ဗဟုသုတ

ကြီးကျယ်ခမ်းနားမှုအရှိဆုံး ပျူမြို့ဟောင်း သရေခေတ္တရာ

မြန်မာနိုင်ငံတွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိ ပျူလူမျိုးတို့၏ အထင်ကရမြို့တော်သုံးမြို့ရှိခဲ့ဖူးပါသည်။ ယင်းတို့မှာ မကွေးတိုင်းဒေသကြီးရှိ ဗိဿနိုးမြို့၊ စစ်ကိုင်း တိုင်း ဒေသကြီးရှိ ဟန်လင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီးရှိသရေခေတ္တရာမြို့များဖြစ်ကြပြီးသုံးမြို့လုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို (UNESCO) က ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။ယင်းရှေးဟောင်းပျူမြို့တော်သုံးမြို့အနက် သရေခေတ္တ ရာသည် အကြီးဆုံး၊ အခမ်းနားဆုံး၊ စည်ပင်ဝပြောဆုံးနှင့် သာသနာရေးဆိုင်ရာ အ ဆောက်အဦးများ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းရပါသည်။

သရေခေတ္တရာသည် အေဒီ ၄ ရာစုမှ ၉ရာစုအတွင်း ထွန်းကားခဲ့သည့်ရှေးပျူ မြို့ဟောင်းတစ်ခုဖြစ်ကာ ရှေးမြန်မာတို့၏အမျိုးဂုဏ်၊ဇာတိဂုဏ် မြင့်မားစွာတည်ရှိ နေခဲ့မှုကို ဖော်ပြနေပါသည်။ သရေခေတ္တရာဟူသည်မှာ“ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံသောမြို့”ဟု အဓိပ္ပာယ်ရပါသည်။

သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပ တေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တပေါင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် ၂၇ ဆက် အုပ်စိုးခဲ့ကြသည်ဟု မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ဖော်ပြထားပါသည်။သရေခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်နယ်မြေသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈၀ ခန့်အကွာ၊ ပြည်ပေါက်ခေါင်းလမ်းဘေးမှာ တည်ရှိနေပါသည်။မြို့ဟောင်းအတွင်း၌ မှော်ဇာရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာရှိနေပါသည်။

သရေခေတ္တရာပျူမြို့ဟောင်း၏ပုံသဏ္ဌာန်မှာ စက်ဝိုင်းပုံမကျ ဘဲဥပုံမကျဖြစ်သည်။အပြင် မြို့ရိုးပတ်လည် ၉ မိုင်ခန့်ရှိပြီးအကျယ်အဝန်းအားဖြင့် ၅.၅ စတုရန်းမိုင် ရှိပါသည်။ မြို့ရိုးများကောင်းစွာကျန်နေသေးပြီး တချို့နေရာတွင် မြို့ရိုးနှစ်ထပ်-သုံး ထပ်ကာရံထားပါသည်။ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးပတ်လည်တွင် မြို့ ဝင်ပေါက်များ ဖောက်လုပ်ထားပါသည်။

ရှေးဟောင်းရာဇဝင်ကျမ်းများအရ မြို့ရိုးတွင် တံခါးကြီး ၃၂ ပေါက် တံခါးငယ် ၃၃ပေါက်ရှိကြောင်းသိရပြီး ယခုလက်ရှိမှာ တူးဖော် ဖော်ထုတ်ထားသည့် တံခါး ပေါက် ၁၀ ပေါက်ကို တွေ့ရနိုင်ပါသည်။ တံခါးပေါက်များအ နက် နဂါးတွန့်ပေါက်၊ နတ်ပေါက်၊လုလင်ကျော်ပေါက်တို့မှာ ထင်ရှားပါသည်။သရေခေတ္တရာမြို့ဟောင်းတွင် မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ကျုံးနှင့်အတူနန်းတော်ရာ၊ သာသနာ အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများနှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းရာကို ယခုတိုင်တွေ့ရှိနိုင်ပါသည်။

ထူးခြားထင်ရှားသောဗုဒ္ဓသာသနိကအဆောက်အဦးများမှာဘောဘောကြီးစေတီ၊ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ ဘဲဘဲကြီးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ဘုရား တောင်ဘုရား၊ရဟန္တာဂူတို့ ဖြစ်ပါသည်။ဘုရားစေတီများမှာယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊ သပိတ် မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာ ဆင်ထားခြင်းမရှိဘဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီများပုံစံမှ ရွေ့လျောလာခြင်းဖြစ် မည်ဟု သမိုင်းပညာရှင်များက ယူဆကြပါသည်။

