ဗဟုသုတ

“ဘဲကင်ကို ဆိုင်မှာစျေးကြီးပေးမစားဘဲ ကိုယ့်အိမ်မှာဘဲ ကိုယ်တိုင် လုပ်စားနိုင်မယ့် နည်းလမ်း”

ဘဲကင်ကို ဆိုင်မှာသွားမစားဘဲ ကိုယ်အိမ်မှာဘဲ ကိုယ်တိုင် လုပ်စား ကြည့်ရအောင်

ကြက်ကင် ၊ ဘဲကင် လုပ်နည်း

ပါဝင်ပစ္စည်းများ

ကြက် ၊ ဘဲ – နှစ်သက်ရာ

ပျားရေ – ၁ဇွန်း (ဟင်းချိုဇွန်း)

ရေ – ၂ ဇွန်း (ယောက်ချိုဇွန်း)

ရှာလကာရေ – အနည်းငယ်

အချိုမှုန့် – ၅၀ ဂရမ်

ဆား – ၅၀ ဂရမ်

ဂျင်း – ၅၀ ဂရမ်

ကြက်သွန်နီ – ၅၀ ဂရမ်

စမုန္စပါး – ၅၀ ဂရမ်

လေညှင်း – ၅၀ ဂရမ်

ဖာလာ – ၅၀ ဂရမ်

နံနံပင်

ကြက်သွန်မြိတ်

ဆီ

ပြုလုပ်နည်း

ပျားရေ ၊ ရေ ၊ ရှာလကာရေ အားလုံးကို ရေဆူအောင် ပြုတ်ပြီးလျှင် အကြိမ် ၂၀ ခန့် ကြက်သား ၊ ဘဲသား ကိုလောင်းပေးပါ ။

ပြီးလျှင် အချိုမှုန့် ၊ ဆား ၊ ဂျင်း ၊ ကြက်သွန်နီ ၊ စမုန္စပါး ၊ လေညှင်း နှင့် ဖာလာ အားလုံးကို ကြက် ၊ ဘဲ ဝမ်းထဲကို ထည့်ပါ ။

ပြီးလျှင် ကြက် ၊ ဘဲ ၏ ဝမ်းပေါက်ကို စူးချွန်းနဲ့ လုံအာင်ပိတ်ပါ ။

ချွင်းချက် အနေဖြင့် နံနံပင် ၊ ကြက်သွန်မြိတ် နှစ်သက်ရင်လည်း ထည့်လို့ ရပါတယ် ။

ပြီးလျှင် သံစည်ပိုင်း ထဲမွာ ၁၅ မိနစ်ခန့် ကင်ပါ ကင်ပြီးသွားရင် ဆီကို ဆူအောင် ချက်ပြီး မီးကို အေးအေး ထားပါ ။

ဆီ ဆူပြီးသားထဲကို ကြက် ၊ ဘဲ ကို ၁၅ မိနစ်ခန့် ထည့်ပါ ။ အဲဒါပြီးရင် အနံ့ အရသာနဲ့ ပြည့်စုံတဲ့ ကြက် ၊ ဘဲ ကို အသင့် စားလို့ရပါပြီ ။

#Credit – MyfoodMyanmar