News

“စက်ဘီးကလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့ ဘဘကို ဘာကြောင့် ငိုနေတာလဲမေးကြည့်မိလိုက်သောအခါ…”

မုံရွာမြို့ရဲ့ အထင်ကရဆီဆိုင်ကြီးအနီးရှေ့မှာ စက်ဘီးလေးတစ်စီးနဲ့ ဓာတ်ဆီရောင်းနေတဲ့အဘိုးအိုဟာ အသက် ရဝ ကျော်နေပြီဆိုတဲ့အသိတခုနဲ့တင် ကိုယ့်အဘိုးသာဒီလိုပင်ပန်းစွာ ဘဝရဲ့နောက်ပိုင်းအချိန်တွေမှာကျော်ဖြတ်ခဲ့ရသူဖြစ်ခဲ့မယ်ဆိုရင်

စိတ်မကောင်းဝမ်းနည်းပြီးငိုမိတယ်။ သမီးလေးတစ်ယောက်ရှိပေမဲ့ သမီးလေးဦးနှောက်လေးက စိတ်သိပ်ပုံမှန်မဟုက်တော့ အလုပ်လုပ်စားလို့မရတော့

အဲ့အဘကပဲဓာတ်ဆီလေးရောင်းရင်းနဲ့ ဘဝကိုရပ်တည်နေတယ်။
တခြားလက်မှုလုပ်ငန်းလဲ မတတ်မြောက်လူငယ်လူရွယ်တွေလိုလဲ အလုပ်ကြမ်းလုပ်ကိုင်နိုင်တဲ့

အရွယ်မဟုတ်တဲ့အဘဟာ ကျနော်နဲ့အမြဲကြုံတိုင်းအဲ့အဘဆီမှာ ပဲထည့်ဖြစ်တာ နှစ်အတော်ကြာပြီ ဟိုးနှစ်တွေကတော့ အဲ့အနီးမှာ Donko ဆီဆိုင်ကြီးမရှိတော့

အဲ့အဘရောင်းကောင်းလောက်ပါတယ်။ခုတော့အဲ့နားတစ်ဝိုက် မလှမ်းမကမ်းလေးမှာ ဆီဆိုင်ကြီးရှိတော့

လူတွေကသိပ်မထည့်ကြတော့ဘူး ဆီဆိုင်ကြီးတွေကပိုရတယ်ဆိုပြီး ဆိုင်ကြီးတွေမှာထည့်ကြတာပဲများတယ်

ပြောချင်မိတာကဆိုင်ကြီးတွေ ဆီမှာထည့်လို့ပိုရလှမှ အများဆုံးသုံးရာဖိုးလောက်ပေါ့ ဆီပိုရတာကိုပဲမကြည့်ပဲ..

ဒီအဘဆီမှာပဲထည့်ကြမယ်ဆိုရင် စားဝတ်နေရေးအတွက် တစ်ဖက်တလမ်းကနေ ကူညီရာရောက်ပါတယ်

ငွေဖြင့်သက်သက်မကူညီနိုင်ပေမဲ့ ကျုပ်ကတော့ကြုံတိုင်းအဲ့အဘဆီမှာပဲထည့်တယ် အားပေးတဲ့သဘောမျိုးပါ

ဆီဆိုင်ကြီးတွေထည့်ရင် ဆီပိုရမှန်းသိပေမဲ့ တက်နိုင်တဲ့ဘက်က ကူညီပေးရာရောက်လို့ပါ တစ်နေ့ကိုအနည်းဆုံး လူဆယ်ဦးထည့်အုံးအဘတွက်စားဝတ်နေရေးအဆင်ပြေလောက်မှာပါ

မုံရွာမြို့မှာဒီလောက်ဆိုင်ကယ်တွေပေါးပြီးထွတ်နေကြပေမဲ့ အဲ့အဘဆိုင်လေးကြည့်မိတိုင်း ထည့်သူကိုမတွေ့တော့

စိတ်မကောင်းဘူး ဟိုနေ့ကအပြင်သွားရင်းဝင်ထည့်တာ အဘရောင်းကောင်းလားမေးတော့ ခုမင်းထည့်မှဈေးဦးပေါက်တာတဲ့ ရယ်ရင်းပြောတယ်။

