ဗဟုသုတ

မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား

ဟိုးရှေးရှေးတုန်းက ရွာတရွာမှာ သမီးအဖနှစ်ယောက် ရှိတယ်။ တနေ့မှာ သမီး ဖြစ်သူက ဖခင်ကြီးကို တိုင်တယ်မိတယ်။ ဘာဘဲလုပ်လုပ် တခုမှအဆင်မပြေတဲ့ အကြောင်း အားပျက်မိတဲ့ အကြောင်း ပြောတယ်။

သမီးက အဲလိုတိုင်တည်ပြီး ပြောလိုက်တော့ ဖခင်ကြီးက သမီးလက်ကို ဆွဲပြီး မီးဖိုချောင်ကို ခေါ်သွားလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ အိုးသုံးအိုးထဲကို ရေတွေဖြည့်ပြီး မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာ တင်လိုက်တယ်။ မကြာပါဘူး မီးအား အရမ်း ပြင်းတာကြောင့် အိုးထဲကရေတွေ ပွက်ပွက် ဆူလာပါတယ်။

ရေနွေးတွေလည်း ဆူရော ဖခင်ဖြစ်သူက ပထမ အိုးထဲကို မုန်လာဥတွေထည့်၊ ဒုတိယအိုးထဲကို ကြက်ဥ တွေထည့်၊ တတိယအိုးထဲကို လက်ဖက်ခြောက်တွေ အသီးသီး ထည့်လိုက်တယ်။ ထည့်ပြီးတော့ အိုးတွေကို မီးဖိုပေါ်မှာပဲ ဆက်ထားလိုက်တယ်။

နောက် ၁၀ မိနစ်လောက် ကြာတဲ့အခါမှာ ဖခင်ဖြစ်သူက မီးသုံးဖိုစလုံးကို သတ်လိုက်ပြီး ပထမအိုးထဲက မုန်လာဥတွေကို ဆယ်၊ ပန်းကန်တချပ်ထဲ ထည့်လိုက်တယ်။ နောက်တအိုးက ကြက်ဥတွေကို ဆယ်ပြီး ပန်းကန်ထဲ ထည့်လိုက်ပြန်တယ်။ နောက်ဆုံး အိုးထဲက လက်ဖက်ခြောက်တွေ ခပ်ထားတဲ့ ရေနွေးတွေကို ခွပ်တလုံးထဲ ထည့်လိုက်တယ်။

အဲဒီနောက် ဖခင်ဖြစ်သူက သမီးရေ ဒါတွေကဘာလဲ လို့ မေးတဲ့အခါမှာ သမီးလုပ်သူက မုန်လာဥပြုတ်၊ ကြက်ဥပြုတ်နဲ့ရေနွေးကြမ်းတွေပါလို့ပြန်ဖြေလိုက်တယ်။ သမီးက အဲဒိလို ပြန်ဖြေအပြီးမှာ ဖခင်ဖြစ်သူက မုန်လာဥတွေကို စမ်းခိုင်းတယ်။

သမီးက မုန်လာဥကို ဇွန်းနဲ့ ထိုးကြည့်တဲ့အခါမှာ ပျော့ပြဲနေတာ တွေ့ရတယ်။ နောက် ကြက်ဥကို ယူပြီးစမ်းခိုင်းပြန်တယ်။ ကြက်ဥကိုခွာလိုက်တဲ့အခါမှာ အရမ်းကို ကျက်နေတဲ့ ကြက်ဥပြုတ် တလုံးဖြစ်နေတာ တွေ့ရပြန်တယ်။

နောက်ဆုံးမှာ ရေနွေးကြမ်းကို မြည်းကြည့်ခိုင်းတဲ့အခါမှာ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရေနွေးကြမ်းတခွက် ဖြစ်နေတာ သတိထားမိ ပြန်တယ်။ အားလုံးစမ်းသပ်ပြီးတဲ့ အခါမှာ ဖခင်ဖြစ်သူက သမီးကို ဒီလို ဆုံးမပါတယ်။

မုန်လာဥက ရေနွေးထဲ မရောက်ခက်မှာ သန်သန်မာမာ တောင့်တောင့်တင်းတင်း ကြီးပေါ့။ဒါပေမယ့်ရေနွေးနဲ့လည်း ပြုတ်လိုက်ရော တခါထဲကိုဖျော့ဖတ် သွားတော့တာပဲ။

