ဗဟုသုတ

ကမ္ဘာကျော် အောက်စဖိုဒ့်တက္ကသိုလ်မှ ပါရဂူဒေါက်တာဘွဲ့ရ မြန်မာပြည်သား ဆရာတော် (ထရုပ္ပတ္တိ အကျဉ်း)

တစ်ခေါက်မှာတော့ မြန်မာပြည်မှာ ဖွား၊ မြန်မာပြည်မှာ ကြီးပြင်းပြီးကမ္ဘာကျော်အောက်စဖိုဒ့်တက္ကသိုလ်မှာပါရဂူဒေါက်တာဘွဲ့ရရှိခဲ့တဲ့ ဆရာတော် ဒေါက်တာဓမ္မသာမိ ထရုပ္ပတ္တိ အကျဉ်းကို ဖော်ပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ဆရာတော်ကို (၁၉၆၄)ခုနှစ်၊ နိုဝင်ဘာ (၂၃)ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၊ နောင်ပန်ရွာမှာ ခမည်းတော် ဦးလုံးစန်းခမ်းသြ (ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်)နဲ့မယ်တော်ဒေါ်ပါစန်းဆွေတို့မှမွေးဖွားခဲ့တာ ဖြစ်ပါတယ်။မွေးချင်းညီအစ်ကို မောင်နှမ (၁၀)ယောက်ရှိသည့်အနက် ဆရာတော်ဟာ (၇)ယောက်မြောက် သားမြတ်ရတနာလည်း ဖြစ်ပါတယ်။

ဆရာတော်ဟာ ငယ်စဉ်တည်းက အကြောင်းအရာတစ်ခုခုကို သေသေချာချာ စူးစမ်းလေ့လာခြင်းရှိပြီး အလုပ်တစ်ခုကို ပြီးပြတ်သွားမှနောက်တစ်ခု ဆက်လုပ်လေ့ရှိပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓစာပေကျမ်းဂန်များကို လေးနက်စွာ ချစ်မြတ်နိုးခြင်းကြောင့် မြန်မာ(ရှမ်းပြည်နယ် ၊ပဲခူး)၊ထိုင်း၊သီရိလင်္ကာနဲ့ ဗြိတိန် နိုင်ငံတို့မှာ လေ့လာ သင်ကြားခဲ့ပြီး (၂၀၀၄)ခုနှစ်မှာတော့ ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပါရဂူဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင် (၂၀၀၃)ခုနှစ်တုန်းကလည်း ဆရာတော်ဟာ အောက်ဖို့ဒ် တက္ကသိုလ်မှ ဗုဒ္ဓစာပေများကို လူအများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး အောက်စဖို့ဒ်မြို့မှာဘဲ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို တည်ထောင်ခဲ့ပါတယ်။အဲ့နောက်မှာဆရာတော်ဟာအောက်စဖို့ဒ် တက္ကသိုလ်နဲ့ လက်တွဲပြီး ဗုဒ္ဓ စာပေ အနှစ်သာရများကို ယနေ့အထိတိုင် သင်ကြားပို့ချနေခဲ့ပါတယ်။

ဆရာတော်ဟာ သားတပည့်များနဲ့ ညီအစ်ကိုနောင်တော်များအတွက် (၂၀၀၇)ခုနှစ်မှာကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်များကို စုစည်းပေးပြီးကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး (၂)ခုကို တည်ထောင်ပေးခဲ့ပါတယ်။ဒါ့အပြင် ထေရဝါဒနှင့် ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊ အင်္ဂလိပ် ဘာသာများဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။

လက်ရှိမှာတော့ ဆရာတော်ဟာဝိပဿနာတရားစခန်းများကို အမေရိကန်၊အင်္ဂလန်၊စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ကနေဒါ၊ဂျာမနီ၊ဝေးလ်စ်၊ကိုရီးယား၊ထိုင်း၊ မလေးရှား၊စင်ကာပူစတဲ့ ပြည်ပနိုင်ငံကြီးတော်တော်များများမှာဖွင့်လှစ်ပြသပေးလျှက်ရှိပါတယ်။ ဒါကြောင့်ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ “ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ဆရာတော်ဟာ အောက်စဖို့ဒ်တက္ကသိုလ်တွင် ကထိကဆရာ၊ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်တွင် ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအသင်းကြီး( IABU )နှင့်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်များအသင်းကြီးတို့တွင် တည်ထောင်သူနှင့် အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်လျှက်ရှိပါတယ်။

