News

“အုပ်ချုပ်ရေးအဖွဲ့ဝင် လုပ်..ကြံခံရလျှင် ကျပ် ၅ သိန်း ထောက်ပံ့မှု အစီအစဉ် ရပ်ဆိုင်းသွားပြီ”

ထက်ခေါင်လင်း၊ ဧရာဝတီတိုင်းမ်

ရန်ကုန်၊ ဇန်နဝါရီ ၆၊ ၂၀၂၂

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ယခင်က သတင်း ပေးဒလန်ဟု ဆိုပြီး ၎င်းတို့၏ လက်ဝေခံ ရပ်/ကျေးဆိုင် ရာ အုပ်ချုပ်ရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်သူများကို ပြည်သူ့ပျောက်ကျားတပ်ဖွဲ့များနှင့် မြေအောက်တော် လှန်ရေးသမားများက လုပ်ကြံသတ်ဖြတ်လျှင် ထောက်ပံ့ငွေကျပ် ၅ သိန်း ပေးအပ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ထိုအစီအမံများ ထောက်ပံ့မှု ရပ်တန့်သွားပြီဖြစ် ကြောင်း ၎င်းတို့ခန့်အပ်ထားသည့် ရပ်ကျေးဆိုင်ရာ အုပ် ချုပ်ရေးအဖွဲ့ဝင်တချို့၏ ပြောကြားချက်အရ သိရသည်။

ယခင် ဇူလိုင်လပိုင်းမှ စတင်ပြီး စစ်ကောင်စီ၏ အကြမ်း ဖက်လုပ်ရပ်များအပေါ် ဆန့်ကျင်သည့် မြေအောက်လှုပ်ရှားသည့် အဖွဲ့များသည် စစ်ကောင်စီကို သစ္စာခံပြီး သတင်းပေးနေသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ လုပ်ကြံခံရလျှင် ထောက်ပံ့ကြေးငွေအဖြစ် ကျပ် ၅ သိန်း ထောက်ပံ့ပေးခဲ့သော်လည်း ယခု ဒီဇင်ဘာ လ နောက်ပိုင်းမှ စတင်ပြီး ထိုကဲ့သို့ ထောက်ပံ့ပေးမှုအပေါ်ပြုလုပ်တော့ကြောင်း ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ် ချုပ်ရေးအဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။

”အခုတော့ သူတို့က အရင်က ဒလန်ဆိုပြီး ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေ၊ စာရေးတွေ၊ ရာအိမ်မှူးတွေ ဘယ်သူပဲ အသတ်ခံရ၊ ခံရ ထောက်ပံ့ငွေ ပေးတယ်။ အခုနောက် ပိုင်း မသိချင်ယောင်ဆောင်လာတယ်။ ဒလံဆိုပြီး သေသွားရင်တောင် ကျန်တဲ့ မိသားစုတွေကို ဘာမှပြန်မကြည့် တော့ဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကအစ နှစ်သိမ့်စကားတောင် လာပြောတာ မလုပ်တော့ဘူး” ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစတင်ပြီး ၁၀ ကျော်ကာလ အ တွင်း စစ်ကောင်စီက ခန့်အပ်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအပါအဝင် စစ်ကောင်စီအပေါ် သစ္စာခံ သတင်းပေးပြီး စစ်ကောင်စီအပေါ် ဆန့်ကျင် ဆန္ဒပြသူ လူငယ်များအများအပြား အဖမ်းခံရသဖြင့် ၎င်းတို့ကို လုပ်ကြံသတ်ဖြတ်ခဲ့ရာ သေဆုံးခဲ့သည့်ရပ်/ ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ဆယ်အိမ်မှူး အများအပြား ရှိနေပြီဖြစ်သည်။

ဇန်နဝါရီ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့က အာဏာသိမ်း စစ်ကောင်စီမှ ၎င်းတို့ကို သတင်းပေးသဖြင့် လုပ်ကြံသတ်ဖြတ်ခံရသူ ၉၆၀ ကျော်ကို ရဲဗလ ဆုတံဆိပ်ပေး အပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

#ရပ်/ ကျေး #အုပ်ချုပ်ရေးအဖွဲ့ #ထောက်ပံမှုရပ်ဆိုင်းထား #AyeyarwaddyTimes