ကြက်ဥ ကျပြန်တော့ ရေနွေးထဲ မရောက်ခင်မှာ အထိမခံဘူး။ ကြမ်းကြမ်းလေး ထိမိတာနဲ့ ခွက်ကနဲ ကွဲသွားရော။ အပေါ်ခွံပါးပါးလေးက အထဲကအရည်ကြည့် ပျော့ဖတ်ဖတ်လေးတွေကို ကာရံထားတဲ့ အနေအထားပေါ့။ ဒါပေမယ့် ရေနွေးထဲမှာလည်း ပြုတ်လိုက်ရော ပျော့အိအိ အတွင်းသားတွေကအားလုံးမာကုန်တယ်။

လက်ဖက်ခြောက်ကတော့ တဘာသာပေါ့။ ရေနွေးပွက်ပွက်ထဲလည်း ရောက်ရော အဲဒီအဖြူရောင် ရေနွေးတွေကိုပါ လက်ဖက်ရည် အဖြစ်ပြောင်းလဲပစ် လိုက်တယ်။ ပြီးတော့ အရသာရှိတဲ့ ရေနွေးကြမ်း တခွက်အနေနဲ့ ပြောင်းသွားတယ်။

ကဲ ဒီတော့ အဖေ့သမီးကရော ဘာလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား။ လူလက်ဖက်ခြောက်လား။လောကဒဏ်ဆိုတာ လူတိုင်းဟာတနည်းနည်းနဲ့ ရင်ဆိုင်နေ ရတာပါပဲ။ အဲဒီ လောကဒဏ်နဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင်လာရတဲ့ အခါမှာ သမီးက ဘယ်လို တုန့်ပြန်မလဲ။ သမီးကိုယ်တိုင် စဉ်းစားပါ တဲ့။

ပုံပြင်လေးက ဒီလောက်ပါပဲ။

ကိုယ်ဟာ အပြင်ပန်း အမြင်မှာ မုန်လာဥလို မာချာချာ တောင့်တောင့်တင်းတင်းနဲ့၊ လောကဒဏ်ကို တကယ် ရင်ဆိုင်ရတဲ့ အခါမှာပျော့ခွေနွမ်းရိပြီး အားကုန်သွားမယ့် လူစားမျိုးလား။

အစတုန်းကတော့ ထိလွယ် ကွဲလွယ်တဲ့စိတ် ရှိနေတယ်။ စိတ်ကလည်း ပျော့နေတယ်။ ဒါပေမယ့် သေခြင်းတရားလို၊ ရှင်ကွဲကွဲ တာလို၊ ချွတ်ခြုံကျတာလို တခုခုကို အပြင်းအထန် ခံစားပြီးတဲ့ နောက်မှာတော့ နင်လားဟဲ့ လောကဒဏ် ဆိုတဲ့ စိတ်၊ထီမထင်တဲ့စိတ်ဓါတ်နဲ့ မာကြောကြောတောင့်တင်းတင်း ဖြစ်သွားမယ့် လူစားမျိုးလား။

မပြုတ်ခင် ကြက်ဥနဲ့ ပြုတ်ပြီးသား ကြက်ဥလို အပြင်ပန်း အမြင်မှာ သိပ်မကွာလှပေမယ့် အတွင်းမှာတော့ ခါးသီး မာကြောနေတဲ့ နှလုံးသားနဲ့လူမျိုးလား။

လက်ဖက်ခြောက်ဆိုတာရေနွေးဆူလေလေအရသာပိုကောင်းလေလေပါပဲ။လက်ဖက်ခြောက်လိုလူဆိုတာကလည်းဒုက္ခတွေနဲ့အရှိန်တတ်လေလေ အရည်အချင်းတွေ ပိုရှိလာလေလေ ဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပေးနိုင်တဲ့သူ ဖြစ်လာမယ်။ လောကဒဏ်ကို ဘယ်လို ရင်ဆိုင်ဖို့ ဆုံးဖြတ်ထားပါသလဲ။ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။

မူရင်း ဆရာအတ္တကျော်ရဲ့ နေပျော်တဲ့ဘဝ ကြည်မြတဲ့ဘဝင် ရွှင်လန်းတဲ့စိတ် စာအုပ်မှ ကူးယူ ဖော်ပြထားပါတယ်။

Zawgyi

မုန္လာဥလား၊ ၾကက္ဥလား၊ လက္ဖက္ေျခာက္လား

ဟိုးေရွးေရွးတုန္းက ႐ြာတ႐ြာမွာ သမီးအဖႏွစ္ေယာက္ ရွိတယ္။ တေန႔မွာ သမီး ျဖစ္သူက ဖခင္ႀကီးကို တိုင္တယ္မိတယ္။ ဘာဘဲလုပ္လုပ္ တခုမွ အဆင္မေျပတဲ့ အေၾကာင္း အားပ်က္မိတဲ့ အေၾကာင္း ေျပာတယ္။

