News

“ကင်တင်းမှာ လက်ဖက်ထမင်းရောင်းသူနှင့် အဆောင်ထမင်းချက်များကို ကျောင်းတက်ခိုင်းပြီး ရာနှုန်းပြည့်တက်ရောက်နေသယောင် ဝါဒဖြန့်”

ကန်တင်းလဖက်ထမင်းဆိုင်က အဒေါ်ကြီးကို တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသူဟု စစ်ကောင်စီဝါဒဖြန့် ၊ လဖက်ထမင်း သည်မှာလည်း တက္ကသိုလ်တွင် ဆရာမလုပ်မည်ဟု ပြော

ဇန်နဝါရီ ၁၀

စစ်ကောင်စီမှ ဟန်ပြဖွင့်ထားသော တက္ကသိုလ်တွင် တက်ရောက်သူမှာ ခန်းလုံးပြည့်သုံးဦးသာရှိသော်လည်း ရာနှုန်းပြည့်တက်ရောက်နေသယောင် ဝါဒဖြန့်လျက်ရှိသည်။

ထို့ပြင် အင်တာဗျူးများတွင်လည်း အဆောင်ထမင်းချက်များကို ကျောင်းသူများအဖြစ်သုံးရုံသာမက ၊ ကန်တင်းမှ လဖက်ထမင်းရောင်းသည့် စစ်ကောင်စီထောက်ခံအားပေးသူမှာလည်း မိမိကိုယ်ကိုယ် တတိယနှစ်ဂုဏ်ထူးတန်းကျောင်းသူ ၊ ဂုဏ်ထူးတန်းပီးပါက မဟာတန်းတက်မည်ဟု စစ်ကောင်စီဝါဒဖြန့် ရုပ်မြင်သံကြားတွင် အင်တာဗျူး ဖြေဆိုခဲ့ကြသည်။

၉၀ ရါခိုင်နှုန်း ကျော်သော ကျောင်းသား/သူ တို့သည် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ထားကြဆဲဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန မှလည်း တရားမဝင် အာဏာသိမ်း လူသတ် အကြမ်း စစ်ကောင်စီမှ ဖွင့်လှစ်သင်ကြားသော သင်တန်းများမှာ လုံးဝလုံးဝ တရားမဝင်ကြောင်း ကြေညာခဲ့ပြီးဖြစ်သည့်အတွက် ယခုတက်ရောက်သောအတန်းများမှာ တရားမဝင် သင်တန်းများသာဖြစ်ကြောင်း ထပ်မံကြေညာအပ်ပါသည်။