အချိန်ကိုကြည့်မိတော့မနပ်၁၁နာရီကျော်နေပြီ စိတ်ထဲမကောင်းလို့ မုန့်တီသုပ်လေးစားချင်လို့ ဝယ်လာတဲ့ပါဆယ်ထုပ်လေးကို

အဲ့အဘကိုပေးခဲ့တယ် အဘကအစက ငြင်းရှာပါတယ် မင်းစားချင်လို့ဝယ်လာတာမပေးပါနဲ့တဲ့

ရပါတယ်အဘကျုပ်ကစားပြီးပြီ ဒါအပိုဝယ်လာတာဆိုပြီး ညာပြောပြီးပေးတော့မှယူတယ် တကယ်တော့ ကျုပ်မစားရသေးဘူး ထပ်ဝယ်ဖို့ပိုက်ဆံလည်းမရှိတော့ဘူး

ကျုပ်ကအိမ်ရောက်ရင်ထမင်းစားလို့ရတယ်လေ တကယ်တော့အဘအရွယ်နဲ့ အေးအေးဆေးဆေးအိမ်မှာနေရမဲ့အရွယ်ပါ

ဘဝအကြောင်းမလှတော့ တက်နိုင်တဲ့ခွန်အားလေးနဲ့လမ်းဘေးဆီလေးရောင်းနေတာပါ ငွေကြီးသက်သက်မလှူတန်းနိုင်ကြလည်း

တက်နိုင်တဲ့ဘက်ကနေ ဆီထည့်ပေးခြင်းဖြင့် ကူညီရာရောက်ပါတယ်။တခြားပရဟိတအဖွဲ့တွေ လှူဒါန်းကူညီနိုင်သူရှိရင်လဲ ဒီဘဘကိုကူညီနိုင်ပါတယ်ဗျာ။

Zawgyi

စက္ဘီးကေလးတစ္စီးနဲ႕ ဓာတ္ဆီေရာင္းေနတဲ့ ဘဘကို ဘာေၾကာင့္ ငိုေနတာလဲေမးၾကည့္မိလိုက္ေသာအခါ…

မုံ႐ြာၿမိဳ႕ရဲ႕ အထင္ကရဆီဆိုင္ႀကီးအနီးေရွ႕မွာ စက္ဘီးေလးတစ္စီးနဲ႕ ဓာတ္ဆီေရာင္းေနတဲ့အဘိုးအိုဟာ

အသက္ ရဝ ေက်ာ္ေနၿပီဆိုတဲ့အသိတခုနဲ႕တင္ ကိုယ့္အဘိုးသာဒီလိုပင္ပန္းစြာ

ဘဝရဲ႕ေနာက္ပိုင္းအခ်ိန္ေတြမွာ
ေက်ာ္ျဖတ္ခဲ့ရသူျဖစ္ခဲ့မယ္ဆိုရင္ စိတ္မေကာင္းဝမ္းနည္းၿပီးငိုမိတယ္။သမီးေလးတစ္ေယာက္ရွိေပမဲ့

သမီးေလးဦးေႏွာက္ေလးက စိတ္သိပ္ပုံမွန္မဟုက္ေတာ့ အလုပ္လုပ္စားလို႔မရေတာ့ အဲ့အဘကပဲဓာတ္ဆီေလးေရာင္းရင္းနဲ႕ ဘဝကိုရပ္တည္ေနတယ္။

တျခားလက္မႈလုပ္ငန္းလဲမတတ္ေျမာက္ လူငယ္လူ႐ြယ္ေတြလိုလဲ အလုပ္ၾကမ္းလုပ္ကိုင္နိုင္တဲ့ အ႐ြယ္မဟုတ္တဲ့အဘဟာ က်ေနာ္နဲ႕အၿမဲႀကဳံတိုင္းအဲ့အဘဆီမွာ

ပဲထည့္ျဖစ္တာ ႏွစ္အေတာ္ၾကာၿပီ ဟိုးႏွစ္ေတြကေတာ့ အဲ့အနီးမွာ Donko ဆီဆိုင္ႀကီးမရွိေတာ့ အဲ့အဘေရာင္းေကာင္းေလာက္ပါတယ္။

