ဗဟုသုတ

“စစ်အုပ်စု အသုံးပြုနေတဲ့ တင့်ကားပျံ (သို့) MI 35P တိုက်ခိုက်​ရေး ရဟတ်ယာဥ် အကြောင်း သိကောင်းစရာ”

တင့်ကားပျံ (သို့) MI 35P တိုက်ခိုက်​ရေး ရဟတ်ယာဥ်

Mil Mi -24 (or) MI- 35P Attack Helicopter

​နေတိုးက Hind (ဟိုင်း)လို့​ခေါ်တဲ့ MI-35 တိုက်ခိုက်​ရေး ရဟတ်ယာဥ်ကို Russian Aerospace Founder and Engineer (Mikhail Leontyevich Mil) မက်ခိုင်းရားလ် လီယန်​တီလ် ဗက်လ်​မေးလ်က design ​ရေးဆွဲထုတ်လုပ်ခဲ့ပါတယ်။သူ့ကိုအစွဲပြုကာ ပြည်တွင်းမှာMil Mi -24လို့ ​ခေါ်​ဝေါ် သုံးစွဲပြီး ပြည်ပကို​ ရောင်းချတဲ့ အခါမှာ​တော့ MI -35 လို့ အမည်​ပေးခဲ့တယ် လို့သိရပါတယ်။လက်ရှိမှာ မြန်မာ နိုင်ငံအပါအဝင် နိုင်ငံ​ပေါင်း ၃၀​​ကျော်မှာ အသုံး ပြု​နေပါတယ်။တင့်ကားပျံလို့ ဆိုဗီယက် ရဟတ်ယာဥ်မှူး​တွေကပဲ တင်စား​ခေါ်ခဲ့ကြပါတယ်တဲ့ ခင်ဗျာ။

ရုရှားနိုင်ငံက​နေ အကြမ်းဖက် စစ်တပ်က ဝယ်ယူခဲ့တဲ့ ထိပ်တန်း စစ်လက်နက်​တွေထဲ တစ်ခု အပါအဝင် ဖြစ်ပါတယ်။MI -35P ကိုဝယ်ယူဖို့ အကြမ်းဖက် တပ်ဟာ ၂၀၀၉ခုနှစ်တွင် တရားဝင် မှာယူခဲ့ပြီး ၂၀၁၀-၂၀၁၁ခုနှစ်မှာ MI- 35 (၁၂)စင်း ရရှိခဲ့ပါတယ် ။ဒါ့အပြင် ၂၀၁၅-၂၀၁၉ခုနှစ် အတွင်းမှာလည်း MI-35P (၆)စင်းထပ်မံဝယ်ယူခဲ့ တယ်လို့ ကြားသိခဲ့ရပါတယ်။ တည်​ဆောက်ပုံက​တော့ စစ်သည် ၈ဦး တင်​ဆောင်နိုင်တဲ့ အလတ်စား ကိုယ်ထည်ဖြစ်ပြီး ၁၂.၇မမ ​လေယာဥ်ပစ် စက်​သေနတ်ကြီး ကျည်ထိမှန်လျှင်ဖောက်ထွင်း နိုင်မှု မရှိ​အောင် ကျည်ကာ သံမဏိပြားများနဲ့တည်​ဆောက်ထားပါတယ်။

၃၀မမ အ​မြောက် ၂လက် ၊S-5 ၅၇မီလီမီတာ ဒုံးကျည်​တွေ S-8 ဒုံးကျည်​တွေနဲ့ ATGM​ (Anti -tank guided missile)တွေ တပ်ဆင်ထားတယ်လို့ သိရပါတယ်။၂၀၁၇ခုနှစ်မှာ MI-35P က​နေMI- 35M အဖြစ်အဆင့်မြှင့်တင်ထားပါတယ် ခင်ဗျာ။အ​ဆင့်မြှင့်တင် ထားတဲ့ MI-35M​ တွေမှာတော့ Controp DSP-HD TV/ FLIR Elector Optic system အသစ်​တွေ ပါဝင်လာတာ ဖြစ်လို့ ​နေ့ည ရာသီ ဥတုမ​ရွေး တိုက်ခိုက်နိုင်မှာ ဖြစ်သလို9M 127 Ataka -VMကဲ့သို့​သော တန်ပြန် ပစ်ခတ်နိုင်တဲ့ ပဲ့ထိန်း ဒုံးကျည်စနစ် ပါဝင်လာတယ်လို့လည်း သိရပါတယ်။

