ဗဟုသုတ

“သောကြာသားသမီးများအတွက် တစ်ပတ်စာကံကြမ္မာ (၁၂.၁.၂၀၂၂ ရက်နေ့ မှ ၁၈.၁.၂၀၂၂ ရက်နေ့ အထိ)

သောကြာသားသမီးများ

ဘာလုပ်လုပ်အဆင်မပြေတတ်ဘူး။ အိမ်မှာနေရင် မပျော်ဘူး၊ အလုပ်ထဲကျ စိတ်တွေပျံ့လွင့်နေမယ်။ ယခင်ပျော်ရွှင်ပေါ့ပါးသလောက် အခုတော့ လေးကန်ထိုင်းမှိုင်းညောင်းညာနေတတ်တယ်။ ဘာလုပ်လုပ် တော်တော်နဲ့မပြီးဘူး၊ ကြာနေတတ်တယ်။ ကိုယ့်ဘာသာကိုယ်တောင် စိတ်မရှည်ဖြစ်နေရတတ်တယ်။

အစွပ်အစွဲခံရ၊ ကဲ့ရဲ့ခံရတတ်တယ်။ ခရီးပျက်တတ်တယ်။ နာရေးသတင်းတခု သို့မဟုတ် မိမိနဲ့နီးစပ်သော အသိုင်းအဝိုင်းမှ ဆေးရုံတက်ရတာ ကြားရပြီးနောက်ပိုင်းမှ အညံ့တွေ သက်သာသွားမယ်။ နာရေးအိမ်ကမုန့်ဟင်းခါးရှောင်ပါ။ အင်္ဂါသားသမီးကြောင့် စိတ်ညစ်ရတတ်သလို၊ စာတစောင်ကြောင့် ဝမ်းနည်းရတတ်တယ်။

လိုအင်ဆန္ဒတခု ပြည့်ပါလိမ့်မည်။ ဝန်ထမ်းများ ရာထူးတိုးတတ်တယ်။ အခက်အခဲတွေကို ကျော်လွှားနိုင်လာမယ်။ အိမ်ထောင်ဖက်က သင့်အပေါ်ကောင်းစွာ ဆက်ဆံမည့်ကာလဖြစ်ပါတယ်။ တန်ဖိုးရှိတဲ့ပစ္စည်းတခု ပိုင်ဆိုင်ရတတ်တယ်။

မိတ်ဆွေကောင်း၊ ဆရာသမားကောင်း၏ အကူအညီကို ရတတ်တယ်။ ရင်းနှီးမြှုပ်နှံထားသူများ အကျိုးအမြတ်ရလိမ့်မည်။ ရပ်ဝေးကဧည့်သည်ရောက်လာတတ်တယ်။ အမျိုးသမီးဧည့်သည်ဆိုပါက သင့်အတွက် အထူးနိမိတ်ကောင်းပါပဲ။ လူမှုရေး၊ အသင်းအဖွဲ့အလုပ်တွေမှာ ထောက်ခံမှု ရလာတတ်တယ်။

အချစ်ရေ….. မိန်းခလေးများအဖို့ ထားရာနေစေရာသွားမည့်၊ ကိုယ်လုံးကိုယ်ဖန်လှလှ ချစ်သူနဲ့ဆုံရတတ်သည်။ ယောကျ်ားလေးများ အသံမသာယာသော မိန်းခလေးနဲ့ ဆုံရတတ်သည်။ ရွေးချုယ်လိုက်ပါ သင်ဟာ အမြဲတမ်းအချစ်ရေးကံကောင်းသူပါပဲ။

အိပ်မက်နိမိတ်…..ပရလောက၊ ဂမ္ဘီရဆန်သော၊ သိုက်နန်း တို့ကို အိပ်မက်မြင်မက်သော် ဘဝဟောင်းကဆွေမျိုးများ အဆင်မပြေဖြစ်နေတာကို သူတို့ မကြည့်ရက်တော့ကြောင်းပြတာပါ။ မေတ္တာပို့ဆုတောင်းပေးလိုက်ပါ။ သူတို့သင့်ကို ကူညီမှုပေးလာကြလိမ့်မည်။

ယတြာ….ကာယဗလအားကစားမယ်တစ်ဦး၏ပုံကို ဖုန်းထဲ Wall Paper အနေနဲ့ ၃ ရက်ထားထားပါ။

ဆရာထွန်းလင်း၏ ဗေဒင် ဟောခန်း