ဗဟုသုတ

ဖားအောက်ဆရာတော်ဘုရားကြီး ပြောတဲ့ ရဟန်းတွေကို ခေါက်ဆွဲ၊ မုန့်ဟင်းခါး ကပ်ရင် သိမှတ်စရာ

ရဟန်းတွေကို ခေါက်ဆွဲ၊ မုန့်ဟင်းခါး ကပ်ရင်သိမှတ်စရာ ”(ခေါက်ဆွဲကို အရှည်တိုင်း ကပ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ဘုန်းကြီးတွေ ဆွမ်းဘုန်းပြီးအာပတ်ဖြေရလို့ ဘယ်လောက်တောင် ဒုက္ခများခဲ့ရလဲမသိဘူး။ သာမညဖလ သုတ္တန်မှာဖားအောက်ဆရာတော်ကြီးိး ဟောထားတာကိုနားထောင်ပြီး အခုမှသိလို့ စာသားပြန်ရိုက်ပြီးပြန်လည် ဖေါ်ပြလိုက်ပါတယ်။)

ဆရာ တော်ကြီးရဲ့ တရားညကမပြောဖြစ်ဘဲ ကျန်ခဲ့တာ တခုရှိတယ်။ ပါးစပ်နဲ့ ကိုက်ဖြတ်ပြီး မစားရဘူးလို့ပြောခဲ့ပါတယ်။ဆန်ထွက်ပစ္စည်း ၊ ဂျုံထွက်ပစ္စည်း၊ အသား၊ ငါးပေါင်းလိုက်တော့ ကိုက်ဖြတ်ပြီး မစားရတဲ့ အစားအစာ အမျိုးအစား ငါးမျိုးရှိတယ်။ဘုန်းကြီးကကြက်သားဝက်သားကိုပဲအာရုံစိုက်သွားတော့ကြက်သား၊ဝက်သားတွေကို ပါးစပ်နဲ့ ကိုက်ဖြတ်ပြီးစားတာကိုပဲ တွေးပြီး ပြောမိတယ်။

ဒါပေမဲ့ ဒီဘက်မှာ သက်သတ်လွှတ်ဘက်မှာ ရှုပ်ထွေးနေတာကတော့ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်နော်။သူက ဆန်ထွက်ပစ္စည်းနဲ့ ဂျုံထွက်ပစ္စည်း ဖြစ်နေပါတယ်။ဆန်ထွက်ပစ္စည်း ဂျူံထွက်ပစ္စည်းဖြစ်တော့ချက်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုအိုင်ဒီယာလဲတော့မသိဘူး။ မုန့်ဟင်းခါး ဆိုရင်လည်း သူတို့ကလှလှော်လို့ရမှ ကြိုက်တယ်။ခပ်ပျစ်ပျစ်ဆိုရင်သူတို့ကသိပ်မကြိုက်ချင်ဘူး။ ခေါက်ဆွဲဆိုလည်း ဘာခေါက်ဆွဲ ညာခေါက်ဆွဲ စုံနေတာပေါ့လေ ။ သူကတလံနှစ်လံလောက် ရှည်နေမှ ကြိုက်တယ်။

အဲဒီခေါက်ဆွဲတွေကို ပါးစပ်ထဲ သွင်းလိုက်တော့အကုန်လုံးက မဝင်ပြန်ဘူး။ မဝင်တော့ ဘာလုပ်ရလဲပါးစပ်ကလေးနဲ့ ပိတ်ဆို့ ဖြတ်ချလိုက်ရတယ်။ အဲဒါပဲ အဲဒါပဲ ဟုတ်တယ်မဟုတ်လား၊ ဒါ ရဟန်းတွေမှာအာပတ်သင့်တဲ့ လုပ်ငန်းပဲ။ဒါကြောင့် ဘုန်းကြီးက ကြာဇံကိုတော့လက်သုံးသစ်လေးသစ် ပမာဏလောက် ဖြတ်ပြီးချက်ဖို့ အကြံပေးထားဖူးပါတယ်။ ခေါက်ဆွဲနဲ့ မုန့်ဟင်းခါးတော့ အကြံမပေးဖူး ဖြစ်နေတယ်။ခေါက်ဆွဲလည်း ဖြတ်တောက်ရတာ လွယ်ပါတယ်နော်။

လက်လေးသစ် ပမာဏလောက် ဖြတ်ပြီးတော့ ကိုယ်ကြိုက်သလို ချက်ပြုတ်စီမံမယ်ဆိုရင်လည်း ရဟန်းတော်များအတွက် လွယ်ကူသွားမည့်သဘောရှိတယ်။အလား တူပဲ မုန့်တီလည်းပဲနည်းနည်းပျစ်ပျစ်လေးဆိုရင် လက်နဲ့ပဲ ဖြတ်ရတာ လွယ်ကူတဲ့သဘော ရှိပါတယ်။ ဟင်းက ကျဲနေမယ်ဆိုရင်တော့ နည်းနည်းလေး ဖြတ်ရခက်တဲ့သဘောတော့ ရှိပါတယ်။