သမီးက အဲလိုတိုင္တည္ၿပီး ေျပာလိုက္ေတာ့ ဖခင္ႀကီးက သမီးလက္ကို ဆြဲၿပီး မီးဖိုေခ်ာင္ကို ေခၚသြားလိုက္တယ္။ ၿပီးေတာ့ ဘာမွမေျပာဘဲ အိုးသုံးအိုးထဲကို ေရေတြျဖည့္ၿပီး မီးျပင္းျပင္းနဲ႔ ဖိုသုံးဖိုေပၚမွာ တင္လိုက္တယ္။ မၾကာပါဘူး မီးအား အရမ္း ျပင္းတာေၾကာင့္ အိုးထဲကေရေတြ ပြက္ပြက္ ဆူလာပါတယ္။

ေရေႏြးေတြလည္းဆူေရာဖခင္ျဖစ္သူက ပထမအိုးထဲကိုမုန္လာဥေတြထည့္၊ ဒုတိယအိုးထဲကိုၾကက္ဥ ေတြထည့္၊ တတိယအိုးထဲကို လက္ဖက္ေျခာက္ေတြ အသီးသီး ထည့္လိုက္တယ္။ ထည့္ၿပီးေတာ့ အိုးေတြကို မီးဖိုေပၚမွာပဲ ဆက္ထားလိုက္တယ္။

ေနာက္ ၁၀ မိနစ္ေလာက္ ၾကာတဲ့အခါမွာ ဖခင္ျဖစ္သူက မီးသုံးဖိုစလုံးကို သတ္လိုက္ၿပီး ပထမအိုးထဲက မုန္လာဥေတြကို ဆယ္၊ ပန္းကန္တခ်ပ္ထဲထည့္လိုက္တယ္။ ေနာက္တအိုးက ၾကက္ဥေတြကို ဆယ္ၿပီး ပန္းကန္ထဲ ထည့္လိုက္ျပန္တယ္။ ေနာက္ဆုံး အိုးထဲက လက္ဖက္ေျခာက္ေတြ ခပ္ထားတဲ့ ေရေႏြးေတြကို ခြပ္တလုံးထဲ ထည့္လိုက္တယ္။

အဲဒီေနာက္ ဖခင္ျဖစ္သူက သမီးေရ ဒါေတြကဘာလဲ လို႔ ေမးတဲ့အခါမွာ သမီးလုပ္သူက မုန္လာဥျပဳတ္၊ ၾကက္ဥျပဳတ္နဲ႔ ေရေႏြးၾကမ္းေတြပါလို႔ ျပန္ေျဖလိုက္တယ္။ သမီးက အဲဒိလို ျပန္ေျဖအၿပီးမွာ ဖခင္ျဖစ္သူက မုန္လာဥေတြကို စမ္းခိုင္းတယ္။

သမီးက မုန္လာဥကို ဇြန္းနဲ႔ ထိုးၾကည့္တဲ့အခါမွာ ေပ်ာ့ၿပဲေနတာ ေတြ႕ရတယ္။ ေနာက္ ၾကက္ဥကို ယူၿပီး စမ္းခိုင္းျပန္တယ္။ ၾကက္ဥကို ခြာလိုက္တဲ့အခါမွာ အရမ္းကို က်က္ေနတဲ့ ၾကက္ဥျပဳတ္ တလုံးျဖစ္ေနတာ ေတြ႕ရျပန္တယ္။

ေနာက္ဆုံးမွာ ေရေႏြးၾကမ္းကို ျမည္းၾကည့္ခိုင္းတဲ့အခါမွာ အနံ႔အရသာနဲ႔ ျပည့္စုံတဲ့ ေရေႏြးၾကမ္းတခြက္ ျဖစ္ေနတာသတိထားမိ ျပန္တယ္။ အားလုံးစမ္းသပ္ၿပီးတဲ့ အခါမွာ ဖခင္ျဖစ္သူက သမီးကို ဒီလို ဆုံးမပါတယ္။

မုန္လာဥက ေရေႏြးထဲ မေရာက္ခက္မွာ သန္သန္မာမာ ေတာင့္ေတာင့္တင္းတင္း ႀကီးေပါ့။ ဒါေပမယ့္ ေရေႏြးနဲ႔လည္း ျပဳတ္လိုက္ေရာ တခါထဲကို ေဖ်ာ့ဖတ္ သြားေတာ့တာပဲ။

ၾကက္ဥ က်ျပန္ေတာ့ ေရေႏြးထဲ မေရာက္ခင္မွာ အထိမခံဘူး။ ၾကမ္းၾကမ္းေလး ထိမိတာနဲ႔ ခြက္ကနဲ ကြဲသြားေရာ။ အေပၚခြံ ပါးပါးေလးက အထဲက အရည္ၾကည့္ ေပ်ာ့ဖတ္ဖတ္ေလးေတြကို ကာရံထားတဲ့ အေနအထားေပါ့။ ဒါေပမယ့္ ေရေႏြးထဲမွာလည္း ျပဳတ္လိုက္ေရာ ေပ်ာ့အိအိ အတြင္းသားေတြက အားလုံးမာကုန္တယ္။