ခုေတာ့အဲ့နားတစ္ဝိုက္ မလွမ္းမကမ္းေလးမွာ ဆီဆိုင္ႀကီးရွိေတာ့ လူေတြကသိပ္မထည့္ၾကေတာ့ဘူး ဆီဆိုင္ႀကီးေတြကပိုရတယ္ဆိုၿပီး ဆိုင္ႀကီးေတြမွာထည့္ၾကတာပဲမ်ားတယ္

ေျပာခ်င္မိတာကဆိုင္ႀကီးေတြဆီမွာထည့္လို႔ပိုရလွမွ အမ်ားဆုံးသုံးရာဖိုးေလာက္ေပါ့ ဆီပိုရတာကိုပဲမၾကည့္ပဲ..ဒီအဘဆီမွာပဲထည့္ၾကမယ္ဆိုရင္

စားဝတ္ေနေရးအတြက္ တစ္ဖက္တလမ္းကေန ကူညီရာေရာက္ပါတယ္ေငြျဖင့္သက္သက္မကူညီနိုင္ေပမဲ့ က်ဳပ္ကေတာ့ႀကဳံတိုင္းအဲ့အဘဆီမွာပဲထည့္တယ္ အားေပးတဲ့သေဘာမ်ိဳးပါ

ဆီဆိုင္ႀကီးေတြထည့္ရင္ ဆီပိုရမွန္းသိေပမဲ့ တက္နိုင္တဲ့ဘက္က ကူညီေပးရာေရာက္လို႔ပါ တစ္ေန႕ကိုအနည္းဆုံး လူဆယ္ဦးထည့္အုံးအဘတြက္စားဝတ္ေနေရးအဆင္ေျပေလာက္မွာပါ

မုံ႐ြာၿမိဳ႕မွာဒီေလာက္ဆိုင္ကယ္ေတြေပါးၿပီးထြတ္ေနၾကေပမဲ့ အဲ့အဘဆိုင္ေလးၾကည့္မိတိုင္း ထည့္သူကိုမေတြ႕ေတာ့

စိတ္မေကာင္းဘူး ဟိုေန႕ကအျပင္သြားရင္းဝင္ထည့္တာ အဘေရာင္းေကာင္းလားေမးေတာ့ ခုမင္းထည့္မွေဈးဦးေပါက္တာတဲ့ ရယ္ရင္းေျပာတယ္။

အခ်ိန္ကိုၾကည့္မိေတာ့မနပ္၁၁နာရီေက်ာ္ေနၿပီ စိတ္ထဲမေကာင္းလို႔ မုန႔္တီသုပ္ေလးစားခ်င္လို႔ ဝယ္လာတဲ့ပါဆယ္ထုပ္ေလးကို အဲ့အဘကိုေပးခဲ့တယ္ အဘကအစက ျငင္းရွာပါတယ္ မင္းစားခ်င္လို႔ဝယ္လာတာမေပးပါနဲ႕တဲ့

ရပါတယ္အဘက်ဳပ္ကစားၿပီးၿပီ ဒါအပိုဝယ္လာတာဆိုၿပီး ညာေျပာၿပီးေပးေတာ့မွယူတယ္ တကယ္ေတာ့ က်ဳပ္မစားရေသးဘူး ထပ္ဝယ္ဖို႔

ပိုက္ဆံလည္းမရွိေတာ့ဘူးက်ဳပ္ကအိမ္ေရာက္ရင္ထမင္းစားလို႔ရတယ္ေလ တကယ္ေတာ့အဘအ႐ြယ္နဲ႕ ေအးေအးေဆးေဆးအိမ္မွာေနရမဲ့အ႐ြယ္ပါ

ဘဝအေၾကာင္းမလွေတာ့ တက္နိုင္တဲ့ခြန္အားေလးနဲ႕လမ္းေဘးဆီေလးေရာင္းေနတာပါ ေငြႀကီးသက္သက္မလႉတန္းနိုင္ၾကလည္း

တက္နိုင္တဲ့ဘက္ကေန ဆီထည့္ေပးျခင္းျဖင့္ ကူညီရာေရာက္ပါတယ္။တျခားပရဟိတအဖြဲ႕ေတြ လႉဒါန္းကူညီနိုင္သူရွိရင္လဲ ဒီဘဘကိုကူညီနိုင္ပါတယ္ဗ်ာ။