ZAWGYI

ရဟန်းတွေကို ခေါက်ဆွဲ၊ မုန့်ဟင်းခါး ကပ်ရင်သိမှတ်စရာ ”(ခေါက်ဆွဲကို အရှည်တိုင်း ကပ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ဘုန်းကြီးတွေ ဆွမ်းဘုန်းပြီးအာပတ်ဖြေရလို့ ဘယ်လောက်တောင် ဒုက္ခများခဲ့ရလဲမသိဘူး။ သာမညဖလ သုတ္တန်မှာဖားအောက်ဆရာတော်ကြီးိး ဟောထားတာကိုနားထောင်ပြီး အခုမှသိလို့ စာသားပြန်ရိုက်ပြီးပြန်လည် ဖေါ်ပြလိုက်ပါတယ်။)

ဆရာတော်ကြီးရဲ့ တရားညကမပြောဖြစ်ဘဲ ကျန်ခဲ့တာတခုရှိတယ်။ပါးစပ်နဲ့ကိုက်ဖြတ်ပြီးမစားရဘူးလို့ပြောခဲ့ပါတယ်။ဆန်ထွက်ပစ္စည်း ၊ဂျုံထွက်ပစ္စည်း၊ အသား၊ ငါးပေါင်းလိုက်တော့ ကိုက်ဖြတ်ပြီး မစားရတဲ့ အစားအစာ အမျိုးအစားငါးမျိုးရှိတယ်။ဘုန်းကြီးကကြက်သားဝက်သားကိုပဲအာရုံစိုက်သွားတော့ကြက်သား၊ဝက်သားတွေကို ပါးစပ်နဲ့ ကိုက်ဖြတ်ပြီးစားတာကိုပဲ တွေးပြီး ပြောမိတယ်။ ဒါပေမဲ့ ဒီဘက်မှာ သက်သတ်လွှတ်ဘက်မှာရှုပ်ထွေးနေတာကတော့ မုန့်ဟင်းခါးနဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်နော်။သူက ဆန်ထွက်ပစ္စည်းနဲ့ ဂျုံထွက်ပစ္စည်း ဖြစ်နေပါတယ်။

ဆန်ထွက်ပစ္စည်း ဂံျူထွက်ပစ္စည်းဖြစ်တော့ချက်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုအိုင်ဒီယာလဲတော့မသိဘူး။ မုန့်ဟင်းခါးဆိုရင်လည်း သူတို့ကလှလှော်လို့ရမှ ကြိုက်တယ်။ ခပ်ပျစ်ပျစ်ဆိုရင် သူတို့ကသိပ်မကြိုက်ချင်ဘူး။ ခေါက်ဆွဲဆိုလည်း ဘာခေါက်ဆွဲ ညာခေါက်ဆွဲ စုံနေတာပေါ့လေ ။သူကတလံနှစ်လံလောက် ရှည်နေမှ ကြိုက်တယ်။အဲဒီခေါက်ဆွဲတွေကို ပါးစပ်ထဲ သွင်းလိုက်တော့အကုန်လုံးက မဝင်ပြန်ဘူး။ မဝင်တော့ဘာလုပ်ရလဲပါးစပ်ကလေးနဲ့ ပိတ်ဆို့ ဖြတ်ချလိုက်ရတယ်။ အဲဒါပဲ အဲဒါပဲ ဟုတ်တယ်မဟုတ်လား၊ ဒါ ရဟန်းတွေမှာအာပတ်သင့်တဲ့ လုပ်ငန်းပဲ။

ဒါကြောင့် ဘုန်းကြီးက ကြာဇံကိုတော့လက်သုံးသစ်လေးသစ် ပမာဏလောက် ဖြတ်ပြီးချက်ဖို့ အကြံပေးထားဖူးပါတယ်။ ခေါက်ဆွဲနဲ့မုန့်ဟင်းခါးတော့ အကြံမပေးဖူး ဖြစ်နေတယ်။ခေါက်ဆွဲလည်း ဖြတ်တောက်ရတာ လွယ်ပါတယ်နော်။ လက်လေးသစ် ပမာဏလောက် ဖြတ်ပြီးတော့ ကိုယ်ကြိုက်သလိုချက်ပြုတ်စီမံမယ်ဆိုရင်လည်း ရဟန်းတော်များအတွက် လွယ်ကူသွားမည့်သဘောရှိတယ်။အလား တူပဲ မုန့်တီလည်းပဲနည်းနည်းပျစ်ပျစ်လေးဆိုရင်လက်နဲ့ပဲ ဖြတ်ရတာ လွယ်ကူတဲ့သဘော ရှိပါတယ်။ ဟင်းက ကျဲနေမယ်ဆိုရင်တော့ နည်းနည်းလေး ဖြတ်ရခက်တဲ့သဘောတော့ ရှိပါတယ်။

crd