သရေခေတ္တရာမြို့ဟောင်းအား အပေါ်ယံလေ့လာခြင်းကို ကိုလိုနီခေတ်ဦးကပင် ပြု လုပ်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်မှစပြီး ရှေးဟောင်းသုတေသနဌာနမှ စနစ်သစ်ဖြင့် စတင်တူးဖော်ခဲ့ ရာ ယခုအချိန်ထိ ကုန်းပေါင်း ၅၆ ကုန်းအထိ တူးဖော်သုတေသနပြုခဲ့ပြီး ဖြစ်ပါသည်။တူးဖေါ်ရရှိသောပစ္စည်းများကိုအများပြည်သူများလေ့လာနိုင်ရန် သီရိခေတ္တရာပြ တိုက်၊ ပြည်ယဉ်ကျေးမှုပြတိုက်၊ ရန်ကုန်မြို့ အမျိုးသားပြတိုက်တို့တွင် ပြသထားပါသည်။

အဆို ပါကြွင်းကျန်ရစ်သော အဆောက်အအုံများ၊ တူးဖေါ်တွေ့ရှိခဲ့ရသော ရှေးဟောင်းပစ္စည်း များနှင့် တရုတ်ပြည်မှသမိုင်းမှတ်တမ်းများအရသရေခေတ္တရာမြို့ဟောင်းသည် ရှေးပျူ တို့၏ မြို့တော်ဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။ဘာသာရေးအရ ပျူခေတ်တစ်လျှောက်လုံးတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက ယုံကြည်ကိုးကွယ်ခဲ့ပြီး မဟာယာနဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့ပါသည်။

ရုပ်တုများ၊ ကျောက်ချပ်အထောက်အထားများအရ ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာ သာတို့ တစ်ပြိုင်တည်းထွန်းကားခဲ့ကြောင်း ယူဆရသည်။ သရေခေတ္တရာတွင် ဗိဿနိုး ကိုးကွယ်မှု ဓလေ့ရှိကြောင်းလည်း တွေ့ရ၏။ဗိဿနိုးရုပ်တုများသည် မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိရခြင်းဖြစ်သည်။ ပျူလူမျိုးများသည် သံမယ်နများ၊ သံတံခါးစောင့်နတ် ရုပ်များနှင့်ပတ်သက်၍လည်း ယုံကြည်မှုရှိခဲ့ကြသည်။ မြို့ကိုစောင့်ရှောက်ရန်အတွက် ဒွါရပါလတံခါးစောင့်နတ်ရုပ်များကို စိုက်ထူထားပါသည်။

သရေခေတ္တရာမြို့ဟောင်းသည် မည်သည့်ခုနှစ်တွင် တိမ်ကောပျက်စီးသွား ကြောင်း ခိုင်မာသော သက်သေအထောက်အထားများမရှိသေးပေ။မြန်မာရာဇဝင်အရ သရေခေတ္တရာမင်းနေပြည်တော်သည်မင်းဆက်၂၅ ဆက်မြောက်သုပညာနဂရဆိန္ဒမင်းလက်ထက်သာသနာနှစ် ၆၃၆ ခုတွင်ပျက်စီးခြင်းသို့ ဆိုက် ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။

လက်ရှိတူးဖေါ်တွေ့ရှိချက်များမှလည်း သရေခေတ္တရာမြို့ ပျက်စီးခဲ့သော ခုနှစ်သက္ကရာဇ်ကိုအတိအကျမသိရှိရသေးသော်လည်း အေဒီ ၈ရာစုအထိ စည်ပင်ဝပြောခဲ့ပြီး အေဒီ ၉ ရာစုတွင် ပျက်စီးခဲ့သည်ဟု ကောက်ချက်ချထားကြကြောင်း သိရပါသည်။

ZAWGYI

မြန်မာနိုင်ငံတွင် အေဒီ ၁ ရာစုမှ ၉ ရာစုခန့်အထိပျူလူမျိုးတို့၏အထင်ကရမြို့တော်သုံးမြို့ရှိခဲ့ဖူးပါသည်။ယင်းတို့မှာမကွေးတိုင်းဒေသကြီးရှိ ဗိဿနိုးမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီးရှိ ဟန်လင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီးရှိ သရေ ခေတ္တရာမြို့များဖြစ်ကြပြီး သုံးမြို့လုံးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကို (UNESCO) က ၂၀၁၄ ခုနှစ်တွင် သတ်မှတ်ခဲ့ပါသည်။

