ဗဟုသုတ

တိရစ္ဆာန်ဖြစ်ပေမယ့်လည်း မိသားစု အပေါ် ကျေးဇူးရှိခဲ့လို့ ဆင်မကြီးရဲ့ နောက်ဆုံးခရီးမှာ ထိုင်ကန်တော့ခဲ့တဲ့ သူ

တိရစ္ဆာန်ဖြစ်ပေမယ့်လည်း မိသားစုအပေါ်ကျေးဇူးရှိခဲ့လို့နောက်ဆုံးခရီးမှာထိုင်ကန်တော့ခဲ့တဲ့အဖြစ်

မိမိတို့မိသားစု၏ကျေးဇူးရှင်ဆင်မကြီးမညွန့်ရီ ၃-၁-၂၀၂၂ ရက်နေ့တွင်ကွယ်လွန် သွားရှာလေပြီ။ ကျေးဇူးရှင်ဆင်မကြီးအား ဂါရဝထား ဦးခိုက်ရင်း ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်းဆုတောင်းလိုက်ပါ သည်။

ဆင်မကြီး မညွန့်ရီအား မိမိဘေးမဲ့ပေးထားသည်မှာ ငါးနှစ်ခန့်ရှိပြီ။ ဆင်မကြီးအားလိုရာကိုမောင်း၍မရနိုင်တော့သဖြင့် ဤသို့ပင်လွှတ်ထားခဲ့ရသည်။တောတောင်အနှံ့တွင် တောင်ယာများ စိုက်ခင်းများရှိရာ တစ်ချို့သတင်းလာပို့သဖြင့်မိမိ ထိုက်သင့် သလောက်လျှော်ပေးခဲ့သည်မှာ အကြိမ် ပေါင်း မနည်းတော့ပါ။

သို့သော် အချို့ကား ဖနောင့်ကိုလှီးခြင်း၊ ဆင်မကြီးအား ဒရကြမ်းမောင်းထုတ်စဉ် ခွါတစ်လုံးမှာယခင်ကပင်အနည်းငယ်ဟနေရာမှ စူးငြောင့်ခလုတ်ကျောက်များဖြင့် တိုက်မိပြီးသုံးလက်မခန့်ဟပြီးပိုးဝင်နေသည်ကိုတွေ့ရသည်။နောက်ခြေနှစ်ဘက်လုံးမဲသွားသည်ကိုကြည့်ခြင်းဖြင့်မေးခိုင်းပိုးဝင်သွားသည်ဟုယတိပြတ် ပြောဆိုနိုင်သည်။တောင်ယာ ခုတ်ခြင်းကို နိုင်ငံတော်မှခွင့်မပြု။ဆင်တွင် တရားဝင်လိုင်စင်ရှိသည်။ သို့သော်ဆင်းရဲ သားအများမှာတောင်ယာလုပ်ကိုင်စား သောက်ရသည်ကိုကိုယ်ချင်းစာမိပါသည်။

မသွားနိုင် မလာနိုင်ဘေးမဲ့ပေးထားသော ဆင်မကြီးကို မည်သူတွေက မညှာမတာညှင်းပန်းနိပ်စက်သည်ဆိုသည်ကိုသတင်းရရှိထားသည်။တစ်ခုပြောလိုသည်မှာ ခုလိုဘေးမဲ့ ပေးထားသည့် ဒုက္ခိတဆင်မကြီးအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်အတွက် ခင်ဗျားတို့လည်း တန်ုပြန်ခံရမည်ကတော့ မလွဲဘူး ကိုယ့်လူတို့။

Aung Kyaw Thein

ZAWGYI

တိရစ္ဆာန်ဖြစ်ပေမယ့်လည်း မိသားစု အပေါ် ကျေးဇူးရှိခဲ့လို့ နောက်ဆုံးခရီးမှာ ထိုင်ကန်တော့ခဲ့တဲ့ အဖြစ်

မိမိတို့မိသားစု၏ကျေးဇူးရှင်ဆင်မကြီး မညွန့်ရီ ၃-၁-၂၀၂၂ ရက်နေ့တွင်ကွယ်လွန် သွားရှာလေပြီ။ ကျေးဇူးရှင်ဆင်မကြီးအား ဂါရဝထား ဦးခိုက်ရင်း ကောင်းရာဘုံဘဝ ရောက်ပါစေကြောင်းဆုတောင်းလိုက်ပါ သည်။

ဆင်မကြီး မညွန့်ရီအား မိမိဘေးမဲ့ပေးထားသည်မှာ ငါးနှစ်ခန့်ရှိပြီ။ ဆင်မကြီးအားလိုရာကိုမောင်း၍မရနိုင်တော့သဖြင့် ဤသို့ပင်လွှတ်ထားခဲ့ရသည်။တောတောင်အနှံ့တွင် တောင်ယာများ စိုက်ခင်းများရှိရာ တစ်ချို့သတင်းလာပို့သဖြင့်မိမိ ထိုက်သင့် သလောက်လျှော်ပေးခဲ့သည်မှာ အကြိမ် ပေါင်း မနည်းတော့ပါ။

သို့သော် အချို့ကား ဖနောင့်ကိုလှီးခြင်း၊ ဆင်မကြီးအား ဒရကြမ်းမောင်းထုတ်စဉ် ခွါတစ်လုံးမှာယခင်ကပင်အနည်းငယ်ဟနေရာမှ စူးငြောင့်ခလုတ်ကျောက်များဖြင့် တိုက်မိပြီး သုံးလက်မခန့်ဟပြီး ပိုးဝင်နေသည်ကိုတွေ့ ရသည်။နောက်ခြေနှစ်ဘက်လုံးမဲသွားသည်ကို ကြည့်ခြင်းဖြင့် မေးခိုင်းပိုးဝင်သွားသည်ဟု ယတိပြတ် ပြောဆိုနိုင်သည်။တောင်ယာခုတ်ခြင်းကို နိုင်ငံတော်မှခွင့်မပြု။ဆင်တွင်တရားဝင်လိုင်စင်ရှိသည်။သို့သော်ဆင်းရဲသားအများမှာတောင်ယာလုပ်ကိုင်စား သောက်ရသည်ကိုကိုယ်ချင်းစာမိပါသည်။