ကရင်ပြည်နယ်ကအသက် ၁၁၁ ရှိပြီဖြစ်သော်လည်းစစ်ရှောင်နေရဆဲဖြစ်သည့် အဖွားအို😭😭😭
အကြမ်းဖက် စစ်တပ်သည် သူ၏ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ပြီးနောက် ရန်သူဘေးမှ လွတ်ရာကို မြေးများက ချီပိုးသယ်ဆောင်ပြီး ပြေးလာခဲ့ကြရသည်။
ဇန်နဝါရီလ ၈ ရက်မှ စတင်ပြီး သူ နေရာပြောင်းရွေ့ ပြေးလာရသည်မှာ သုံး နေရာရှိပြီဖြစ်သည်။
မလွဲသာလို့သာပြေးနေရတယ် ခု စားလို့လဲမကောင်းတော့ဘူး အိပ်လို့လည်း မရတော့ဘူး လို့အသက် ၁၁၁ နှစ် ရှိပြီဖြစ်သည့် အဖွားဒေါ်စောလှ က ပြောသည်။
အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး၊လေယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် ရွာသား ၁၁ ဦး ပြင်းထန်သောဒါဏ်ရာများ ရရှိခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတစ်ဦး သေဆုံးခဲ့ရသည်။ စစ်ရှောင်နေရသည့် လူဦးရေမှာ နှစ်ထောင် ကျော်လာပြီ ဖြစ်သည်။
ကိုယ်က ဘာမှမတတ်နိုင်တာ သူတို့လုပ်တာခံ ပြေး ဒါပဲ တတ်နိုင်မပေါ့ လို့ အဖွားဒေါ်စောလှ က ပြောသည်။
သူ့အနေဖြင့် အကြမ်းဖက်စစ်တပ်၏ ဘေးလွတ်ရာကို ရောက်လာပြီ ဖြစ်သော်လည်း ရွာတွင် ကျန်နေ့ခဲ့သည့် သမီးဖြစ်သူ အသက် ၇၀ ကျော်အရွယ်ကို စိတ်ပူနေကြောင်း ပြောသည်။
ရွာတွင်ကျန်ခဲ့သည့် သူ၏ သမီးဖြစ်သူ အသက် ၇၀ ကျော်သည် နားကောင်းစွာ မကြားရတော့သည့်အပြင် သားမက်မှာ လေဖြတ်ဝေဒနာ ခံစားနေရသူတစ်ဦးဖြစ်ကြောင်း၊ ရွာရှိ ခြံတဲ တွင် ကျန်နေခဲ့ကြောင်း အဖွားဒေါ်စောလှ ၏ မြေးများက ပြောသည်။
#KloFM
#YanGyiAungNews