ယင်းရှေးဟောင်းပျူမြို့တော်သုံးမြို့အနက် သရေခေတ္တ ရာသည် အကြီးဆုံး၊ အခမ်းနားဆုံး၊စည်ပင်ဝပြောဆုံးနှင့်သာသနာရေးဆိုင်ရာအဆောက်အဦးများ အပေါများဆုံးဖြစ်ခဲ့မည်ဟု ကျန်ခဲ့သော အထောက်အထားများအရ ခန့်မှန်းရပါသည်။သရေခေတ္တရာသည် အေဒီ ၄ ရာစုမှ ၉ ရာစုအတွင်းထွန်းကားခဲ့သည့် ရှေးပျူ မြို့ဟောင်းတစ်ခုဖြစ်ကာ ရှေးမြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစွာတည်ရှိ နေခဲ့မှုကို ဖော်ပြနေပါသည်။

သရေခေတ္တရာဟူသည်မှာ“ကျက်သရေ မင်္ဂလာအပေါင်း နှင့် ပြည့်စုံသောမြို့”ဟု အဓိပ္ပာယ်ရပါသည်။သရေခေတ္တရာပျူမြို့ဟောင်းကို ဂဝံပတေ့အရှင်သူမြတ်အမှူးပြု၍ ဒွတ္တပေါင်မင်းကြီးတည်ထောင်ခဲ့ပြီး မင်းစဉ်မင်းဆက် ၂၇ဆက် အုပ်စိုးခဲ့ကြသည်ဟု မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ဖော်ပြထားပါသည်။သရေခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ်နယ်မြေသည် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈၀ ခန့်အကွာ၊ ပြည်ပေါက်ခေါင်းလမ်းဘေးမှာ တည်ရှိနေပါသည်။မြို့ဟောင်းအတွင်း ၌ မှော်ဇာရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာရှိနေပါသည်။

သရေခေတ္တရာပျူမြို့ဟောင်း၏ပုံသဏ္ဌာန်မှာစက်ဝိုင်းပုံမကျ ဘဲဥပုံမကျဖြစ်သည်။ အပြင် မြို့ရိုးပတ်လည် ၉ မိုင်ခန့်ရှိပြီးအကျယ်အဝန်းအားဖြင့် ၅.၅ စတုရန်းမိုင် ရှိပါသည်။ မြို့ရိုးများကောင်းစွာကျန်နေသေးပြီး တချို့နေရာတွင် မြို့ရိုးနှစ်ထပ်-သုံး ထပ်ကာရံထားပါသည်။ကျုံးပတ်လည်ရံလျက်ရှိသော အုတ်မြို့ရိုးပတ်လည်တွင် မြို့ ဝင်ပေါက်များ ဖောက်လုပ်ထားပါသည်။

ရှေးဟောင်းရာဇဝင်ကျမ်းများအရ မြို့ရိုးတွင် တံခါးကြီး ၃၂ပေါက် တံခါးငယ် ၃၃ပေါက်ရှိကြောင်းသိရပြီးယခုလက်ရှိမှာတူးဖော်ဖော်ထုတ်ထားသည့် တံခါးပေါက် ၁၀ ပေါက်ကို တွေ့ရနိုင်ပါသည်။ တံခါးပေါက်များအ နက် နဂါးတွန့်ပေါက်၊ နတ်ပေါက်၊လုလင်ကျော်ပေါက်တို့မှာ ထင်ရှားပါသည်။သရေခေတ္တရာမြို့ဟောင်းတွင် မြို့ဟောင်းတို့၏ အင်္ဂါရပ်များဖြစ်သော မြို့ရိုး၊ ကျုံးနှင့်အတူနန်းတော်ရာ၊ သာသနာ အဆောက်အဦးများ၊ ဘုရားစေတီပုထိုးများနှင့် ဗိဿနိုးမိဖုရားသင်္ချိုင်းရာကို ယခုတိုင်တွေ့ရှိနိုင်ပါသည်။

ထူးခြားထင်ရှားသော ဗုဒ္ဓသာသနိကအဆောက်အဦးများမှာဘောဘောကြီးစေတီ၊ဘုရားကြီးစေတီ၊ ဘုရားမာစေတီ၊ဘဲဘဲကြီးစေတီ၊ မြင်ဗာဟုစေတီ၊ လေးမျက်နှာဘုရား၊ မသီးကျကုန်း၊ဘုရားတောင်ဘုရား၊ရဟန္တာဂူတို့ ဖြစ်ပါသည်။ဘုရားစေတီများမှာယခုခေတ်မြင်တွေ့နေကျစေတီများကဲ့သို့ခေါင်းလောင်းပုံ၊ သပိတ်မှောက်၊ ဖေါင်းရစ်စသည်တို့ဖြင့် တန်ဆာ ဆင်ထားခြင်းမရှိဘဲ မဇ္ဈိမဒေသမှ ရှေးဟောင်းစေတီများပုံစံမှ ရွေ့လျောလာခြင်းဖြစ် မည်ဟု သမိုင်းပညာရှင်များက ယူဆကြပါသည်။

