ဗဟုသုတ

“လ နဲ့ နေ ဘယ်သူကပိုအရေးပါသလဲ….သင်ခန်းစာ ယူဖွယ် ဖြစ်ရပ်လေး တစ်ခု..”

လ နဲ့ နေ ဘယ်သူကပိုအရေးပါသလဲ

ဂျူးလူမျိုး ပုံပြင်တစ်ခုရှိတယ်။ တစ်နေ့ လူတစ်ယောက်က

အဘိုးအိုတစ်ယောက်ကို မေးတယ်၊

နေနဲ့လ ဘယ်ဟာပိုအရေးကြီးသလဲတဲ့။

အဘိုးအိုက အကြာကြီးစဉ်းစားပြီးပြန်ဖြေတယ်၊

လ ပေါ့ကွ၊ လက ပိုအရေးကြီးတာပေါ့ကွ။

ဘာဖြစ်လို့လဲ

ဘာဖြစ်လို့လဲဆိုတော့ လက ညကျမှထွက်တာ၊ ညအချိန်ဆိုတာ ငါတို့ အလင်းရောင် လိုအပ်နေတဲ့အချိန်လေ၊ နေ့အချိန်မှာ နဂိုတည်းက အလင်းရောင်ကရှိပြီးသား၊ နေက အဲ့အချိန်မှ ထွန်းလင်းပြနေတော့ အပိုပဲလေ.. ဟက်ဟက်.. လို့ အဘိုးအိုကြီးက ပြန်ဖြေတယ်။

သင်အဲ့ဒီအဖိုးကြီးကို အာရုံပဲလို့ မထင်မိဘူးလား၊

တကယ်တော့ ကျွန်တော်တို့အားလုံး အဲ့အဘိုးအို လိုပါပဲ။

ပုံပြင် (၂)

ကလေးမ တစ်ယောက်၊ အမေနဲ့ရန်ဖြစ်ပြီး ဒေါသပုန်ထွက်ကာ အိမ်မှဆင်းသွားသည်၊ နောက်တစ်သက်လုံး ဒီစောက်အိမ်ကို သေတာတောင်ပြန်မလာဘူးဆုံးဖြတ်ထားသည်။

တစ်နေကုန် အပြင်မှာလျှောက်လှိမ့်နေသည်၊ စစချင်းတော့ လွတ်လပ်ခြင်းကိုခံစားရသည်။ ကြာတော့ ဗိုက်က ဂလွီ၊ ဂလွီ အော်လာသည်၊ မနက်တည်းက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အိမ်ပေါ်ကဆင်းချလိုက်လာတာ ပိုက်ဆံထည့်ဖို့ မေ့လာတယ်၊ အိမ်ပြန်ပြီးလည်း စားဖို့ အောက်ကျ မခံချင်ဘူး။

မိုးလည်းချုပ်ကော၊ လမ်းဘေးကဖွင့်ထားတဲ့ ဆီချက်ခေါက်ဆွဲဆိုင်နားရောက်လာတယ်၊ ကြက်သွန်ဖြူမွှေးတဲ့အနံ့နဲ့ ဆီချက်ခေါက်ဆွဲထဲက ကြက်သားနံ့လေးက သူ့စိတ်ကို မစားစားချင်အောင် နှိုးဆွနေသလိုလို၊ ဒါပေမယ့် ပိုက်ဆံကမရှိတော့ တံတွေးပဲ သိပ်မြိုချနေရတယ်။

အဲ့လိုတွေးနေတုန်းပဲရှိသေးတယ်၊ ဆိုင်ရှင် ဦးလေးကြီးက ရုတ်တရပ်မေးလိုက်တယ်

ဒီက သမီးလေး၊ ဆီချက်ခေါက်ဆွဲမှာမလို့လား

သူမက ရှက်ရှက်နဲ့

အင်း၊ ဟုတ်တယ်.. ဒါပေမယ့် သမီး ပိုက်ဆံ မပါလာဘူး

ဆိုင်ရှင်ဦးလေးကြီးက ဟားဟားဟားဟားလို့ ရယ်လိုက်ပြီး

ကိစ္စမရှိဘူး၊ ဒီနေ့ ဦးလည်း အရင်းကျေနေပြီ ဆိုတော့ ဒီတစ်ပွဲဦးလေးကျွေးမယ်၊ သွားသွား.. ဟိုခုံအလွတ်မှာသွားထိုင်ချီ လို့ပြန်ဖြေတယ်။

သူမ.. သူမ,နားပင်မယုံနိုင်အောင်ဖြစ်သွားသည်၊ ဦးလေးကြီးကို အူကြောင်ကြောင်ကြည့်ကာ လက်ညှိုးထိုးပြသော ထိုင်ခုံမှာ သွားထိုင်လိုက် တယ်။

သိပ်မကြာဘူး၊ ဦးလေးကြီးက ဆီချက်ခေါက်ဆွဲ မွှေးမွှေးလေးလာချပေးတယ်၊ သူမ အမြန်ဆုံး စားနည်း ဆိုတာနဲ့ စားပစ်လိုက်ရင်း ဆိုင်ရှင်ကို ပြောတယ်၊

ဦးလေးကြီး .. ဦးလေးကြီး သဘောအရမ်းကောင်းတယ်ဗျာ

အော်.. ဘယ်လိုကြောင့်.. ဘာဖြစ်လို့ လို့ဦးလေးကြီးကပြန်မေးလိုက်သည်။
သူမက
ဟုတ်တယ်လေ၊ သမီးနဲ့ဦိးလေးနဲ့ သိလည်းမသိဘူး၊ သမီးပေါ် အရမ်းကောင်းတယ်၊ သမီး အမေနဲ့များ တစ်ခြားဆီပဲ၊ သမီးအပေါ် တစ်စက်ကလေးမှမကောင်းဖူးဘူး၊ တအားစိတ်တိုဖို့ကောင်းတယ် လို့ပြန်ဖြေတယ်။