ZAWGYI

တစ်ခေါက်မှာတော့ မြန်မာပြည်မှာ ဖွား၊ မြန်မာပြည်မှာ ကြီးပြင်းပြီး ကမ္ဘာကျော်အောက်စဖိုဒ့်တက္ကသိုလ်မှာပါရဂူဒေါက်တာဘွဲ့ရရှိခဲ့တဲ့ဆရာတော် ဒေါက်တာဓမ္မသာမိ ထရုပ္ပတ္တိ အကျဉ်းကိုဖော်ပြပေးသွားမှာဘဲ ဖြစ်ပါတယ်။ဆရာတော်ကို(၁၉၆၄)ခုနှစ်၊ နိုဝင်ဘာ(၂၃)ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့၊ နောင်ပန်ရွာမှာ ခမည်းတော် ဦးလုံးစန်းခမ်းသြ(ရှမ်းတိုင်းရင်းသား ဆေးဆရာကြီး ကွယ်လွန်)နဲ့မယ်တော် ဒေါ်ပါစန်းဆွေတို့မှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။မွေးချင်းညီအစ်ကို မောင်နှမ (၁၀)ယောက်ရှိသည့်အနက် ဆရာတော်ဟာ (၇)ယောက်မြောက် သားမြတ်ရတနာလည်း ဖြစ်ပါတယ်။

ဆရာတော်ဟာငယ်စဉ်တည်းကအကြောင်းအရာတစ်ခုခုကိုသေသေချာချာ စူးစမ်းလေ့လာခြင်းရှိပြီးအလုပ်တစ်ခုကို ပြီးပြတ်သွားမှ နောက်တစ်ခု ဆက်လုပ်လေ့ရှိပါတယ်။ ဆရာတော်ဟာ ဗုဒ္ဓစာပေကျမ်းဂန်များကို လေးနက်စွာ ချစ်မြတ်နိုးခြင်းကြောင့် မြန်မာ (ရှမ်းပြည်နယ် ၊ပဲခူး)၊ထိုင်း၊သီရိလင်္ကာနဲ့ ဗြိတိန် နိုင်ငံတို့မှာ လေ့လာ သင်ကြားခဲ့ပြီး(၂၀၀၄)ခုနှစ်မှာတော့ ကမ္ဘာ့အကျော်ကြားဆုံး တက္ကသိုလ်ဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်မှာ ပါရဂူဒေါက်တာဘွဲ့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ဒါ့အပြင်(၂၀၀၃)ခုနှစ်တုန်းကလည်းဆရာတော်ဟာအောက်ဖို့ဒ်တက္ကသိုလ်မှဗုဒ္ဓစာပေများကိုလူအများကျယ်ကျယ်ပြန့်ပြန့်လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး အောက်စဖို့ဒ်မြို့မှာဘဲ အောက်စဖို့ဒ် ဗုဒ္ဓဝိဟာရကျောင်းတိုက်ကိုတည်ထောင်ခဲ့ပါတယ်။အဲ့နောက်မှာ ဆရာတော်ဟာအောက်စဖို့ဒ်တက္ကသိုလ်နဲ့ လက်တွဲပြီး ဗုဒ္ဓ စာပေ အနှစ်သာရများကို ယနေ့အထိတိုင် သင်ကြားပို့ချနေခဲ့ပါတယ်။

ဆရာတော်ဟာ သားတပည့်များနဲ့ ညီအစ်ကိုနောင်တော်များအတွက် (၂၀၀၇)ခုနှစ်မှာ ကမ္ဘာအရပ်ရပ်ရှိဗုဒ္ဓတက္ကသိုလ်များကို စုစည်းပေးပြီးကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီးနဲ့ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များ အသင်းကြီး(၂)ခုကို တည်ထောင်ပေးခဲ့ပါတယ်။ ဒါ့အပြင်ထေရဝါဒနှင့် ကိုက်ညီစွာ ရှမ်း၊ မြန်မာ၊အင်္ဂလိပ်ဘာသာများဖြင့်ဆောင်းပါး၊ကဗျာများ ရေးသားခဲ့ပြီး ဓမ္မစာအုပ်များလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။

လက်ရှိမှာတော့ ဆရာတော်ဟာ ဝိပဿနာတရားစခန်းများကို အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ ပြင်သစ်၊ ဟန်ဂေရီ၊ ကနေဒါ၊ ဂျာမနီ၊ဝေးလ်စ်၊ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ စတဲ့ ပြည်ပနိုင်ငံကြီး တော်တော်များများမှာ ဖွင့်လှစ်ပြသပေးလျှက်ရှိပါတယ်။ ဒါကြောင့်ကမ္ဘာ့ဗုဒ္ဓသာသနာပြုအောက်စဖို့ဒ် ဆရာတော် ဒေါက်တာ ဓမ္မသာမိ DPhil (Oxford), MPhil (Kelaniya) ဆရာတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရမှ“ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ” ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ခဲ့ပါတယ်။

ယနေ့အချိန်မှာတော့ ဆရာတော်ဟာ အောက်စဖို့ဒ်တက္ကသိုလ်တွင်ကထိကဆရာ၊ရန်ကုန် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်တွင် ပါမောက္ခ၊ အပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များအသင်းကြီး( IABU )နှင့်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓတက္ကသိုလ်များအသင်းကြီးတို့တွင် တည်ထောင်သူနှင့် အတွင်းရေးမှူးချုပ်အဖြစ် ဆောင်ရွက်လျှက်ရှိပါတယ်။