News

“PDF စခန်းတစ်ခု စီးနင်းခံရ၊ ကြိုတင်ထောင်ထားတဲ့ မိုင်းကြောင့် စစ်တပ်ဘက်က ၉ ဦး သေ. .ဆုံးပြီး (၁၅)ဦး ဒဏ်ရာရ”

ရွှေဖီမြေ၊ ဇန်နဝါရီ ၁၁ ရက်၊ မတ္တရာ

စစ်ကောင်စီအင်အား (၈၀)ဝန်းကျင်ဟာ Defense Force MDY (DFM)ရဲ့ စခန်းတည်ရှိရာ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲမှ တစ်နေရာသို့ စီးနင်းဖို့ ကြိုးပမ်းရာ သတင်းကြိုရတဲ့အတွက် DFM က ကြိုတင်ထောင်ထားတဲ့မိုင်းကြောင့် စစ်တပ်ဘက်က ၉ ဦး သေဆုံးပြီး (၁၅)ဦး ဒဏ်ရာရခဲ့ပါတယ်။

စခန်းကို စီးနင်းဖို့ ဇန်နဝါရီ ၈ ရက် ညနေပိုင်းက လာရောက်စဥ် လမ်းတဝက်မှာ DFM က လက်နက်ငယ်၊ လက်လုပ်မိုင်းနဲ့ တိုက်ခိုက်ရာ စစ်တပ်ဘက်ကလည်း လက်နက်ကြီး လက်နက်ငယ်နဲ့ တိုက်ခိုက်တာကြောင့် တိုက်ပွဲအတန်ကြာ ဖြစ်ပွားပြီးတော့ ကာပစ်ပစ်ရင်း နောက်ဆုတ်ခဲ့တယ်လို့ DFM က မနေ့ ဇန်နဝါရီ ၁၀ ရက် ည ၁၀ နာရီကျော်မှာ ထုတ်ပြန်ထားပါတယ်။

ကင်းစောင့်နေတဲ့ ရဲဘော်တွေနဲ့လည်း ထိတွေ့မှု ထပ်ဖြစ်ခဲ့ပြီး သတင်း ကြိုရတာကြောင့် အဲဒီနေ့ညမှာဘဲ ရဲဘော်တွေ ဘေးကင်းရာသို့ ရှောင်လိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၉ ရက် မနက်မှာ စစ်တပ်ဘက်က စစ်ကြောင်း ဆက်ထိုးလာရာ လက်နက်ကြီး ရမ်းသမ်းပစ်ပြီး တက်လာတဲ့ စစ်ကောင်စီတပ်ဟာ DFM က ကြိုထောင်ထားတဲ့မိုင်း ထိပြီးတော့ အထိနာခဲ့တယ်လို့ ဆိုပါတယ်။

DFM ရဲ့စခန်း စီးနင်းခံရပြီး မီးရှို့ခံရပေမဲ့ ရဲဘော်တွေ ထိခိုက်ကျဆုံးသူ မရှိကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

#PDF #စခန်းစီးနင်းခံရ #စစ်ကောင်စီ #သေဆုံး #ဒဏ်ရာရ #မတ္တရာ