ဆိုင်ရှင်ဦးလေးကြီးက တဟားဟားထပ်ရယ်လိုက်သည်။

ပြီးနောက်

ဒီမှာ သမီး၊ ခုနက ဦး သမီးကို ခေါက်ဆွဲတစ်ပန်းကန်ပဲကျွေးဖူးတာနော်၊ သမီးအမေက သမီးအတွက် နှစ်(၂၀)စာ ထမင်းချက်ကျွေးလာတာ တစ်စက် ကလေးမှမကောင်းဘူး၊ ကျေးဇူးမတင်သင့်ဖူးပေါ့ ဟုတ်သလား လို့ပြောသည်။

ဦးလေးကြီးစကားဆုံးတာနဲ့ တပြိုင်နက် သူမ အိပ်ယာကနိုးလာတဲ့ လူတစ်ယောက်လို သတိရသွားတယ်။

အိနြေ္ဒမဆည်နိုင်ပဲ မျက်ရည်ပေါက်များ အလိုလိုကျလာသည်။ စားလက်စ ခေါက်ဆွဲကို တစ်ဝက်ပဲစားကာ အိမ်သို့ပြေးပြန်သွားသည်။

လမ်းသေးလေးရဲ့ ဓာတ်မီးတိုင်မှိန်မှိန်လေးအောက်က အမေ့ကို သူမ ခပ်ဝေးဝေးကလှမ်းမြင်နေရတယ်။

အမေ စိတ်ပူပြီးဘေးဘယ်ညာ လိုက်ကြည့်ကာ သူ့ကိုရှာနေတာ ဘယ်အချိန်ကတည်းကလဲမသိ၊ အော်.. အမေရယ်…………

သူမ နှလုံးသား တစ်စစီအရည်ပျော်သွားခဲ့တယ်။အမေ့ကို တောင်းပန်ပါတယ် အခွန်း တစ်သောင်း ပြောတောင် ငါအပြစ်က ကျေပါ့မလား…

အမေ့နားရောက်သွားတော့ တောင်းပန် စကားတောင် မစရသေးဘူး အမေက

အာ…. ဒီကလေးမ တစ်နေကုန်ဘယ်တွေလျှောက်သွားနေတာလဲ၊ ငါ့မှာ စိတ်ပူလို့သေတော့မယ်၊ လာလာ မြန်မြန် အိမ်ပြန်မယ်၊ လက်ဆေးပြီး ထမင်း စားတူတူစားမယ်၊ ဆာနေလောက်ရောပေါ့

ထိုညအိမ်အပြန်လမ်းတွင် တစ်ကမ္ဘာလုံးမှာ အပျော်ဆုံးက သူမ ဖြစ်လိမ့်မည်။

အသက် ၂၀ကျော်မှ မိခင်မေတ္တာဆိုတာ ဘာလဲ သူသိရှိခွင့်ရခဲ့လို့ဖြစ်သည်။

နေ့တိုင်း သင့်ကိုစောင့်ရှောက်နေတဲ့သူကို သင့်စိတ်ထဲဘာမှ မဟုတ်ဘူးထင်သည်။

ဒါပေမယ့် သူစိမ်းလူ သင့်အပေါ် ဒီလိုလေးခဏ ဆက်ဆံပြလိုက်တာနဲ့ အဲ့ဒီလူ အရမ်းကောင်းတယ် လို့ သင်ထင်တယ်၊ သင့်မိဘ၊ သင့်မိန်းမ (ယောက်ျား) သင့်အတွက် အချိန်ပြည့် ပေးဆပ်နေတာကို သင်က ဒါသူလုပ်သင့်တဲ့ ဝတ္တရားလေ ဆိုတဲ့ စကားထက်ပိုမတွေးကြဘူး။

ဒါ့ပြင် နည်းနည်းလေး လျော့ကောင်းပြရင် သင်က အပြစ်ပြောချင်သေးတယ်။

ဒါပေမယ့် သူစိမ်းလူက သင့်မိဘ၊ သင့်ယောက်ျား (မိန်းမ) ရဲ့ ဆယ်ပုံတစ်ပုံလေးကောင်းပြလိုက်တာနဲ့ သင့်မှာ ဝမ်းသာလို့မဆုံး၊ ကျေးဇူးတင်လို့မဆုံးဘူး။

အဲ့ဒါ လက ကောင်းတယ်၊ နေက အဲ့လောက် မဟုတ်ဘူးဆိုတဲ့အဓိပ္ပါယ်နဲ့ ဘာထူးသေးလို့လဲ။

နေက အမြဲထွန်းလင်းနေတယ်။

လူတွေက သူ့ရဲ့ အလင်းရောင် ကျေးဇူးကို မေ့နေတယ်။

အဲ့လိုပဲ မိဘ ဆွေမျိုးတွေဘေးမှာရှိနေရက်နဲ့ လူတွေဟာ သူတို့ရဲ့နွေးထွေးမှုကို မေ့လျော့ နေတယ်။

ဘာမဟုတ်တဲ့ ကိစ္စအသေးအဖွဲလေးကူညီတဲ့ လလို အလင်းနဲ့သူစိမ်းသူကျတော့ ကျေးဇူးတင်လို့ မဆုံးဘူး။ ပြန်ပြောမဆုံးဘူး၊

နေ ထွန်းလင်းနေတာက အပို မို့လို့များလား……

စဉ်းစားနိုင်ကြပါစေ….

Credit to original