Cele News

အိမ်လခမပေးနိုင်လို့ အထုပ်ဆွဲပြီး လမ်းဘေးထွက်နေရတော့မယ့် သားအမိနှစ်ယောက်ရဲ့ အဖြစ်ကို ကူညီကယ်တင်ပေးခဲ့တဲ့ မိုးစက်

လူရွှင်တော် မိုးစက်ကတော့ လူအများရဲ့လေးစားချစ်ခင်မှုတွေကို ယခုတလောမှာအပြည့်အဝရရှိခဲ့ထားပြီဖြစ်ပါတယ်။ယခုလိုအချိန်ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် မနည်း ရုန်းကန်လှုပ်ရှားနေရတဲ့ မိသားစုတွေကို သဒ္ဒါတရားထက်သန်လှတဲ့ ခုနှစ်ရက်သားသမီးတွေရဲ့စုပေါင်းကုသိုလ်ဖြင့် မိုးစက်က ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။ အခက်အခဲဖြစ်နေကြတဲ့ မိသားစုတွေကို တတ်နိုင်တဲ့ ဘက်ကနေ စားသောက်စရာလေးတွေအပြင် ငွေကြေးပါ ကူညီလှူဒါန်းပေးတာ တွေ့ရပါတယ်။

ဒီလို ကိုယ်အကျိုးကိုငဲ့ပြီး ပရဟိတအလုပ်တွေကို စိတ်ရောကိုယ်ပါ စွမ်းစွမ်းတမံလုပ်ဆောင်နေတာကြောင့် ပြည်သူတွေကလည်း လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ ယခုမှာလည်း မိုးစက်က လေးစားစရာ လုပ်ရပ်လေးကိုတစ်ခုကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ အိမ်လခမပေးနိုင်လို့အထုပ်ဆွဲပြီးလမ်းဘေးထွက်နေရတော့မယ့်အဖြစ်ကို ကြုံနေတဲ့ အသက် (၉၉) နှစ်အရွယ် နဲ့ အသက် (၆၉)နှစ်ရှိ သားအမိနှစ်ယောက်ကို ကူညီကယ်တင်ပေးခဲ့တာ ဖြစ်ပါတယ်။

အသက် (၆၉)နှစ်ရှိ သမီးဖြစ်သူက သားအမိနှစ်ယောက် စားဝတ်နေရေးအတွက် နေအိမ်တွေမှာ လိုက်လံအဝတ်လျှော်ဖွပ်ပြီးဘဝကိုခက်ခဲစွာရုန်းကန်နေရတာလို့ သိရပါတယ်။ လက်ရှိမှာတော့ အိမ်လခတောင် မပေးနိုင်တော့တဲ့ အဖြစ်ကို ကြုံတွေ့နေရတာကြောင့် လူရွှင်တော် မိုးစက်ကသွားရောက်တွေ့ဆုံပြီးအလှူငွေ (၁)သိန်းကျပ်ကို ဦးစွာလှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆင်းရဲဒုက္ခတွေရဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ယခုလို မိသားစုတွေကို ဒီထက်မက ကူညီလှူဒါန်းပေးနိုင်အောင် လူရွှင်တော်မိုးစက်ကို ဆုတောင်းမေတ္တာတွေပို့သပေးလိုက်ပါဦးနော်… ။

သတင်းအရင်းအမြစ်៖ Source – Moe Sat