News

“ရေဘဝဲ အထီးက ၂•၄ စင်တီမီတာလောက်ပဲ ရှိပေမယ့် အမက ၆ ပေအထိရှည်လျားတဲ့ ထူးဆန်းတဲ့ ရေဘဝဲ မျိုးစိတ်”

ဩစတေးလျနိုင်ငံ ကွင်းစလန်ကမ်းခြေ Great Barrier Reef သန္တာကျောက်တန်းကြီးနားမှာ ရှားရှားပါးပါး dazzling blanket octopus ရေဘဝဲကိုတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီရေဘဝဲအမဟာ ၆ ပေအထိရှည်လျားတတ်ပြီး ခြုံစောင်လိုဖြန့်ကြက်ကာရေကူးတတ်ပါတယ်။

အထီးကတော့ ၂•၄ စင်တီမီတာလောက်အထိပဲရှည်လျားတယ်လို့ဆိုပါတယ်။

ဒါဆိုရင်ဘယ်လိုလုပ်မလဲလို့ မမေးပါနဲ့။ မသိပါ။ သူ့ဟာသူအဆင်ပြေလို့နေပါလိမ့်မယ်။

တိရိစ္ဆာန်အကောင်ငယ်တွေမှာအမကအထီးထက်အရွယ်ကြီးမားတတ်ပါတယ်။

ပင့်ကူတွေမှာအမဟာ မိတ်လိုက်ပြီးရင်အထီးကိုစားပစ်လိုက်တတ်ပါတယ်။ ဘုရားဘုရား။

အကယ်လို့သူသဘောမကျလို့ မိတ်မလိုက်ရင်လည်းစားပစ်တာပါပဲတဲ့။ လူတွေမှာအဲ့လိုမဟုတ်လို့ တော်ပါသေးတယ်။

ဟဲ့ … နင် … အထီးဘယ်နှစ်ကောင်စားပြီးပီလဲဟေ.

🤭

Richard Myo Thant

13-January -2022