ဗဟုသုတ

“စီးပွား‌ဖြစ်‌စေတဲ့ “လှိမ့်ဝင်=တည်သုံး အိုးနှစ်လုံး” အဆောင် အကြောင်း သိကောင်းစရာ”

တစ်နိုင်ငံလုံးစိတ်ဝင်စားနေကြတဲ့လှိမ့်ဝင်တည်သုံးယတြာက ကျွန်တော်စ ခဲ့တဲ့ ဇာတ်လမ်းပါ ။အဖြစ်က ဒီလိုပါ ။

၁။ မိတ်ဆွေတစ်ယောက်နဲ့ ၂နှစ်ခွဲနေမှ ပြန်တွေ့တော့ သူ့မိသားစုကတော်တော်လေးအဆင်ပြေနေပြီး အရင် ထရံအိမ်လေးနေရာမှာအာစီတစ်ထပ်တိုက်ကြီးနဲ့ပေါ့အရမ်းကိုအဆင်ပြေပြီးနောက်ထပ်တိုက်တစ်လုံးတောင် ဆောက်နေတယ်လို့ ပြောပါတယ်။

သူ့လုပ်ငန်းက တအားလှိမ့်ဝင်သွားတာကို အဲ့ သူ့အိမ်ရှေ့အဝင် ဝ မှာ လှိမ့်ဝင် စဉ့်အရုပ်လေးကို အိမ်ဘက်လှိမ့်ဝင်နေတဲ့ ပုံချိတ်ထားတာတွေ့ရပါတယ် အိမ်ဧည့်ခန်းမှာတော့

စဉ့်အိုးလေးတည်နေတဲ့ပုံကို တင်ထားတာတွေ့ရပါတယ်မေးကြည့်တော့ လှိမ့် ဝင် တည် သုံးလေတဲ့ စီးပွားဖြစ်တယ် လုပ်ငန်းကောင်းတယ်တဲ့ဗျာ

၂။ ကျွန်တော်တို့ မြို့မှာ ထမင်းဆိုင်တစ်ဆိုင် ရှိတယ် အရမ်းကိုရောင်းရတယ် အလှူပေးနေသလိုကိုရောင်းရတာသူတို့အိမ်မှာလည်းအိမ်ရှေ့သံတံခါး အုတ်ခုံမှာ အဲဒီ လှိမ့်ဝင် အရုပ်လေး အိမ်ဘက်ကို လှိမ့်ဝင်နေတဲ့ ပုံလေးတင်ထားတာတွေ့ရပါတယ်သူ့ထမင်းဆိုင်ကတော့လူတွေ လှိမ့်ဝင်နေတော့တာပါပဲဗျာ

၃။ အဲ ဒါနဲ့ လူမဝင် လုပ်ငန်းမကောင်းတဲ့ သူနဲ့ အကြွေးတင်နေတဲ့မိတ်ဆွေတစ်ယောက် နှစ်ယောက်ကို အဲဒီ အရုပ်လေး နှစ်ခုကိုထားဖို့ပြောလိုက်တာ သူတို့လည်းကျောက်ဆည် တပေါင်းပွဲနဲ့ကြုံတော့ စဉ့်ကူးကစဉ်အိုးသည်တွေလာတာနဲ့ အဲဒီအရုပ်လေးကိုတစ်ရုပ်ကိုအိမ်ရှေမှာထားပြီးတစ်ရုပ်ကိုအိမ်ထဲမှာထားဖို့ ပြောလိုက်တာအဲဒီ ၃ယောက်ဟာ ၆လအတွင်း လုံးဝ မဆပ်နိုင်တော့ဘူးလို့ထင်ထားတဲ့အကြွေးတွေကြေပြီးအဆင်ပြေသူတွေဖြစ်နေပါပြီဗျာ

”လှိမ့်ဝင် တည်သုံး” စဉ့်အိုးလေးတွေ ဘယ်လို ဓာတ်ဆင်ရတာပါလဲ”

အဲဒီလှိမ့်ဝင်တည်သုံးအရုပ်လေးတွေက ဟိုအရင် လောကီပညာရှင် (ဆန်းပညာရှင်) တွေလုပ်သွားခဲ့တာပါ ။ ပညှပ်သွားရာ ဓါတ်သက်ပါ ဆိုသလိုလူအများသုံးစကား လှိမ့်ဝင် ဆိုတာကို ယူပြီးလှိမ့်ဝင် နေတဲ့ အရုပ်ကလေး တွေကို စီရင်ပေးသွားတာပါ။