လက္ဖက္ေျခာက္ကေတာ့ တဘာသာေပါ့။ ေရေႏြးပြက္ပြက္ထဲလည္း ေရာက္ေရာ အဲဒီအျဖဴေရာင္ ေရေႏြးေတြကိုပါ လက္ဖက္ရည္အျဖစ္ေျပာင္းလဲပစ္ လိုက္တယ္။ ၿပီးေတာ့ အရသာရွိတဲ့ ေရေႏြးၾကမ္း တခြက္အေနနဲ႔ ေျပာင္းသြားတယ္။

ကဲ ဒီေတာ့ အေဖ့သမီးကေရာ ဘာလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား။ လူလက္ဖက္ေျခာက္လား။ ေလာကဒဏ္ ဆိုတာ လူတိုင္းဟာ တနည္းနည္းနဲ႔ရင္ဆိုင္ေန ရတာပါပဲ။ အဲဒီ ေလာကဒဏ္နဲ႔ နဖူးေတြ႕၊ ဒူးေတြ႕ ရင္ဆိုင္လာရတဲ့ အခါမွာ သမီးက ဘယ္လို တုန႔္ျပန္မလဲ။ သမီးကိုယ္တိုင္ စဥ္းစားပါ တဲ့။

ပုံျပင္ေလးက ဒီေလာက္ပါပဲ။

ကိုယ္ဟာ အျပင္ပန္း အျမင္မွာ မုန္လာဥလို မာခ်ာခ်ာ ေတာင့္ေတာင့္တင္းတင္းနဲ႔၊ ေလာကဒဏ္ကို တကယ္ ရင္ဆိုင္ရတဲ့ အခါမွာ ေပ်ာ့ေခြႏြမ္းရိၿပီး အားကုန္သြားမယ့္ လူစားမ်ိဳးလား။

အစတုန္းကေတာ့ ထိလြယ္ ကြဲလြယ္တဲ့စိတ္ ရွိေနတယ္။ စိတ္ကလည္း ေပ်ာ့ေနတယ္။ ဒါေပမယ့္ ေသျခင္းတရားလို၊ ရွင္ကြဲကြဲ တာလို၊ ခြၽတ္ၿခဳံက်တာလို တခုခုကို အျပင္းအထန္ ခံစားၿပီးတဲ့ ေနာက္မွာေတာ့ နင္လားဟဲ့ ေလာကဒဏ္ ဆိုတဲ့ စိတ္၊ ထီမထင္တဲ့ စိတ္ဓါတ္နဲ႔ မာေၾကာေၾကာ ေတာင့္တင္းတင္း ျဖစ္သြားမယ့္ လူစားမ်ိဳးလား။

မျပဳတ္ခင္ ၾကက္ဥနဲ႔ ျပဳတ္ၿပီးသား ၾကက္ဥလို အျပင္ပန္း အျမင္မွာ သိပ္မကြာလွေပမယ့္ အတြင္းမွာေတာ့ ခါးသီး မာေၾကာေနတဲ့ ႏွလုံးသားနဲ႔လူမ်ိဳးလား။

လက္ဖက္ေျခာက္ဆိုတာ ေရေႏြး ဆူေလေလ အရသာ ပိုေကာင္းေလေလ ပါပဲ။ လက္ဖက္ေျခာက္လို လူဆိုတာကလည္း ဒုကၡေတြနဲ႔ အရွိန္တတ္ေလေလ အရည္အခ်င္းေတြ ပိုရွိလာေလေလ ျဖစ္ၿပီး ကိုယ့္ပတ္ဝန္းက်င္အတြက္ ပိုေကာင္းတဲ့ အေျခအေနကို ဖန္တီးေပးႏိုင္တဲ့သူ ျဖစ္လာမယ္။ ေလာကဒဏ္ကို ဘယ္လို ရင္ဆိုင္ဖို႔ ဆုံးျဖတ္ထားပါသလဲ။ လူမုန္လာဥလား၊ လူၾကက္ဥလား၊ လူလက္ဖက္ေျခာက္လား။

မူရင္း ဆရာအတၱေက်ာ္ရဲ႕ ေနေပ်ာ္တဲ့ဘဝ ၾကည္ျမတဲ့ဘဝင္ ႐ႊင္လန္းတဲ့စိတ္ စာအုပ္မွ ကူးယူ ေဖာ္ျပထားပါတယ္။