အကြမ်းဖက် စစ်တပ်ဟာ MI-35​တွေကို ကချင် ၊ရှမ်းနဲ့ ရခိုင် စစ်​မြေပြင်​တွေမှာ အသုံးပြု တိုက်ခိုက်ခဲ့ ဖူးပါတယ်။မြန်မာနိုင်ငံ ​မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် မုံးကိုး၊​ဖောင်းဆိုင်၊မူဆယ်​ဒေသ​​တွေမှာလည်း ​မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( KIA /TNLA/MNDAA )တို့နဲ့ အကြမ်းဖက် စစ်တပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစဘက်မှ ​လေ​ကြောင်းပစ်ကူ​ပေးပြီး တိုက်ခိုက်ခဲ့သည်အထိ လုပ်​ဆောင်ခဲ့ဖူးပါတယ်။

MI- 35 ​ခေါ် Mil Mi-24မှာမျိုးကွဲအများကြီးရှိ​နေတယ်လို့ သိခဲ့ရပြီး ပထမမျိုးဆက်က Hind A,B,C,D ၊ ဒုတိယမျိုးဆက် ကHind E,F ဖြစ်ပြီး တတိယမျိုးဆက် မှာ MI-35Mနှင့်Mi-24Pတို့ဖြစ်ပါတယ်။အကြမ်းဖက်တပ်က မှာယူ ခဲ့တာက​တော့ MI-35 P ,Hind Fပဲဖြစ်ပါတယ်။အရင်မျိုးဆက်​တွေမှာ ၁၂.၇မမမ စက်​​သေနတ်တပ်ဆင်ခဲ့​ပေမဲ့ ​နောက်ပိုင်းမှာ တင့်ကားနဲ့ ကတုတ်​တွေကို ဖြိုခွင်းနိုင်ဖို့ Gun shipလို့​ခေါ်တဲ့ ၃၀မမ အကြီးစား စက်အ​မြောက် ၂လက်​ပြောင်းလဲ တပ်ဆင်ထားပြီး S-5,S-8,S-24 ဒုံးကျည်​တွေတပ်ဆင်ကာ​ပေါင်၂၅၀မှ​ပေါင် ၅၅၀အထိ ရှိတဲ့ဗုံး​တွေကိုလည်း သယ်​​ဆောင်နိုင်ပါတယ်။

ယခု လက်ရှိ အာဏာသိမ်းပြီးချိန် မှာလည်း ​လေယာဥ်​တွေ ထပ်မံ ဝယ်ယူတယ်လို့ ကြားသိရပါတယ်။လက်ရှိ အကြမ်းဖက် တပ်မှာ ​လေယာဥ်အ​ရေအတွက် က အစီး ဘယ်​လောက်ရှိ​နေတယ် ဆိုတာကို​တော့ အတည်မပြုနိုင်ပါဘူး ခင်ဗျာ။ပြီးလျှင် တိုက်ခိုက်ရေး ရဟတ်ယာဥ် အုပ်တွေ ကို အလျင်အမြန် ရွှေ့ပြောင်း တိုက်စစ်ဆင်နိုင်ဖို့ တပ်ရင်းတပ်ဖွဲ့တွေ တိုင်းမှာ ရဟတ်ယာဥ်ဆီများ သိုလှောင်ထားရှိပြီးဖြစ်ပါတယ်။

ရဟတ်ယာဥ် ဆင်းကွင်း နဲ့ ချကွင်း(Drop Zone) အမှတ်အသားများ ရဟတ်ယာဥ် နဲ့ မြေပြင်ဆက်သွယ်နိုင်မည့် လှိုင်းနှုန်းများ စကားဝှက် များ မြေပြင်ဝေဟင်ဆက်သွယ်ရေး စက်များကို အကြမ်းဖက်တပ်က ထုတ်ပေးအသုံးပြုနေပြီ ဖြစ်ပါတယ်။ လက်ရှိ တိုင်း /ဒေသ/စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တိုင်းမှာ တိုက်ခိုက်ရေးရဟတ်ယာဥ် တစ်အုပ်စီ တွဲဖက် အခြေပြုစစ်ဆင် လျှက်ရှိနေပါကြောင်း တင်ပြအပ်ပါတယ် ခင်ဗျာ

ဇင်​ယော်