အဲဒီမှာစဉ့်အိုး လေး ကို လှိမ့်ဝင်နေတဲ့ ကောင်လေး( ၂ ၄ ) ပုံ လေးပါ ။စဉ့်အိုးကို ဘာလို့သုံးလဲတစ်ခြားဟာတစ်ခုခုကိုလည်း လှိမ့်ဝင် လို့ရတာပဲ လို့တွေးမိတော့ စဉ့်အိုး = ၃ ၁ ဆိုတာ အောင်စေ = အေးစေ = ၁ ၃ ကို ကက်ကင်းရိုက်သွားတယ် ထင်ပါ တယ် ။ လှိမ့်ဝင် ဆိုတာကတော့ဗျာ လှမ့်ဝင် = ၄ ၄ = ရွှေလာ = လူလာ = လိုရာ = ရလာ ဓါတ်ပေါ့လှိမ့်ဝင် ပြီးတော့ဘာလုပ်မလဲ ဆိုတော့ တည်သုံးလေတစ်ရုပ်လုပ်သွားပါတယ်။လှိမ့်ဝင်လာတဲ့ဟာတွေကို ဘုရားတည် ။ ကျောင်းတည် ။ ဇရပ် တည် ။သာသနာ တည် နိုင်တဲ့ အထိသုံး နိုင်ဖို့ လောကီဝိဇ္ဇာအဘများကစီရင်သွားခဲ့တဲ့ ဓါတ်အရုပ်လေးတွေပါ ။

“ဘယ်လို သုံးမလဲ ၊ ဘယ်လို ဆောင်မလဲ”

သန ချေ ရပါတယ်။အညံ့ခြေရပါတယ်ကိုယ့်စီးပွားအတွက် အထွဋ်အမြတ်ဆောင်မည့်ပစ္စည်းဟာကားနဲ့သယ်လားရင် အမျိုး သားအမျိုးသမီးကလေး လူကြီး ကျော်ခွသွားတာ မျိုး ၊ ကားထိုင်ခံအောက်ထဲထည့်သယ်လာတာမျိုး တွေရှိတတ်ပါတယ်။ အဲဒီလိုအညံ့ဓါတ်တွေကင်းဖို့ ဆားရည် (ရေ ၁ ဂါလံ ကို ဆား ၂ ဇွန်းထည့်ပြီး)ကို ဇလုံထဲထည့်ပြီးလက်ဆယ်ချောင်းက ဆေးဖြစ်စေ ဆိုပြီး ၃ ခါ ပြောပြီးလက်နှစ်ဖက်ကို ဇလုံထဲထည့်ပြီး သနပ်ခါးသွေးသလိုလက်ယာရစ် မွှေပြီးပါးစပ်မှလည်း

““ ဥုမ် သန သန သနအပေါင်းထောင်သောင်း ကြေစရာ ကြေ ”” ဆိုပြီး ၃၇ ခေါက်ရွတ်ပြီးမှ အဲဒီအရုပ်များကို ၎င်းရေနဲ့ ဆေးပါ ။ ပြီးမှ ၎င်းအရုပ်များကို ရေမွှေး (နဝင်းရေ) ရည်နဲ့ ပက်ဖြန်းပြီးမှာအိမ်ဘက်သို့ အိုးလှိမ့် ဝင်နေတဲ့ ပုံအိုး ကိုအိမ်ဘက် အတွင်းသို့ ထားပြီးအိမ်ရှေ့မှာထားလိုက်ပါ ။တည်သုံး အိုး လေးကိုတော့ အလုပ်စားပွဲ ၊အိပ်ခန်းစားပွဲ ၊အိမ်ထဲမှာ ထားထားလိုက် ထူးထူးခြားခြားအဆင်ပြေလာတာကိုတွေ့ရပါလိမ့်မယ် ခင်ဗျာ ။

လှိမ့်ဝင်အိုးကိုအိမ်အပြင်ကနေ အိမ်ထဲဖက်ကိုလှည့်ထားရပါမယ်။ ဖြစ်နိုင်ရင်အိမ်အဝင် အမြင့်တနေရာမှာထားပါ။ တည်အိုးကို မိမိအိမ်ထဲမှ-ဂဟပတိ အရပ်သို့ လှည့်ထားပေးပါ ။ ဂဟပတိအရပ်ဟူသည် တနင်္ဂနွေ(သား-သမီး အတွက်) အနောက်တောင်အရပ်ဟူ၍မှတ်ပါလေ။တနင်္လာ (သား-သမီး အတွက်) အ နောက် စူးစူး အရပ်ဟူ၍မှတ်ပါလေ။

အင်္ဂါ (သား-သမီး အတွက်) အ နောက်မြောက် အရပ်ဟူ၍မှတ်ပါလေ။ ဗုဒ္ဓဟူး (သား-သမီး အတွက်) -မြောက် အရပ်ဟူ၍မှတ်ပါလေ။ ရာဟု – (သား-သမီးအတွက်)အရှေ့တောင်အရပ်ဟူ၍မှတ်ပါလေ။ ကြ ာသပတေး –(သား-သမီး အတွက်) အရှေ့စူးစူးအရပ်ဟူ၍မှတ်ပါလေ။သောကြာ(သား-သမီး အတွက်)တောင်အရပ် ဟူ၍မှတ်ပါလေ။ စနေ -(သား-သမီး အတွက်) အရှေ့မြောက်အရပ် ဟူ၍မှတ်ပါလေ။

