News

“မြန်မာပြည်အတွက် ဗီယက်နမ်က ပေးတဲ့သင်ခန်းစာ”

ဗီယက်နမ်က ပေးတဲ့သင်ခန်းစာ

မြေပြင်တိုက်ပွဲမှာမနိုင်တော့တဲ့အခါ ကြွက်မနိုင်ကျီမီးနဲ့ရှို့ဆိုသလို လေကြောင်းကဗုံးကျဲတိုက်ခိုက်တာ ထုံးစံပါပဲ။ ဒါပေမယ့် လေယာဥ်နဲ့ ရဟတ်ယာဥ်နဲ့ ဗုံးကျဲ တိုင်းလည်း အနိုင်ရတာမဟုတ်ပါဘူး ။ မြောက်ဗီယက်နမ် ပျောက်ကျားတပ်တွေနဲ့အမေရိကန်ဖြစ်ခဲ့တဲ့စစ်ပွဲမှာ အမေရိကန်မြောက်ဗီယက်နမ်ထဲကို၁၉၆၅ ကနေ ၁၉၇၃ အတွင်း ဗုံးတန်ချိန်ပေါင်း ၄ ဒသမ ၆ သန်း ကျဲချခဲ့တယ် ။

အရပ်သားတွေရော ဗီယက်နမ် စစ်သားတွေရော စုစုပေါင်း လူ ၂ သန်း သေခဲ့တယ် ။ ဒါပေမယ့် အမေရိကန်ဟာစစ်မနိုင်ခဲ့ပဲ ဗီယက်နမ်ကနေအရှက်တကွဲဆုတ်ခွာခဲ့ရတယ် ။

ဗီယက်ကောင်း စစ်သားတွေရဲ့ နည်းဗျူဟာတွေဟာ ခပ်ရိုးရိူးပဲ ဒါပေမယ့်ထိရောက်တယ် ။

၁။ ​ ပြောက်ကျားနည်းနဲ့တိုက်တယ် ။ နိုင်ရင်ထွက်တိုက်တယ် ၊မနိုင်ရင်ပြန်ဆုတ်ပြီးပုန်းတယ်။

၂။ ပြည်သူလူထု အားလုံးပါဝင်ပြီး နိုင်တဲ့ဘက်ကူညီတယ်။သတင်းထောက်လှမ်းပေးတယ်၊ ငွေကြေးကူညီတယ်။ကိုယ်တိုင်လက်နက်ကိုင် တိုက်သူကတိုက်တယ်။

၃။ လုံခြုံစိတ်ချရတဲ့ ပုန်းခိုစရာတွေ ဖန်တီးထားတယ်။မြေအောက် လိုဏ်ခေါင်းတွေတူးပြီး စခန်းချကြတယ်။ စခန်းတည်နေရာကိုအထူးလျှို့ဝှက်ကြတယ်။

၄။ တရုတ်ကွန်မြူနစ်တွေအကူအညီနဲ့ လေယာဥ်ပစ်အမြောက်တွေ၊ မြေပြင်ကဝေဟင်ပစ် ဒုန်းကျည် (SAM)တွေနဲ့ ပြန်ပစ်တယ်။ အမေရိကန်လေယာဥ် နဲ့ရဟတ်ယာဥ်အစီး ၁၀၀ လောက်ကိုပြန်ပစ်ချနိုင်ခဲ့ပြီး လေယာဥ်မှူးတွေအဖမ်းခံရတယ်။

အမေရိကန်က သမ္မတ နှစ်ဆက်တိတိ ပြောင်းပြီး ဗီယက်နမ်စစ်ပွဲကိုလေကြောင်းကအဓိကတိုက်ခဲ့တယ်။သမ္မတဂျွန်ဆင်လက်ထက်မှာ Operation Rolling Thunder လို့ခေါ်တဲ့ မိုးကြိုး စစ်ဆင်ရေး ၊ သမ္မတ ရစ်ချဒ်နစ်ဆင်လက်ထက်မှာ Operation Linebacker ရှေ့တန်းပံပိုးမှုစစ်ဆင်ရေးတွေနဲ့အပြင်းအထန်ဆော်တယ် ။

သစ်ပင်ရှိသမျှတောလုံးပြောင်စေတဲ့မီးလောင်ဗုံးတွေပါကျဲချပြီး တိုက်ခဲ့တယ်။ ဒါပေမယ့်မြေပြင်မှာပျောက်ကျားတွေကိုနိုင်အောင်မတိုက်နိုင်တော့ အမေရိကန်စစ်သားတွေ အသေများလာပြီး ​ြပည်တွင်းမှာ စစ်ဆန့်ကျင်ရေး တွေကြီးထွားလာလို့ ဗီယက်နမ်က ပြန်ဆုတ်ခွာလာခဲ့ရတယ်။အမေရိကန်တွေဆုတ်ခွာသွားပြီး ၂ နှစ်အကြာ ၁၉၇၅ ဧပြီလ ၃၀ မှာ ဗီယက်ကောင်း လို့ခေါ်တဲ့မြောက်ဗီယက်နမ်တပ်တွေက တောင်ဗီယက်နမ်တပ်တွေကိုအနိုင်ယူပြီး ဆိုင်းဂုံမြို့ (ယခုဟိုချီမင်းမြို့) ကိုသိမ်းပိုက် လိုက်နိုင်ပါတယ်။

ပြောချင်တာက မင်းအောင်လှိုင် ရဲ့လေတပ်ဆိုတာဟာ အမေရိကန်လေတပ်ရဲ့ခြေဖျားကိုမမီပါဘူး ။အဖျက်စွမ်းအားကြီးလွန်းတဲ့အမေရိကန်လေတပ်သည်ပင်လျှင် နယ်မြေကျွမ်းတဲ့ ဗီယင်ကောင်း တွေကို မြေပြင်မှာမနိုင်ပါဘူး ။ အောက်ခြေမှာရှုံးတိုင်းလေယာဥ်နဲ့လာတိုက်တာ အဆန်းတော့မဟုတ်ပါဘူး.။ စိတ်ဓာတ်ပြင်းပျပြီးစစ်ရေးဗျူဟာသာ ကောင်းမွန်မယ်ဆိုရင် ဗုံးဘယ်လောက်ကျဲကျဲ အသာစီးမရနိုင်ပါဘူးဆိုတာသမိုင်းကသက်သေပြနေပါကြောင်း။

သရဝဏ် (ပြည်)

9.1.2022