တဲ့အကျင့်ရှိနေလို့ပါ။

အခုလည်း နှစ် (၁၀၀၀) ရေခဲငါး အတွင်းအားကောင်းတယ်ဆိုပြီး ဖမ်းစားနေမှာစိုးရပါတယ်။

အခုတွေရှိခဲ့တဲ့ ဂျာမန်သိပ္ပံပညာရှင်အဖွဲ့က ဒီငါးတွေရှိနေတာကို ကြိုသိပြီးထိန်းသိမ်းကြဖို့ ဆော်ဩထားပါတယ်။

အခုအချိန်မှာ ပိုလာဝင်ရိုးစွန်းဒေသတွေကို နိုင်ငံစုံကလာရောက်မှုများနေတာကြောင့် အဲ့ဒီဒေသကိုကြိုကာကွယ်ဖို့လည်းလိုနေပါတယ်။

ကမ္ဘာပေါ်မှာ ဖြစ်တည်နေတဲ့သတ္တဝါတိုင်းဟာ သူ့အကြောင်းနဲ့သူ ကမ္ဘာလောကအကျိုးငှာဖြစ်တည်နေတာဖြစ်ပြီး မျိုးမပြုန်းသင့်ပါ။

Richard Myo Thant

13-January-2022