Local News

“စကစ အတွက် လူသစ်စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ပစ်ခတ်”

ပခုက္ကူတွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်ကိုးနှင့် ပျူစောထီးခေါင်းဆောင် ရွှေသီးတို့ကို စစ်တပ်က ပစ်ခတ်၊ ရွှေသီးသေဆုံးပြီး တင်ကိုး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တင်ကိုးနှင့် ပျူစောထီးခေါင်းဆောင် ရွှေသီးတို့ကို စစ်တပ်က ဇန်နဝါရီလ ၁၀ ရက်နေ့ ညပိုင်းတွင် ပစ်ခတ်သဖြင့် ရွှေသီးသေဆုံးပြီး တင်ကိုးမှာ ဒဏ်ရာဖြင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ဖြစ်စဥ်က အုပ်ကြီး တင်ကိုးနဲ့ ပျူစောထီး ရွှေသီးဟာ ဇန်နဝါရီ ၁၀ ရက်နေ့ ညပိုင်း ကားမောင်းလာတာကို စစ်တပ်က ကားတားတယ်။ အဲဒါသူတို့ကလည်း အချင်းချင်းဆိုတော့ ကားသိမယ်ထင်ပြီး ရပ်မပေးတာ စစ်တပ်က လိုက်ပစ်တယ်။ ရွှေသီးက ပခုက္ကူဆေးရုံမှာ သေတယ်။ တင်ကိုးကလည်း ဒဏ်ရာပြင်းတော့ ပခုက္ကူကနေ ညတွင်းချင်း မန္တလေးဆေးရုံပို့ရတယ်။ သေဖို့များတယ်လို့ရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရသူ တင်ကိုးနှင့် ပျူစောထီးခေါင်းဆောင် ရွှေသီးတို့သည် စစ်ကောင်စီက ပို့ချသည့် လက် နက်ငယ် သင်တန်းတက်ရောက်ပြီးသူများဖြစ်ပြီး စစ်ကောင် စီတပ်အတွက် လူသူစုဆောင်းနေကြကြောင်း၊ ယခုစစ်တပ်၏ပစ်ခတ်မှုကြောင့် ပျူစောထီးတချို့ နုတ်ထွက်မှုများရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ပျူစောထီးခေါင်းဆောင် ရွှေသီးသည် ပခုက္ကူမြို့၊ ၁၄လမ်း၊ ၁၁ရပ်ကွက် မြိုင်လမ်းအနောက်ဘက်ခြမ်းတွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် ရွှေသီး။