လှိမ့်ဝင်=တည်သုံးအိုးနှစ်လုံးကို မိမိမွေးနေ့မနက် ၆နာရီကနေ၇နာရီခွဲအတွင်းစတင်ပြီးထားပါ။နေ့စဉ်ရှင်သီဝလိ ၁၀ ဂါထာရွတ်ပေးပါ။(နေ့စဉ်ရွတ်ဆိုပါရန်) လှိမ့်ဝင်အိုးမှာကော တည်သုံးအိုးမှာပါ ငွေ ၃၆၀၀ ကျပ်စီထည့်ပေးထားပါ။

သိသိသာသာငွေဝင်လာပါလိမ့်မည်။ချေးထားပြီးပြန်မရသောငွေများအရူံးပေါ်နေသောလုပ်ငန်းများငွေကြေးကိစ္စနဲ့ပတ်သက်သောလုပ်ငန်းကိစ္စမှန်သမျှသိသိသာသာ အဆင်ပြေလာပါလိမ့်မည်။ ငွေကံပွင့်လာပါကမကြာခဏဒါနပြုပါ။ ပံ့သကူဒါနပစ်ပါ။ ငွေအိုးကြီးလှိမ့်ယူလာပြီ ရွှေတွေတည်သုံးမည်။

လူ မ ဝင်သောဆိုင်များတည်းခိုခန်းများ ဟိုတယ်များ လူများလှိမ့်ဝင်လာပါလိမ့်မယ် ။အရောင်းအဝယ် လုပ်ငန်းများ သိသိသာသာတိုးတက်လာတာကို တွေ့ရပါလိမ့်မည်။တစ်ပတ် လောက် လှိမ့်ဝင်နေပြီး နောက်ပိုင်းနည်းနည်း ပါးသွားတာမျိုးဖြစ်ခဲ့ရင်တော့လှိမ့်ဝင်အရုပ်ကလေးကို မျက်နှာသစ်ပေးလိုက်ပါ ။ ပြီးတော့ ရေမွှေးလေး ဖြန်ပေးလိုက်ပါ ။

ပြီးတော့ ““လာထား လာထား””ဆိုပြီးလက်ခုတ်တီးပြီးပြောလိုက်ပါ ။ဝင်လာပါလိမ့်မယ်ဗျာပထမဆုံးဝင်သောငွေမှ အနည်းအကျင်းကို ဘုရားလှူ လိုက်ပါ ။ပြီးမှကျန်တဲ့ပိုက်ဆံကို သုံးပါလေ ။ပထမ ဆုံးဝင်တဲ့ ပိုက်ဆံကိုအနိဌပစ္စည်းတွေ ဝယ်မသုံးလိုက်ပါနဲ့ ။

နောက်ပြီးလာဒ်တိတ်စေ တဲ့ အကြောင်းတရားတွေ ကို ရှောင်ပေးရပါတယ်။အရင် ကရေးခဲ့ဖူးပါတယ်။အခုပြန်ရေး ပြလိုက်ရပါတယ် ဗျာ။

၁။ မနက် အိပ်ယာထလျှင် အိမ်သာထဲသိုတန်း မသွားရ ၊ မီးဖို ချောင်ထဲသို့ တန်းသွားပြီး မီးမွေးခြင်း ထမင်းအိုးတည်းခြင်း တန်းမလုပ်ရပါ။လာဒ်တိတ်တတ်ပါသည်။ ၂။ထမင်းစားလျှင် ဘေးမှာကျနေသာအမှိုက်များကိုထမင်းစားပြီးလျှင် မိမိပန်းကန်ထဲသို့ထည့်ပြီးဆေးဖို့ မယူသွားရပါ။ ၃။ စားပြီးအိုးခွက်ပန်းကန်များကိုမနက်မှဆေးတော့ပါမယ် ဆိုပြီး မီးဖိုချောင်ထဲမှာမဆေးပဲ တစ်ညလုံး ပုံမထား သင့်ပါ။

၄။ အိမ်ထောင်ဦးအမျိုးသား၏အကျီ ၊ စွတ်ကျယ် ၊ တဘက် ၊ပုဆိုး အဟောင်းများကို ကြမ်းသုတ်လက်သုတ် ဖုန်သုတ်မလုပ်ရပါ။ ၅။လင်မယားအချင်းချင်း ၉ နာရီ မကျော်မီ စောစောစီးစီးစကားများရန်မဖြစ်ရ။မငြူစူးရ ၊ ဒေါသမဖြစ်ရပါ။စောစော စီးစီး နိမိတ်မကောင်းသော အမင်္ဂလာ သီချင်းများ မဖွင့်ရပါ။

အဲဒီ ၅ ချက် ၂ ချက်လောက်လုပ်မိလျှင် လာဒ်တိတ်စေတတ်ပါတယ်။ ငွေဝင်ပါလျှင်လည်းအသာလွတ် ပြန်ပြန်ထွက်သွားတတ်ပါသည်။ထို့ကြောင့် အဲဒီအချက်များကိုရှောင်သင့်ပါသည်။

အားလုံးငွေကြေး ရတနာများလုပ်ငန်းကောင်းများလှိမ့်ဝင်ကြပြီးအလှူအတမ်း ၊ ဘာသာရေး ၊သာသာနာရေး ။ပရဟိတ အရေးအတွက် တည်သုံးနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာ ပို့သ ရင်း

လှိမ့် ဝင် တည် သုံး