News

“၂ဝ၂၂ နှစ်ကုန်အထိ အပစ်ခတ်ရပ်စဲဖို့ စစ်ခေါင်းဆောင်ကမ်းလှမ်း”

စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ PDF နဲ့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေပေါင်းတိုက်နေတဲ့အချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ EAOs တွေနဲ့ ၂ဝ၂၂ နှစ်ကုန်အထိ အပစ်အခတ် ရပ်စဲသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း အပစ်အခတ်ရပ်စဲရေး ကမ်း လှမ်းချက်ကို လက်ခံကြဖို့သူကတောင်းဆိုပါတယ်။ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ တောင်းဆိုလိုက်တာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ကလည်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ရရှိဖို့ သက်ဆိုင်သူတွေအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့နဲ့ တင်းမာမှုတွေ လျှော့ချဖို့တို့ကို ရည်ရွယ်တဲ့ စစ်ခေါင်း ဆောင်ရဲ့ တောင်းဆိုမှုအပေါ် ထောက်ခံတယ်လို့လည်း ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ကရင်၊ ကချင်၊ ချင်း၊ ကယား၊ ရှမ်းစတဲ့ ပြည်နယ်တွေအပါအဝင် တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးထားပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကတော့ …

အပစ်အခတ်ရပ်စဲပြီးနိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်မှပြည်တွင်းငြိမ်းချမ်းရေး ရနိုင်မယ်ဆိုတာကိုနားလည်ထားလို့အပစ်အခတ်ရပ်စဲရေးကိုကြိုးပမ်းအားထုတ်ခဲ့ပြီးဖြစ်ကြောင်း၊ ဒါပေမဲ့ စစ်အာဏာရှင်တွေကနိုင်ငံရေးပြဿနာကို စိတ်ရင်းမှန်နဲ့ ဖြေရှင်းလိုစိတ် မရှိသရွေ့ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းမှု ဖြစ်လာဖို့မရှိဘူးကြောင်း ပြီးခဲ့တဲ့ ကရင်နှစ်သစ်ကူးနေ့ သဝဏ်လွှာကနေ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

crd