သရေခေတ္တရာမြို့ဟောင်းအား အပေါ်ယံလေ့လာခြင်းကိုကိုလိုနီခေတ်ဦးကပင် ပြုလုပ်ခဲ့ကြပြီး ၁၉၆၂ခုနှစ်မှစပြီးရှေးဟောင်းသုတေသနဌာနမှစနစ်သစ်ဖြင့် စတင်တူးဖော်ခဲ့ ရာ ယခုအချိန်ထိ ကုန်းပေါင်း ၅၆ ကုန်းအထိ တူးဖော်သုတေသနပြုခဲ့ပြီး ဖြစ်ပါသည်။တူးဖေါ်ရရှိသောပစ္စည်းများကိုအများပြည်သူများလေ့လာနိုင်ရန် သီရိခေတ္တရာပြ တိုက်၊ ပြည်ယဉ်ကျေးမှုပြတိုက်၊ ရန်ကုန်မြို့ အမျိုးသားပြတိုက်တို့တွင် ပြသထားပါသည်။

အဆို ပါကြွင်းကျန်ရစ်သော အဆောက်အအုံများ၊ တူးဖေါ်တွေ့ရှိခဲ့ရသော ရှေးဟောင်းပစ္စည်း များနှင့်တရုတ်ပြည်မှ သမိုင်းမှတ်တမ်းများအရသရေခေတ္တရာမြို့ဟောင်းသည် ရှေးပျူ တို့၏ မြို့တော်ဖြစ်ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ထားကြခြင်းဖြစ်ပါသည်။ဘာသာရေးအရ ပျူခေတ်တစ်လျှောက်လုံးတွင် ထေရဝါဒ ဗုဒ္ဓဘာသာကို အဓိက ယုံကြည်ကိုးကွယ်ခဲ့ပြီး မဟာယာနဗုဒ္ဓဘာသာလည်း ထွန်းကားခဲ့ပါသည်။

ရုပ်တုများ၊ ကျောက်ချပ်အထောက်အထားများအရ ထေရဝါဒဗုဒ္ဓဘာသာနှင့် မဟာယာနဗုဒ္ဓဘာသာတို့တစ်ပြိုင်တည်းထွန်းကားခဲ့ကြောင်းယူဆရသည်။ သရေ ခေတ္တရာတွင် ဗိဿနိုး ကိုးကွယ်မှု ဓလေ့ရှိကြောင်းလည်း တွေ့ရ၏။ဗိဿနိုးရုပ်တုများသည် မြန်မာနိုင်ငံတွင်အစောဆုံးတွေ့ရှိရခြင်းဖြစ်သည်။ပျူလူမျိုးများသည် သံမယ်နများ၊ သံတံခါးစောင့်နတ် ရုပ်များနှင့်ပတ်သက်၍လည်း ယုံကြည်မှုရှိခဲ့ကြသည်။ မြို့ကိုစောင့်ရှောက်ရန်အတွက်ဒွါရပါလတံခါးစောင့်နတ်ရုပ်များကို စိုက်ထူထားပါသည်။

သရေခေတ္တရာမြို့ဟောင်းသည် မည်သည့်ခုနှစ်တွင် တိမ်ကောပျက်စီးသွား ကြောင်း ခိုင်မာသော သက်သေအထောက်အထားများမရှိသေးပေ။မြန်မာရာဇဝင်အရသရေခေတ္တရာမင်းနေပြည်တော်သည် မင်းဆက်၂၅ဆက်မြောက်သုပညာနဂရဆိန္ဒမင်းလက်ထက်သာသနာနှစ် ၆၃၆ခုတွင်ပျက်စီးခြင်းသို့ ဆိုက်ရောက်ခဲ့သည်ဟု အဆိုရှိပေသည်။လက်ရှိတူးဖေါ်တွေ့ရှိချက်များမှလည်း သရေခေတ္တရာမြို့ ပျက်စီးခဲ့သော ခုနှစ်သက္ကရာဇ်ကို အတိအကျမသိရှိရသေးသော်လည်း အေဒီ ၈ ရာစုအထိ စည်ပင်ဝပြောခဲ့ပြီး အေဒီ ၉ ရာစုတွင် ပျက်စီးခဲ့သည်ဟု ကောက်ချက်ချထားကြကြောင်း သိရပါသည်။

crd