Uncategorized ဗဟုသုတ

ခက်ခဲရင်နင့်ဖွယ် ကောင်းလှတဲ့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်

ခက်ခဲရင်နင့်ဖွယ် ကောင်းလှတဲ့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန် အနုပညာ သမားတွေ ဒီပုံလေးမြင်တော့ ပထမ ရီချင်မိသား နောက်တော့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲ ရင်နင့်ဖွယ်ကောင်းလှပါလားရယ်လို့ အတွေးရသွားမိပါတယ်ဗျာ

အသံမှာ စိန်အောင်မင်း ပြီးရင် အကောင်းဆုံးလို့သတ်မှတ်ခံခဲ့ရတဲ့ ပုလဲစိန်ဟာ ဘီအီးဒီအောင်သိုက် လူငယ်ကြည်ခိုင်တို့နဲ့တွဲပြီး လျမ်းလျမ်းတောက် အောင် မြင်ခဲ့ဖူးပါတယ် ဖိုးချစ်ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့ ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်းကြည့်တော့မှ “ပုလဲစိန်” တဲ့ ပြုစု ကုသဖို့ ဝိုင်းကျိုးစားကြပေမဲ့ ဆုံးပါးသွားခဲ့ရပါတယ်

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမယ့် မြို့မငြိမ်းဟာ ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရဖူးသတဲ့ ကားကိုအရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက်ကို ခေါင်းထိုးထည့်ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ် (မြို့မငြိမ်း)ပန်းရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲ သီချင်းတွေ ရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်ဟာ နွားတင်းကုတ်ထဲမှာ လူမသိဘဲ အသက်ဆုံးပါးခဲ့ရပါတယ်

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့ နာမည်ကြီး စတီဒီယိုသီချင်းပေါင်းများစွာကိုရေးစပ်ပေးခဲ့တဲ့ကိုလေးလွင်ဟာမိုးသဲနေတဲ့အချိန် တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ လဲနေခဲ့ပါတယ် လက်ထဲမှာခေါက်ဆွဲသုတ် ထုတ်ကလေးနဲ့တဲ့(နေမကောင်းတဲ့ကြားက သူ့သမီးစားချင်တယ်ဆိုလို့ သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ) ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမဲ့ အသက် မမှီတော့ပါဘူး..နာမည်ကသာ အနုပညာသမား ဒါပေမဲ့ သူတို့ဘဝတွေဟာ ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။

ZAWGYI

ခက်ခဲရင်နင့်ဖွယ်ကောင်းလှတဲ့အနုပညာသမားတွေရဲ့တတိယအရွယ်နေဝင်ချိန် အနုပညာသမားတွေ ဒီပုံလေးမြင်တော့ပထမရီချင်မိသားနောက်တော့ အနုပညာသမားတွေရဲ့ တတိယအရွယ် နေဝင်ချိန်ဟာ ခက်ခဲ ရင်နင့်ဖွယ်ကောင်းလှပါလားရယ်လို့ အတွေးရသွားမိပါတယ်ဗျာ

အသံမှာ စိန်အောင်မင်းပြီးရင် အကောင်းဆုံးလို့သတ်မှတ်ခံခဲ့ရတဲ့ပုလဲစိန်ဟာ ဘီအီးဒီအောင်သိုက် လူငယ်ကြည်ခိုင်တို့နဲ့တွဲပြီး လျမ်းလျမ်းတောက် အောင်မြင်ခဲ့ဖူးပါတယ် ဖိုးချစ်ကရာ ဇာတ်ရုံရဲ့ နဘေး ယာတောကတဲလေးမှာ လူတစ်ယောက် သေအံ့မူးမူး ဖြစ်နေလို့ ဇာတ်အဖွဲ့သား တစ်ယောက်သွားကြည့်ပြီး မေးစမ်းကြည့်တော့မှ “ပုလဲစိန်” တဲ့ ပြုစု ကုသဖို့ ဝိုင်းကျိုးစားကြပေမဲ့ ဆုံးပါးသွားခဲ့ရပါတယ်

တစ်ခေတ်မှာတစ်ယောက်လို့ ဆိုရမယ့် မြို့မငြိမ်းဟာ ရောင်စုံ ဒုတ်ထိုးရုပ်လေးတွေရောင်းပြီး ဝမ်းရေးအတွက် ဖြေရှင်းခဲ့ရဖူးသတဲ့ ကားကိုအရမ်းကြောက်တဲ့သူဟာ အုတ်သယ်ကားအောက်ကို ခေါင်းထိုးထည့်ပြီး မိမိကိုယ်ကို အဆုံးစီရင် သွားခဲ့ရှာပါတယ် (မြို့မငြိမ်း)ပန်းရည်ဘဏ်တိုက် ရွှေပုပ္ပါး ရုပ်သေးပွဲသီချင်းတွေ ရေးခဲ့တဲ့ ကံမြဲ ဦးအေးကျော်ဟာ နွားတင်းကုတ်ထဲမှာ လူမသိဘဲ အသက်ဆုံးပါးခဲ့ရပါတယ်..

ရေဒီယိုခေတ် ကာလပေါ်သီချင်းတွေကစလို့ နာမည်ကြီး စတီဒီယို သီချင်းပေါင်းများစွာကို ရေးစပ်ပေးခဲ့တဲ့ ကိုလေးလွင်ဟာ မိုးသဲနေတဲ့အချိန် တာမွေမီးသတ်ရှေ့က ပလက်ဖောင်းပေါ်မှာ လဲနေခဲ့ပါတယ် လက်ထဲမှာ ခေါက်ဆွဲသုတ် ထုတ်ကလေးနဲ့တဲ့ (နေမကောင်းတဲ့ကြားကသူ့သမီးစားချင်တယ်ဆိုလို့ သွားဝယ်ပေးရင်း အားပြတ်ပြီး လဲသွားခဲ့ရတာပါ)

ဘေးလူတွေက မေးစမ်းပြီး ဆေးရုံပို့ပေးကြပေမဲ့ အသက်မမှီတော့ပါဘူး.နာမည်ကသာ အနုပညာသမား ဒါပေမဲ့ သူတို့ဘဝတွေဟာ ရှင်သန်ဖို့ ခက်ခဲကြမ်းတမ်းလွန်းလှပါတယ်ဗျာ။

crd